စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်
ဘယ်သူပဲဖြစ်ဖြစ် ဘဝကို ဆင်းဆင်း ရဲရဲနဲ့ မကျော်ဖြတ် ချင်ကြပါဘူး။ ပြည့်ပြည့်စုံ စုံ၊ ချမ်းချမ်းသာသာနဲ့ ဘဝကို ကျော်ဖြတ်ချင် ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ဒါဟာလည်းလူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါနကုသိုလ်ပါ တဲ့သူတွေ လောက်သာ ဖြစ်နိုင်ကြတာပါ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ဘဝကို ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ ကျော်ဖြတ် သွားရအောင်ရဟန်းရော၊လူပုဂ္ဂိုလ်တွေပါ ဒါန ပြုဖို့ လိုတယ်လို့ ဟောကြားတော်မူခဲ့တာပါ။
ဒါနဆိုတာက မိမိလက်ထဲမှာရှိနေတဲ့ ပစ္စည်းဥစ္စာကို သူတစ်ပါး လက်ထဲ ထည့်ပေး လိုက်တာ၊ စွန့်ကြဲလိုက်တာကို ဒါနလို့ခေါ်ဆို ရတာပါ။ ကူညီတယ်၊ ထောက်ပံ့တယ်၊ ပံ့ပိုးတယ်၊ ပရဟိတလုပ်တယ် ဆိုတာတွေဟာ စကားလုံးအရ ကွဲနေတာပါ။ သဘောသက် ရောက်မှုကတော့ အတူတူပါပဲ။ ဒီတော့ဒါနတစ်ခုဖြစ်ဖို့အတွက် ဘာတွေ လိုအပ်သလဲ ဆိုရင် စေတနာ ရယ်၊ အလှူခံ ပစ္စည်းဝတ္ထုရယ်၊ အလှူခံပုဂ္ဂိုလ်ရယ်ဆိုပြီး တော့ အင်္ဂါသုံးမျိုးပြည့်စုံ နေရပါမယ်။ အလှူခံ ပုဂ္ဂိုလ်ဆို တာကတော့ တစ်ကျိပ်လေး(၁၄) ယောက်တောင်ရှိနေတာဆိုတော့ရှာရမ ခက်ပါ။ .........
အလှူခံပုဂ္ဂိုလ်ဆိုတာကတော့- ”၁။တိရစ္ဆာန်၂၊သီလမရှိသူပုထုဇဉ် ၃။သီလ ရှိသူပုထုဇဉ် ၄။စျာန်ရရသေ့ ၅။သောတာ ပန်ဖြစ်အောင်ကျင့်နေသူ ၆။သောတာ ပန်ပုဂ္ဂိုလ် ၇။သကဒါဂါမ်ဖြစ်အောင် ကျင့်နေသူ ၈။ သကဒါဂါမ်ပုဂ္ဂိုလ် ၉။ အနာဂါမ်ဖြစ်အောင်ကျင့် နေသူ ၁ဝ။ အနာဂါမ်ပုဂ္ဂိုလ် ၁၁။ ရဟန္တာဖြစ် အောင်ကျင့်နေသူ ၁၂။ရဟန္တာ ပုဂ္ဂိုလ် ၁၃။ ပစ္စေကဗုဒ္စါ။ ၁၄။ မြတ်စွာ ဘုရားရှင်”ဆိုပြီးတော့ တစ်ကျိပ်လေးယောက် ပါ။ .......
နောက်ပစ္စည်းဝတ္ထုဆိုတာကလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ်ရှိနေကြတာဆို တော့ မခက်လှပါဘူး။ ဒါနဖြစ်ဖို့ အင်္ဂါသုံးပါးထဲမှာ စေတနာ ဖြစ်ဖို့ကသာ အခက်ဆုံးပါ။ ဒါနဆိုတာ ကိုယ့် ပစ္စည်းဥစ္စာကို သူတစ်ပါးလက်ထဲရောက်အောင် အလကားပေး လိုက်ရတာမျိုးဆိုတော့ စေတနာမပါရင်ဒါနဖြစ်ဖို့မလွယ်ပါဘူး။စေတနာ ပါမှဖြစ်နိုင်တာပါ။ အကျိုးပေးတယ် ဆိုတာကလည်း အဲဒီစေတနာကပဲ ပေးသွားတာပါ။ ဒါကြောင့် ကိုယ့်ပစ္စည်းဥစ္စာကို သူတစ်ပါးလက်ထဲထည့် လှူရတယ်ဆိုပေမယ့် သဒ္ဓါ၊ မေတ္တာအားကောင်းဖို့လိုသလို စေတနာသုံး တန်ထက်သန်ဖို့ လည်းအထူးလိုအပ် ပါတယ်။
မလှူမီရလဒ်ကို တကယ်သိမြင်ပြီး ဝမ်း မြောက်ရွှင်လန်းနေရပါမယ်။ လှူစဉ်အခါမှာ လည်း စိတ်ကြည်လင်အေးမြနေရပါမယ်။ လှူပြီးတဲ့အခါမှာလည်း အောင်ပွဲ တစ်ခုကို ရရှိ လိုက်တာဖြစ်တဲ့အတွက် ဝမ်းသာအားရကျေ နပ်သွားရပါမယ်။ အဲဒီလို စေတနာသုံးတန် တစ်ပြေးညီ ထက်သန်နေမှ အကျိုးပေးတဲ့ နေရာမှာလည်း အကွက်စေ့အောင် အကျိုးပေးသွားမှာပါ။ ပစ္စည်းရဲ့အနှစ်ကိုလည်း ကျေနပ်အောင် အပြည့်အဝရလိမ့်မယ်။ အောင်မြင်တဲ့ဒါန လည်းဖြစ်သွားမှာပါ။ လက်ထဲက လွှတ် လိုက်ရုံနဲ့ ဒါနဖြစ်တာ မဟုတ်ပါဘူး။
စေတနာစွမ်းအားပါမှ ဒါန လို့ခေါ်ဆိုရပါတယ်။ ဒီစေတနာပါမှဒါနဖြစ်တယ် ဆိုတဲ့အ ကြောင်းလေးနဲ့ပတ်သက်ပြီးတော့ ပုံပြင်လေး တစ်ပုဒ်ကိုသတိရ မိပါတယ်။ပုံပြင်လေးက ဒီလိုပါ။ တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင် မတန်မှ ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးကြီးနှစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီသူဋ္ဌေးနှစ်ဦး ဟာ ငယ်သူ ငယ်ချင်းတွေ ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်မှ ချစ်ခင်ကြသတဲ့။ ဒါပေမဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူ ကြပါဘူး။
သူဌေးတစ်ယောက်က ဂုဏ်ပကာ သနတွေကို ခင်မင်ပြီး အလွန်ကြွား ဝါချင်ပါတယ်။စေတနာ၊ သဒ္ဓါမပါဘဲ နာမည်ကောင်း ရအောင်ဆိုပြီး အလွန်အကျွံ အလှူအတန်း လုပ်ပါတယ်။ ကျန်သူဌေးတစ်ယောက်က တော့လှူသင့်သလောက်လှူ၊ စားသင့်သလောက် စားပြီးရိုးရိုးအေးအေးပဲ နေထိုင်ပါသတဲ့။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာ လာတဲ့ အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်းအများ ကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်း ဥစ္စာတွေဆုံးပါးပြီး ဆင်းရဲသွားပါသတဲ့။
ဒါနဲ့ ဆင်းရဲ သွားတဲ့ သူဌေးဟာ သူ့မှာဘာမျှ ရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူပြု လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုပဲ သူ ငယ်ချင်းသူဌေးထံရောင်းချတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဇနီးဖြစ်သူ ကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဌေးထံ ထွက်လာခဲ့ပါတယ်။ အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ် ဇရပ်တစ်ခုမှာ အမောအပန်းဖြေကာ ပါလာ တဲ့ထမင်းထုပ်ကို စားမယ်ဆိုပြီးဖြေလိုက်ပါ တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်လေးမို့ နှစ်ယောက်ဝေမျှပြီးစားရပါတယ်။
အဲဒီအခိုက်မှာ ခွေးပိန်လေး တစ်ကောင်ဟာ ယိုင် တိယိုင်ထိုးနဲ့ ဇရပ်အနားကပ်လာသတဲ့။ အဲဒီ အခါမှာထမင်းစားနေတဲ့သူဌေး ဆင်းရဲသား က”ရှင်မရယ်ကြည့် စမ်းပါဦး၊ ခွေးပိန်လေးဟာ အစာမစား ရတာကြာလို့လမ်းကောင်း ကောင်းမလျှောက်နိုင်တာနဲ့တူပါရဲ့။ သနား စရာလေးကွာ၊ အခုတို့ စားနေတဲ့ထမင်းထုပ်ကို ခွေးကလေးကျွေးလိုက်ရအောင်” လို့ ဇနီးဖြစ် သူကိုပြောလိုက် ပါတယ်။ ဇနီးဖြစ်သူကလည်း သဘောကြည်ဖြူ စွာပဲသူတို့စားမယ့်ထမင်းထုပ် ကို”ခွေးပိန်က လေးဝအောင်စားပါစေ”ဆိုတဲ့စေတနာနဲ့ အကုန်လုံးချကျွေး လိုက်ပါတယ်။
သူတို့နှစ်ယောက်ကတော့ ဇရပ်ဘေးနားက ရေအိုးစင်မှာ ရေအဝခပ်သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။ ဒီလိုနဲ့ သူငယ်ချင်းသူဌေးထံ သူတို့ဇနီး မောင်နှံ ရောက်သွားတဲ့ အခါ သူငယ်ချင်းသူဌေးကို ဆင်းရဲသွားတဲ့သူဌေးက”ငါတို့ပြုထား တဲ့ ကောင်းမှုကုသိုလ်တွေကို ရောင်းချဖို့ သူ ငယ်ချင်းထံလာခဲ့တာပဲ။ သဘောတူ ဝယ်ယူ မယ်ဆိုရင် တစ်ဘဝလုံးပြုထားတဲ့ ကုသိုလ် အကုန်ရောင်းခဲ့မှာ”လို့ပြောပြသတဲ့။
အဲဒီအခါမှာ သူငယ်ချင်းသူဌေးက လည်း ဝမ်းသာအားရနဲ့ ”ရောင်းသမျှ ကုသိုလ် ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျ”လို့ဆိုလိုက်ကာ တစ်ဘဝလုံးပြုထားတဲ့ ကုသိုလ်ကောင်းမှုများ ကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာ အရင်းမခံဘဲ ဂုဏ်ပကာ သနကိုလိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေ ဖြစ်တာမို့လေးတယ်လို့မရှိဘဲငွေဘက်ကပဲအမြဲ အလေးသာနေသတဲ့။ကျောင်းကုသိုလ်၊ ဇရပ် ကုသိုလ်၊ရေကန်ကုသိုလ် ဘာကုသိုလ်ပဲထည့် ထည့်ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကပဲ အလေးသာနေပါတယ်။
ဒီလိုနဲ့ တစ်ဘဝလုံးပြုခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေချပြီး ချိန်ကြည့် လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန်ကတော့ တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ ငွေသားက လည်း မဖြစ်စလောက်(၁) ပိဿာ ပဲရှိသတဲ့။ ဒါတောင် ကုသိုလ်က မနိုင်ဘူးဖြစ်နေတယ်။
အဲဒီအခါ ကုသိုလ်ဝယ်မယ့် သူဋ္ဌေးက ”ဟင်၊ သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါ ဦး”လို့ပြောတော့ ဆင်းရဲသား သူဋ္ဌေးကလည်း ခေါင်းကုတ်ပြီးစဉ်းစားလိုက်တာ နောက်ဆုံး လမ်းခရီးမှာ ခွေးပိန်လေး တစ်ကောင်ကို ထမင်းတစ်နပ် အငတ်ခံပြီးတော့ကျွေးခဲ့ တဲ့ ကုသိုလ်ကပေါ်လာပါတယ်။ အဲဒါနဲ့ သူဋ္ဌေးဆင်းရဲသားလည်း ”ဟာ-သူငယ်ချင်း၊ တို့လင်မယား အခု မင်းဆီ လာတုန်း ကလမ်းမှာခွေးပိန် ကလေးကိုထမင်း ကျွေးခဲ့တဲ့ကုသိုလ် ကျန်နေသေးတယ်။
အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါ”လို့ ဝမ်းသာအားရပြောပြ လိုက်ပါတယ်။ အဲဒီအခါ ငတ်သေလုဆဲ ခွေးပိန်က လေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဟာ အနှစ်သာရ အပြည့်အဝပါတာ မို့ ကုသိုလ်ဘက်က အလေးသာပါသတဲ့။ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးက လည်းသူပိုင်ငွေသား တွေသာမကရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲအလေးသာနေတယ်။
နောက်ဆုံး သူပိုင်ဆိုင် သမျှ ဥစ္စာဓနတွေ အကုန်လုံးပုံ ထည့်ပေးတာတောင်မှ ခွေးပိန် ကလေးကိုထမင်းကျွေးခဲ့တဲ့ကုသိုလ် ဘက် ကပဲ အလေးသာနေတော့ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးက”ကဲ-သူငယ်ချင်း၊ ငါ့စည်းစိမ်တော့ ကုန်ပြီ၊ ငါ့အတွက်ပစ္စည်း တစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက် အတွက် ငါ့ပစ္စည်းတစ် ဝက်ကိုသာယူသွားပေတော့”လို့ဆိုပြီးကုသိုလ် တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာဓန တစ်ဝက် ကို ဆင်းရဲသွားတဲ့ သူဋ္ဌေးအား ခွဲဝေပေးလိုက်ပါသတဲ့။
ပြီးတဲ့အခါမှာတော့”သူငယ်ချင်း၊ နောက် ဆိုရင် သဘောပေါက်၊ စေတနာရှိမှ လှူပါ ကွာ၊ ဂုဏ်ပကာသနကို မမက်မောပါနဲ့။ ဂုဏ်ပကာသနကို မက်ရင်၊ မောရတယ်။ ပျော်ရုံ သက်သက်ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ် ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမှ မဖြစ်ထွန်းပါဘူး။ အသိဥာဏ်နဲ့ယှဉ်ပြီး ကုသိုလ် ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ် ခဲတည်းအကျိုးပေးပါတယ်”လို့သတိပေး စကားလည်း ပြော ကြားလိုက်ပါသေးသတဲ့။ ပုံပြင်လေးကတော့ဒါပါပဲ။
ဒီပုံပြင်လေးဟာ နည်းနည်း ဒဏ္ဍာရီ ဆန်ပေမယ့် တကယ့်ဘဝက လူသားတွေကို တော့ ထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒါန ကောင်းမှုပြုလုပ် တဲ့အခါ စေတနာဒါန၊ ဝတ္ထု ဒါနနှစ်မျိုးမှာ စေတနာဒါနကသာ ပိုပြီး ပဓာ နကျပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံ ညောင်စေ့ ကလေးလောက် လှူပြီး ညောင်ပင် ကြီး လောက် အကျိုးရတာတွေရှိသလို၊ ညောင်ပင်ကြီးလောက် လှူဒါန်းပြီး ညောင်စေ့လေးလောက်ပဲ အကျိုးရတာတွေလည်း ရှိတတ်ပါတယ်။
ဒါဟာ စေတနာတရားက ခွဲပေးလိုက်တာပါပဲ။ ဒီနေ့မှာပညာရှိသူတော်စင်များ အလှူ ဒါနပြုလုပ်တဲ့အခါမှာ မူ(၅)မျိုး ချမှတ်ပြီးတော့လှူဒါန်းပုံလေးကို ရေးပြလိုက်ပါတယ်။ ဗဟုသုတ အဖြစ် မှတ်ထားလိုက်ပါဦး။ ပညာရှိသူတော်စင်များဟာ အလှူဒါန ပြုလုပ်တဲ့အခါမှာ မူ(၅)မျိုး ချမှတ်ပြီးတော့ လှူဒါန်းလေ့ရှိကြပါတယ်တဲ့။
ဘယ်လိုမူ(၅) မျိုးချပြီး လှူဒါန်း သလဲဆိုတော့-
၁။ သဒ္ဓါတရားထက်သန်စွာနဲ့ ယုံယုံကြည် ကြည်လှူပါတယ်။
၂။ ပစ္စည်းဥစ္စာကိုလည်း သန့်သန့်ရှင်းရှင်းထား၊ အလှူခံပုဂ္ဂိုလ်ကိုလည်း လေးစားပြီး ရိုရိုသေ သေလှူပါတယ်။
၃။ လိုအပ်တဲ့အခါလိုအပ်တာကိုလှူပါ တယ်။
၄။ အလှူခံပုဂ္ဂိုလ်နဲ့ အလှူဝတ္ထုပစ္စည်းအပေါ် မငြိကပ်၊ မတွယ်တာဘဲ လွတ်လွတ်ကျွတ် ကျွတ်၊ ပြတ်ပြတ်သားသားလှူပါတယ်။
၅။ မိမိနဲ့သူတစ်ပါးကို မထိပါး၊ မပုတ်ခတ်ဘဲ လှူတယ်။ အပြိုင်အဆိုင်စိတ်မျိုးနဲ့ မလှူဘဲ၊ ပစ္စည်းဝတ္ထုရဲ့အနှစ်ကို ထုတ်ယူတဲ့အနေနဲ့ပဲ လှူဒါန်းပါတယ်။ ပညာရှိ သူတော်စင်များ ချမှတ်ပြီး လှူတဲ့မူ(၅)မျိုးပါ။
ကဲ-စာဖတ်သူ၊ စာဖတ်သူလည်း အလှူ ဒါနတစ်ခု ပြုလုပ်တဲ့အခါမှာ နာမည်ကောင်း ရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ၊ စေ တနာ၊ ပညာ ပြည့်ဝရေးကိုသာ အထူးဂရုပြု ပြီး လှူဒါန်းပေါ့နော်။
ဆောင်းပါးလေးကို ယောဆရာတော်ရဲ့ ”ဒါနအကျိုး ငါးမျိုး”လင်္ကာလေးနဲ့ နိဂုံးချုပ် လိုက်ပါတယ်။
ဒါနပြုသူ၊ ချစ်ခင်သူ၊ ပြောထူပြည့်ဝသည်။
ငြိမ်သက်ကြည်လင်၊ ပညာရှင်၊ ထွက်ဝင် ချည်းကပ်၊ ကြုံရသည်။
ကောင်းသတင်းများ၊ လွန်ကျော်ကြား၊ ပြန့်ပွားရလေသည်။
ကိုယ်ကျင့်တရား၊ မကင်းငြား၊ ခန့်ညား ထည်ဝါသည်။
သေပြီးသည့်နောက်၊ ကောင်းရာရောက်၊ စားသောက်သုံးဆောင် ပြည့်စုံသည်။
အရှင်သုမနသာရ (ဖြူး)
#Credit yatanavasatemplen.ing.
Comments
Post a Comment