Posts

Showing posts from February, 2020

လယ်သမားနဲ့ နာရီ ပုံပြင်

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်၀ယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။ သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။ ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေး၀င်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။ ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေး၀င်သွားပြီး...

ခြင်းတောင်းထဲက ကြက်

ခြင်းတောင်းထဲက ကြက်(ရုရှားပုံပြင်) တစ်ခါက ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက...

ဦးနှောက်မရှိတဲ့လူ

ဦးနှောက်မရှိတဲ့လူ( အီစွတ်ပုံပြင် ) တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲမှာ ခြင်္သေ့အိုကြီး တစ်ကောင်ရှိတယ်။ တောရဲ့ဘုရင်ပဲဆိုပါတော့။ သူဟာ ငယ်ရွယ်စဉ် ကတော့ အားကောင်းမောင်းသန်မို့ တစ်တောလုံး တစ်တောင်လုံး ထင်ရာစိုင်းနိုင်တဲ့ အင်အားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက် အရွယ် ကလည်း ကြီးရင့်လာတာနဲ့အမျှ ဇရာကြောင့် အရင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင် တော့ဘူး။ ဒီအထဲ အကျိုး အကြောင်း အမျိုးမျိုးအရ နာမကျန်း ဖြစ်လာတဲ့အခါ ပိုဆိုးတော့တာ ပေါ့။ သူအားကောင်း မောင်းသန်နဲ့ လှုပ်ရှားနိုင်တုန်းက သူ့ဘေး မှာ ညာဝါး စားသောက်နေတဲ့ အကောင်တွေလည်း အနားမှာ မရှိ တော့ဘူး။ အိုနာကျိုးကန်း မြေခွေး တစ်ကောင်ပဲ ကျန်တော့တယ်။ နာမကျန်းဖြစ်နေတဲ့ ခြင်္သေ့အိုကြီးမှာဆန္ဒတစ်ခုရှိတယ်။ အဲဒါကတော့ ဒရယ်တစ်ကောင်ရဲ့အသည်းနှလုံးနဲ့ ဦးနှောက်ကို စားသောက် လိုက်ရရင် သူ့ရောဂါသက်သာပြီး ကျန်းမာလာလိမ့်မယ်လို့ ယုံကြည်နေတာပဲ။ ဒါကြောင့် မလှမ်းမကမ်းမှာရှိတဲ့ သူ့ တပည့်မြေခွေး ကိုခေါ်ပြီး ဒီလိုပြော တယ်။ 'တပည့်ကြီး ငါ နေကောင်း ကျန်းမာလာဖို့အတွက် ဒရယ်ရဲ့နှလုံးနဲ့ ဦးနှောက်ကို စားရမှဖြစ်လိမ့်မယ်။ အဲဒါဟာ ငါ့ရဲ့ ဓာတ်စာပဲ။ မင်းက ငါ့ရဲ့ငယ်မွေး ခြံပေါက်ပီပီ တောစပ်မှ...

ငါးရှဉ့် ပုံပြင်

ငါးရှဉ့် ပုံပြင်(ဂျပန်ရိုးရာပုံပြင်) ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဉ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ငါးရှဉ့်တွေဟာကမ်းမကပ်ခင် သေကုန်ကြတယ်။ဒါပေမယ့်တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဉ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲစျေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဉ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။ အဲဒီလျှို့ဝှက်ချက်ကတံငါသည်ဟာ လှေဝမ်းထဲမှာငါးခူးတစ်ချို့ထည့်ထားပြီးဖမ်းရတဲ့ငါးရှဉ့်ကိုငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဉ့်ကမဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဉ့်ရဲ့"အသက်ရှင်ရေး"ဆိုတဲ့သဘာဝစိတ်ကအပြန်အလှန်တိုက်ခိုက်မှုအောက်မှာအလိုအလျှောက်ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။ တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင...

ဖိုးသူတော်ပြောသော ပုံပြင်

ဖိုးသူတော်ပြောသော ပုံပြင် "တစ်လုပ်စားဘူးသူ့ကျေးဇူး" ဆိုတဲ့ စကားရှိတယ်မလား . . . ဘယ်လောက်ပဲ အသေးအဖွဲလေးပဲဖြစ်ဖြစ်. . . ကိုယ့်ကို ကောင်းကျိုးပြုဖူးရင် ဒါ ဟာ ကျေးဇူးပဲ. . . နောက်ပြီးတော့ ကျေးဇူးဆိုတာပြန်ဆပ်ကောင်းပါတယ် ဒါနဲ့ပတ်သက်ပြီး ဒီပုံပြင်လေးကို တစ်ခုရှိုပါတယ်. . . ဒီပုံပြင်လေးကတော့ ကျေးဇူးသေးသေးလေးတွေကို လိုက်ဆပ်ရတဲ့ မိန်းမကြီး တစ်ယောက်အကြောင်းပါ. . . အဲဒီမိန်းမကြီး နာမည်က ဒေါ်ကျေးဇူးလို့ပဲ ထားလိုက်ပါတော့ . . . သူက သူများကျေးဇူးကို သိပ်ပြီး သိတတ်တာကိုး . . . ဒေါ်ကျေးဇူးက မုန့်ဟင်းခါးချက်တဲ့နေရာမှာ နာမည်ကြီးပဲတဲ့ . . . သူတို့နေတဲ့ ရွာနဲ့ အနီးပတ်၀န်းကျင် ရွာတန်းရှည် တစ်လျှောက်လုံးမှာ အလှူမှာ ရှိပြီဆိုရင် ဒေါ်ကျေးဇူးက လိုက်ပြီး မုန့်ဟင်းခါးချက်ပေးနေကျပါ. . . . မုန့်ဟင်းခါးချက်ရင်လည်း အားလုံး အစအဆုံးကို သူ့လက်သူ့ခြေလုပ်ရမှ စိတ်တိုင်းကျတာ ဒီတော့ သူတစ်ယောက်တည်း ပင်ပန်းတာပေါ. . . ဒါပေမယ့် သူ့လက်ရာကိုစားပြီးရင် တသသ ဖြစ်သွားရတာကြီးပါပဲ. . . ဒီလိုနဲ့တစ်နေ့တော့ ဒေါ်ကျေးဇူး နေမကောင်းဖြစ်ပါလေရော . . . . ကျောက်ကပ် အားနည်းတဲ့ရောဂါဖြစ်ပြီး ခြေလက်တွေမသယ်နိုင်လို့ အိပ်ရာထဲဗုန်းဗုန်း လဲတ...

သာလိကာ ပုံပြင်

ကြက်တူရွေးတို့၊ သာလိကာတို့တောင်မှ နေ့တိုင်းကြားရ၊ သင်ရတာတွေကိုအလွတ်ရွတ်ဆိုနိုင်သေးတာဘဲ။ က်ြတူရွေးတို့၊ သာလိကာတို့ဆိုတာကတော့ ကိုယ်ပိုင်ဥာဏ်မရှိဘူး။ သူများသင်ပေးတာဘဲ သံယောင်လိုက်တတ်တာ။ နိုင်ငံရပ်ခြားဟာသတွေထဲမှာ ကျွန်တော်ကြိုက်တဲ့ သာလိကာပုံပြင်တစ်ခုရှိတာပြန်ပြောချင်တယ်။ စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ နိုင်ငံတစ်ခုမှာပေါ့။ မွေးမြူရေးခြံပိုင်ရှင်တစ်ယောက်က ကဖေးဆိုင်ကလေးတစ်ခု ဖွင့်ထားတာရှိသတဲ့။ ဆိုင်ပိုင်ရှင်က သာလိကာကြီးတစ်ကောင်လည်းမွေးထားတယ်။ကဖေးဆိုင်လေးကိုလာပြီး အားပေးကြတဲ့သူတွေက ကောင်တာအနီးက သစ်သားတန်းတစ်ခုပေါ်မှာနားပြီး ဆိုင်ထဲကလူတွေကို ပေစောင်းစောင်းနဲ့ကြည့်နေတတ်တဲ့ သာလိကာကြီးရဲ့ခေါင်းကို လက်နဲ့(ကျီစယ်တဲ့သဘော) ပုတ်တယ်။ သာလိကာကြီးလည်း တစ်ယောက်ယောက်က သူ့ခေါင်းကိုပုတ်ရင်“ဂျို (ချို)ကုပ်ကြီးသေပါစေ” လို့ အော်တယ်။ သာလိကာကြီးက အသံသြကြီးနဲ့ ဂျိုကုပ်ကြီးသေပါစေလို့ အော်တာကိုလူတွေက သဘောကျတော့ ခဏခဏ သာလိကာကြီးခေါင်းကို ပုတ်တော့တာပေါ့။ ဂျိုကုပ်ကြီးသေပါစေ ဆိုတဲ့အသံကို အချိန်ပြည့်လိုလို ကြားနေကြတော့တာ။ဒီလိုနဲ့ အဲဒီ့သတင်းက စစ်ထောက်လှန်းရေးတွေနားကို ပေါက်ကြားသွားတော့ တာပေါ့။ စစ်ထောက်လှန်းရေးတွေက လူ...

မျောက်ကုန်သည်

တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။ ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။ ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။ ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။ မျောက်တစ်ကောင် ၁၀,၀၀၀ ဖြင့်ဝယ်မည်ဟု။ ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။ မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။ ထိုလူလည်း ဆက်ဝယ်မည်ဆို၏။ စျေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။ နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။ မြောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။ ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။ "ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့ ကျွန်တော် ဂွင်တစ်ခုပေးမယ်။ ကျွန်တော့် ဆရာဝယ်ထားတဲ့မျောက်တွေ တွေ့တယ်မဟုတ်လား။ ကျွန်တ...

သင် သေသွားခဲ့သော်......

.... တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာပြီး လောဘကြီးတဲ့ လယ်ပိုင်ရှင်ကြီး တစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သူ့ထက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က လယ်ပိုင်ရှင်ကြီးကို ငါပိုင်တဲ့ မြေတွေထဲမှာ မနက်ကနေစပြီး လမ်းလျှောက်သွားလို့ ညနေ နေ၀င်ချိန်မှာ စလျှောက်သွားတဲ့ နေရာကို ရောက်အောင် ပြန်လာနိုင်တဲ့ မင်း လျှောက်နိုင်သလာက် မြေကြီးကို ငါပေးမယ်လို့ ပြောပါတယ်.. ဒါနဲ့ လောဘကြီးတဲ့ မြေပိုင်ရှင်ကြီးကလဲ သူ့မှာ မြေတွေအများကြီး ရှိနေပါရက်နဲ့ မတော် လောဘတက်ပြီး အလကား လိုချင်တော့ မနက် စောစောထပြီး အဲဒီမြေနေရာကို သွားပါတယ်.. ပြီးတော့ စမှတ်တစ်ခုကို မှတ်သားထားပြီး ၄င်းနေရာကနေ လမ်းစ လျှောက် ပါတယ်.. ဖြေးဖြေး လျှောက်ရင် နေရာများများ မရမှာ စိုးတဲ့အတွက် လယ်ပိုင်ရှင်ကြီးဟာ အပြေးတစ်ပိုင်း လမ်းလျှောက် ပါတယ်.. မြန်နိုင်သမျှ မြန်မြန် လျှောက်ပါတယ်.. သူဟာ မောပန်းလွန်းနေပြီ ဖြစ်သော်လည်း အနားယူဖို့၊ ရပ်တန့် ပစ်လိုက်ဖို့ စိတ်ကူး မရှိပါဘူး.. သူ့ဘ၀မှာ အခုထက် ပိုပြီး ကြွယ်၀ ချမ်းသာလာဖို့ ဒီတစ်ခါသာရတဲ့ အခွင့်အရေးကို လက်လွတ် မခံချင်တဲ့အတွက် မရပ်မနား လျှောက်နေဆဲပါ….. နေ့လည်စောင်းလာတော့ သူ့ကိုယ်သူ ခရီးတော်တော်များများ ပေါက်ခဲ့ပြီ ဆိုတာ သဘောပေါ...

သစ်သားဇလုံလေး

......... တစ်ခါက အသက်အရွယ်အိုမင်းလှပြီဖြစ်တဲ့ အဖိုးအိုတစ်ဦးဟာ သူရဲ့သား၊ ချွေးမ၊ လေးနှစ်အရွယ် မြေး တို့နဲ့ တစ်အိမ်ထဲမှာ အတူတူ နေပါတယ် .. အဖိုးအိုဟာ အသက်လဲကြီးပြီဖြစ်လို့ မျက်စိတွေ မှုန်ဝါးနေပါပြီ... ပြီးတော့ သူရဲ့လက်တွေဟာ တုန်တုန်ရီရီ ဖြစ်နေပြီး ဘာကိုမှ မြဲမြံအောင် ကိုင်နိုင်စွမ်း မရှိနိုင်တော့ဘဲ... လမ်းလျှောက်ပြန်တော့လဲ သူ့ကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်စွမ်း မရှိ တော့ပါဘူး... အဖိုးအိုဟာ အိမ်သားတွေနဲ့ ညတိုင်း ထမင်းအတူတူ စားလေ့ရှိပါတယ်.. ဒါပေမဲ့ သူ့ခြေအနေကြောင့် အဖိုးအိုဟာ ထမင်းစားသောက်တဲ့အခါမှာ အခက်အခဲ အများကြီး ဖြစ်ရပါတယ်.. မှုန်ဝေသီနေတဲ့ သူ့မျက်လုံးတွေနဲ့ တုန်ရီ နေတဲ့ သူ့လက်တွေကြောင့် သူကိုင်ထားတဲ့ ဇွန်းထဲက ပဲလုံးတွေ ဟင်းတွေဟာ ကြမ်းပြင်ပေါ်ကို အမြဲတမ်း ပြုတ်ကျကုန်လေ့ ရှိပါတယ်... နွားနို့သောက်ပြန်တော့လဲ နွားနို့တွေဟာ စားပွဲပေါ်ကို ဖိတ်ကျကုန်တဲ့ အတွက် စားပွဲခင်းတွေ စွန်းထင်း ညစ်ပတ် ကုန်ပါတယ်.... ထမင်းအတူတူ စားသောက်နေတဲ့ သူ့သားနဲ့ ချွေးမဟာ အဖိုးအိုရဲ့အဖြစ်ကို ကြည့်ပြီး ကရုဏာသက်ရမဲ့အစား စိတ်ရှုပ်ပြီး အနှောက်အယှက် ဖြစ်လာတယ်လို့ ခံစားရပါတယ်.. ငါတို့တော့ အဖေနဲ့ပါတ်သက်ပြီး တစ်ခုခု လုပ်မှဖြစ...

ပိရိအောင်မလိမ်တတ်သူ

ပိရိအောင်မလိမ်တတ်သူ ........ လှေသဘောင်္တွေနဲ့ ခရီးသွားသူတို့ဟာခွေးတွေမျောက်တွေကို ခေါ်သွားလေ့ရှိတယ် ။ ကြာရှည်လှတဲ့ ရေလမ်းခရီး တစ်လျှောက်မျာ အပျင်းဖြေအချိန်ကုန်လွန်စေဖို့တဲ့ ။ ခရီးသွားတစ်ယောက်ကတော့ မျောက်ကိုခေါ်ခဲ့တယ် ။ အာတိတ်ကမ်းခြေမှာရှိတဲ့ ဆူနီအမ် အငူက ထွက်လာရင်ပဲ ပြင်းထန်တဲ့မုန်တိုင်းကြီးကျပါလေရော။ မုန်တိုင်းဒဏ်ကြောင့် လှေလည်း မှောက်သါားတယ် ။ ဒီတော့ လူတွေရေထဲကျကုန်တယ် ။ခုနကမျောက်လည်းကျသွားတာပေါ့ ။ သူတို့ ဟာတွယ်စရာတစ်ခုကိုဖက်ပြီး ပင်လယ်ထဲ မျောနေတာပေါ့ ။ လင်းပိုင်ငါးဟာ မျောက်ကို လူထင်မှတ်ပြီး သူ့ကျောပေါ်တင်ကာ ကမ်းဆီကယ်ဆယ်သွားတယ်။ အေသင်ပြည် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုင်ရီအပ်စစ် ကိုလည်း ရောက်ရော လင်းပိုင်ငါးက " ခင်ဗျားဟာ အေသင်ပြည်သားလား " လို့မေးပါတယ်။ မျောက်ကလည်း ဟုတ်ပါတယ် လို့ပြန်ဖြေလိုက်တယ် ။ဒါတင်မက ဘူး ကျွန်တော့် မိဘတွေ ဟာအေသင်ပြည်မှာ အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါ လို့ ထပ်ပြောလိုက်သေးတယ် ။ " ပိုင်ရီအပ်စ် ကိုသိပါသလား " လို့မေးတယ် ။မျောက်က ပိုင်ရီအပ်စ်ဆိုတာ လူနာမည်ဖြစ်လိမ့်မယ်လို့ထင်နေတာကိုး ။ ဒါကြောင့် ပိုင်ရီအပ်စ်ကို ကောင်းကောင်းသိတဲ့ အကြောင်း၊ ပိုင်ရ...

အဖိုးတန်လှပတဲ့ ပုလဲ

ဟိုးရှေးရှေးတုန်းက ကမာကောင်မွေးသူတစ်ယောက်ဟာ အလှဆုံး အကြီးဆုံး ပုလဲတစ်လုံးပျိုးဖို့ စိတ်ကူးလိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ်သွားပြီး သဲရွေးခဲ့တယ်။ သဲတစ်ပွင့်ရွေးတိုင်း သဲတွေကို ပုလဲဖြစ်ချင်၊ မဖြစ်ချင် သူမေးခဲ့တယ်။ အမေးခံရတဲ့ သဲတိုင်းက ပုလဲမဖြစ်ချင်ကြောင်း ခေါင်းခါငြင်းဆန်ကြတယ်။ ကမာကောင်မွေးသူဟာ မနက်ကနေ ညနေအထိရွေးခဲ့ပေမယ့် ပုလဲဖြစ်ချင်တဲ့သဲတစ်ပွင့်တောင် မတွေ့ခဲ့ဘူး။ သူ မျှော်လင့်ချက်မဲ့နေချိန်မှာ သဲတစ်ပွင့်က ပုလဲဖြစ်ချင်တယ်လို့ဆိုလာတယ်။ ပုလဲဖြစ်ချင်တဲ့သဲပွင့်ကို ဘေးက ကျန်တဲ့သဲတွေက လှောင်ရယ်ကြတယ်။ သဲပွင့်ကို တုံး,အတယ်၊ ဆွေမျိုးအပေါင်းအသင်းကို ခွဲပြီး ကမာကောင်ဝမ်းထဲဝင်တယ်၊ နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို မှောင်မည်းမည်း၊ အေးစက်စက်၊ တစ်ယောက်တည်း အထီးကျန်ရတယ်၊ သွားနေဖို့မထိုက်ဘူးလို့ ဝိုင်းရယ်ကြတယ်။ အပေါင်းအသင်းတွေ ဘယ်လိုပဲ လှောင်ရယ် လှောင်ရယ် သဲပွင့်ဟာ နောင်တမရစတမ်း ကမာကောင်မွေးသူနောက် လိုက်သွားခဲ့တယ်။ ဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် အလီလီပြောင်းခဲ့တယ်။ သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲဒုက္ခတွေကိုခံပြီး လှပလင်းလက်တဲ့ အဖိုးတန်ပုလဲတစ်လုံး ဖြစ်လာခဲ့တယ်။ သူ့ကို လှောင်ရယ်ခဲ့တဲ့သဲ...

ထင်းခုတ်သမား ပေးသော အားဆေးတခွက်

တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စား၀တ်နေရေး ဖြေရှင်းသလို သူနေဖို့ အိမ်ကလေးတစ်လုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေး ဆောက်လုပ်ခဲ့တယ်။ အိမ်ကလေးက မကြီးပါဘူး တကယ့်ကို မိုးလုံလေလုံကလေး ဖြစ်ပါတယ်၊ ဒီလိုနဲ့ တစ်နေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လုပ်ရတဲ့ သစ်ပင်တွေကို ခုတ်ထစ်ပြီး ထင်းတွေအဖြစ် မြို့ထဲ သွားရောင်းပါတယ် ။ အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ် ။ လူတွေက ဝိုင်းပြီး မီးငြိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တစ်လုံးလုံးကို ဝါးမြိုပစ်ခဲ့ပါတယ်၊ ထင်းခုတ်သမားက အလွန်၀မ်းနည်းသွားပြီး ငေးပဲကြည့်နေခဲ့ရတယ်။ မီးတွေ အကုန်လောင်သွားပြီးတော့ အ်ိမ်တစ်လုံးလုံး ပြာတွေအဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲတိုး၀င်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေခဲ့တယ်၊ လူတွေက သူ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတစ်ခု ပျောက်လို့ ရှာနေတယ်လို့ပဲ တွေးနေမိကြတယ်။ အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရအော်လိုက်တယ် ။ "တွေ့ပြီ တွေ့ပြီ" ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက...

၀က်ဝံကြီးပြောတဲ့စကား

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည်သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်း လာနေတဲ့ ၀က်ဝံကြီးတစ်ကောင်ကို တွေ့လိုက်ရသတဲ့။ တစ်ယောက်ဟာ ချက်ချင်းဆိုသလို ဝုန်းကနဲထွက်ပြေးသွားပြီး နီးစပ်ရာအပင်ပေါ်ကို တွယ်တက်သွားတယ်။ နောက်တစ်ယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ၀က်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။ ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေလိုက်တယ်။ ၀က်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး လမ်းပေါ်မှာလဲနေတဲ့ သူ့အနား ရောက်လာတဲ့အခါ ရပ်လိုက်တယ်။ပြီးတော့ သူ့ရဲ့မျက်နှာနားကပ်ပြီး အနံ့ခံလိုက်သတဲ့။ အောက်ကလူကတော့ အသက်ရှူရပ်မတတ်ကို ကြောက်လန့်နေရှာတော့တာပေါ့။ အသက်မရှူတဲ့သူကို တွေ့တဲ့ ၀က်ဝံကြီးဟာ အသေကောင်လို့ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။ ၀က်ဝံကြီးပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ အောက်ကိုပြန်ဆင်းလာတယ်။ ပြီးတော့ အသက်ထွက် မတတ် ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။ ရယ်နေရင်းနဲ့ပဲ "၀က်ဝံကြီးက မင်းမျက်နှာနားကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။ အဲဒီအခါ မြေကြီးပေါ်မှာ လှဲနေတဲ...

အရိုးသားဆုံးသော လူသားများ

အခါတစ်ပါးက ဘုရင်ကြီး တစ်ပါးဟာ သူ့တိုင်းပြည်တွင်းက အခြေနေတွေ အားလုံးကို အနီးကပ်လေ့လာချင်တဲ့ အတွက်သူပုန်းစားယောင် ဆောင်ပြီး မြို့ရွာ အနှံ့လျှောက်သွားပါတယ်။ ဘုရင်ကြီးဆိုတော့ သူကိုင်တဲ့ ခွက်က ရွှေသားအစစ်နဲ့လုပ်ထားတဲ့ ခွက်ပါတဲ့။ ဒါကို အပြင်ကနေ ရွှေခွက်မှန်းမသိအောင်ပွန်းညှက်တွေနဲ့သုတ်လိမ်းထားပါသတဲ့။ ဒီလိုနဲ့ ဘုရင်ကြီးဟာ လမ်းဘေးလေးမှ ထိုင်ပြီး တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်တွေကို လေ့လာဖို့အတွက် အ၀တ်စုတ် လေးခင်း ခွက်ကလေးကို အ၀တ်လေးပေါ်တင်ကာ တင်ပါးခွေလေး ထိုင်ချလိုက်ပါတော့တယ်။ အချိန်အနည်းငယ်ကြာတော့ လယ်သမား မိသားတစ်စု သူ့ရှေ့က ဖြတ်သွားပါတယ်။ အဲ့ထဲက ကလေးတစ်ယောက်က ပြေးလာပြီး သူ့အိတ်ထဲက အသပြာငွေလေး တစ်ကျပ် ခွက်ထဲကိုထည့်ပြီး သူ့ကို ကြည့်ကာ ထွက်သွားပါတယ်။ ခဏကြတော့ သူဆင်းရဲ မိသားစုက ကလေးတစ်ယောက်ကလည်း ဘုရင်ကြီးဆီ ပြေးလာပြီး သူ့မှာ ရှိတဲ့ မုန့်ဖိုးအသပြာငွေလေးတွေကို ခွက်ကလေးထဲ အကုန်ထည့်လိုက်ပြီး တစ်ချက်ကြည့်ကာ ပြေးထွက်သွားပါတယ်။ ထို့နည်းတူ သူဌေး၊ သူကြွယ်တွေ၊ ကုန်သယ်တွေ မိသားစုတွေ ဖြတ်သွားတိုင်းလည်း ကလေးတွေက မုန့်ဖိုးငွေလေးတွေကိုလာထည့် သွားကြပြန်ပါတယ်။ လူကြီးတွေ အားလုံးကတော့ ရွှေခွက်နဲ့တောင်းနေပြီ...

ခံယူချက်

ဒီပုံပြင်လေးကိုကြားဖူးသလား..။ တစ်ခါတုန်းက.အုတ်စီအလုပ်သမားသုံးယောက်ရှိတယ်တဲ့..။ အုတ်စီအလုပ်သမားတွေဆိုတော့..အုတ်ခဲတွေစီနေကြတာပေါ့..။ ဒါနဲ့ လူတစ်ယောက်က သူတို့တစ်ယောက်ချင်းစီကို... သူတို့ဘာလုပ်နေသလဲမေးကြည့်တယ်..။ ပထမတစ်ယောက်က....သူအုတ်ခဲတွေစီနေတာတဲ့..။ ဒုတိယတစ်ယောက်....သူနံရံတစ်ခုဆောက်နေတာတဲ့..။ တတိယတစ်ယောက်က...သူဘုရားကျောင်းဆောက်နေတာပါတဲ့..။ တစ်ယောက်နဲ့တစ်ယောက် အဖြေမတူကြသလို အလုပ်အပေါ်ထားတဲ့ ခံယူချက်ခြင်းလည်းမတူကြပါဘူး။ တစ်ချို့လူတွေက..ကိုယ်လုပ်နေတဲ့အလုပ်ကို.. .သေးသိမ်တယ်လို့မြင်တတ်ကြတယ်..။ တစ်ချို့တွေကတော့...ကိုယ်ကဘယ်နေရာမှာ..ဘယ်တာ၀န်ကိုထမ်းဆောင်နေတယ်..ဘာအတွက်လုပ်နေတယ်ဆိုတာမြင်တယ်..။ နှမ်းတစ်လုံးနဲ့ဆီမဖြစ်ဘူး...ဒါပေမယ့်. .နှမ်းတစ်လုံးမှ..မရှိရင်လည်းဆီမဖြစ်ဘူး.. အရေးကြီးတာကတော့..ကိုယ်ဘာလုပ်နေလုပ်နေ... ကိုယ့်ခံယူချက်..သဘောထား..ကအရေးကြီးတယ်...။ Pirates of the Caribbean ဇာတ်လမ်းထဲက ကတ်ပတိန်ဂျက်စပဲရိုးပြောဖူးသလိုပေါ့.. "ပြသာနာကပြသာနာမဟုတ်ဘူး... တကယ့်ပြသာနာက..ပြသာနာအပေါ်ထားတဲ့..ခံယူချက်ပဲ" ခံယူချက်ဆိုတာ..လူတစ်ယောက်အတွက်တကယ်အရေးကြီးပါတယ်..။ ကဲ..ဘယ်လိုလဲ..သင်လည်းအုတ်...

တစ်ဖက်လပ်

တစ်ခါက ကုလားအုတ်အမေကြီးဟာ သူ့သားနဲ့ အတူ သဲကန္တာရထဲမှာ သောက်စရာရေနဲ့ စားစရာ မြက်ချိုလေးတွေ ရှာဖို့ထွက် လာ ခဲ့တယ်။ သားဖြစ်သူ ကုလားအုတ်လေးက အမေရှာဖွေ ကျွေးတာသာ အခုအချိန်အထိစားနေခဲ့သူ၊ တစ်ခါမှ အစာရှာမထွက်ဘူးသူ ဆိုတော့ ပထမဦးဆုံး အကြိမ် လမ်းမှာ အမေဖြစ်သူကို ခုလိုမေးလိုက်တယ်။ ” မြက်ပင်လေးတွေနဲ့ သောက်စရာရေက ဘာတွေနဲ့ တူသလည်း အမေ။ ကျွန်တော်လည်း အမေနဲ့ အတူဝိုင်းရှာပေးပါ့မယ် “ ဒီတော့ ကုလားအုတ် အမေကြီးက ” ရေဆိုတာက ဟိုးက ကောင်းကင်ပြာကြီးနဲ့ တူတယ်။ ပြာလဲ့တဲ့အရောင်အသွေး ရှိတယ်။ ကြည်လင် သန့် စင် တယ်။ အဲ.. မြက်ပင်တွေကြတော့ စိမ်းစိုတယ်။ လတ်ဆတ်တယ်။ ချိုမြတဲ့ အရသာရှိတယ်ကွဲ့။ ဒီလိုနဲ့ သဲကန္တာရထဲမှာ စားစရာ ရေနဲ့မြက်ကို ရှာလာခဲ့တာ တစ်ရက်နဲ့ တစ်ညရှိလာပြီးတဲ့နောက် သားဖြစ်သူ ကုလားအုတ်လေးက ရုတ်တရက် သူတို့သွားနေတဲ့ သဲကန္တာရရဲ့ ဘယ်ဘက်စွန်းစွန်းကို ကြည့်လိုက်ပြီး အံ့သြ ၀မ်းသာစွာ အော်လိုက်တယ်။ ” အမေ.. ကြည့်စမ်း.. ဟောဟိုမှာ ရေနဲ့ မြက်တွေ။ ရေကလည်း ကြည်လင်နေတာဘဲ။ မြက်ပင်လေးတွေကလည်း စိမ်းနေလိုက်တာ။ အမေ ကျွန်တော့်ကို ရှာကျွေးနေကြ အတိုင်းဘဲဗျ.. “ ” အဓိပ္ပါယ်မရှိတာ မပြောနဲ့.. သား။ အမေတို့ရဲ့ မြင်နေရတာကာ တပြန့်တပြောရှ...

ဖားအော်သံတွေလို့ပဲ သင် မှတ်ယူလိုက်ပါ

လယ်သမားတစ်ယောက်က မြို့ပေါ်တက်လာတယ် ပြီးတော့ စားသောက်ဆိုင် ပိုင်ရှင်ကို မေးတယ် ။ “ ကျွန်တော့်ဆီမှာ ဖားခြေထောက်တွေ သန်းနဲ့ချီပြီး ရနိုင်တယ် ဒီမှာ သွင်းလို့ရမလား ” စားသောက်ဆိုင်ပိုင်ရှင်က အရမ်းကိုအံ့သြသွားတယ် ။ ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ဖားတွေ ရနိုင်မလဲဆိုတာ မေးတယ် ။ လယ်သမားကပြန်ဖြေတယ် ။ “ ကျွန်တော့်အိမ်နားမှာ ရေကန်တစ်ကန်ရှိပါတယ် အဲဒီကန်ကြီးဟာ ဖားတွေနဲ့ ပြည့်နှက်နေပါတယ်။ တစ်ညလုံး ဖားအော်သံတွေနဲ့ ကျွန်တော့်ကို အရမ်း စိတ် အနှောက်အယှက် ပေးတာပါပဲ ” ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ လယ်သမားဟာ သဘောတူညီမှု တစ်ခု လုပ်လိုက်ကြတယ် ။ လယ်သမားဟာ အပတ်စဉ် ဖားတွေကို စားသောက်ဆိုင်ပို့ရမှာဖြစ်ပြီး တစ်ပတ်ကို အကောင် ၅၀၀ခန့်ပို့ဖို့ သဘောတူလိုက်ပါတယ်။ ပထမဆုံးအပတ်မှာ လယ်သမားဟာ စားသောက်ဆိုင်ကို ရှက်ကိုးရှက်ကန်း မလုံမလဲ မျက်နှာနြဲ့ ပန်ရောက်လာတယ် ။ သူ့လက်ထဲမှာလည်း ပိန်လှီဖျော့တော့တဲ့ ဖားကလေး ၂ ကောင်ပဲပါလာတယ် ။ စားသောက်ဆိုင်ပိုင် ရှင်က မေးတယ် ။ “ ခင်ဗျားပြောတဲ့ ဖားတွေအများကြီး ဆိုတာ ဘယ်မှာလဲ ” လယ်သမားက ပြန်ဖြေတယ် “ ကျွန်တော် အထင်မှားသွားတာပါ ရေကန်ထဲမှာ တကယ်တော့ ဖား ၂ ကောင်ပဲ ရှိပါတယ် ဒါပေမယ့်သူတိ...

ကုဋေတန်သော ပုံပြင်

တစ်ခါတုန်းက .............. စေတန်နတ်ဆိုးဟာ သူ့ရဲ့က အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်...။ နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများအသီးသီး၌ စျေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။ သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လည်း အန ္တရာယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော စျေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစြွဲပီးဖြစ်ပုံရသည်..။ " ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်စျေးကြီးနေရတာလဲ..။ " စျေး၀ယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။ " ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။" " သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုစျေးကြီးနေရတာ...

ကိုယ့်ကိစ္စပဲကိုယ်လုပ်

#အီစွတ်ပုံပြင် **************** လားတစ်ကောင် ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ဝံပုလွေတစ်ကောင် က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်. . . ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင်ဆောင်လိုက်တယ်. . . ၀ံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲလို့ မေးတာပေါ့. . လားက ခြံစည်းရိုးတစ်ခုကို ခ ုန်တုန်း က ဆူးစူးတာပါ. . .ပြီးတော့ အကြံပေးလိုက်တယ်. . . သူ့ကို မစားမီ ဒီဆူးကို နှုတ်ပေးဖို့ပါ. . . ဒါမှ ဝံပုလွေစားတဲ့ အခါမှာ လည်ချောင်း မှာ ဆူး မစူးနိုင်တော့ဘူးတဲ့. . " ငနဲ့ က လှည့်ကွက်ထဲ ၀င်လာပါရော. . ဒါနဲ့ လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်. . . .ဝံပုလွေက သူ့ခြေထောက်ကို အသေအချာကြည့်ရှုနေတုန်း လားက ဝံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက်လိုက်လို့ သွားတွေ ကျိုးကုန်တယ်. . . ဒီတော့မှ ဝံပုလွေက ၀မ်းနည်းစွာ ရေရွတ်လိုက်တယ်. . . "ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ. . ငါ့အဖေ က သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်. . . အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး . . . " တဲ့ (ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ၀င်ရောယှက်ရင် ဒုက္ခ တွေ့ကြုံတတ်တယ်. . ...

ပန်းပု ပုံပြင်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။ သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်၀င်လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။ ဒီတော့ တပည့်လက်သားအဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။ ဒါပေမယ့် လာလိုက် သမျှ တပည့်တွေကလည်း ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။ ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတစ်ယောက်ကမေးတယ်။ ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် ကွာခြားရတာလဲ။ ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေး တယ်။ ဒီတော့ ပန်းပုဆရာက........ “ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။ ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။ မလိုတဲ့ အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တယ်ဗျာ။ အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်...

လင်းယုန်မ နှင့် မြေခွေးမ

လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင် မှာ နေကြတယ်. . သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . . မြေခွေးမက အပင် အောက်ချုံ ထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားတယ်. . . တစ်နေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . . ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်. . . မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တစ်မျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တစ်မျိုးနဲ့ အတော် ခံစားရတယ်. . . ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ. . သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . . ဒါပေမယ့် မကြာပါဘူးလေ. . မိတ်ဆွေ ကျင့်၀တ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. . လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . . ဒါကိုလင်းယုန်မက တစ်ဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... အဲဒီ...

ခြင်္သေ့ရေခြုံသောလား

တစ်ခါတုန်းက လားတစ်ကောင်ဟာ မုဆိုးတွေက ခြောက်သွေ့စေဖို့ နေလှန်းထားတဲ့ ခြင်္သေ့ရေ တစ်ခုကိုတွေ့သတဲ့။ ဒီခြင်္သေ့ရေကို ၀တ်ဆင်လိုက်ပြီး သူနေတဲ့ရွာဆီသွားတာပေါ.။သူ့ပုံပမ်းကို တွေ့ရင်ပဲ လူတွေရော၊ တိရစ္တနာန်တွေရော အားလုံးထွက်ပြေးကြသတဲ့။ အဲဒီနေ့ကသူဟာ ဂုဏ်မာနမြင့်နေတဲ့ လားတစ်ကောင်ဖြစ်နေတာပေါ့။ ၀မ်းသာလွန်းလို့ ဦးခေါင်းကို မြှောက်ပြီး ဟီလိုက်သတဲ့။ ဒီအခါမှာ လူတိုင်းကသူ့ ကိုသိလိုက်ပြီပေါ့၊ လားပိုင်ရှင်ရောက်လာတော့ ကြောက်လန့်စေရမလားဆိုပြီး လားကို ကောင်းကောင်းရိုက်တော့တာပဲ၊ မကြာမီ မြေခွေးတစ်ကောင် လားဆီရောက်လာပြီး ဆိုတာက….. ****မင်း ဟီ လိုက်လို့ လားမှန်းသိတာပဲ**** အ၀တ်အစားဖြင့် ဟန်ဆောင်နိုင်ပေမယ့် အနှစ်သာရမရှိသော စကားကြောင့် လူ့အန္ဒမှန်း သိစေသည်။

သည်းခံခြင်

သည်းခံခြင်း(အီစွတ်ပုံပြင်) တခါက အစာငတ်ပြတ်နေသောမြေခွေးတစ် ကောင်သည်ဝက်သစ်ချပင်အခေါင်း ထဲတွင်သိုးထိန်းများထည့်ထားသော ပေါင်မုန့်တချိူ့နှင့်အမဲသားဟင်းကို တွေ့၍တိုးဝင်သွားပီးစားလိုက်သည်။သူ့ဗိုက်ဖောင်းကားနေသောကြောင့်ပြန်မထွက်နိင်တော့ပေ။သူငိုကြွေး ပူဆွေးနေသည်ကိုအနားမှဖြတ်သွား သောအခြားမြေခွေးတစ်ကောင်ကြား၍လာပြီး 'ဘာဖြစ်သလဲ' ဟု မေးလေသည်။ အကြောင်းစုံကိုသိသောအခါပြန်ပြောလိုက်သည်။ 'ဒီလိုဆိုရင်လည်းမင်းဝင်သွားတုန်းကလိုပိန်လာတဲ့အထိနေလိုက်ပါ။ အဲဒီအခါ အလွယ်တကူထွက်လာနိင် ပါလိမ့်မယ်' (ခက်ခဲသော ပြဿနာများကို အချိန် ကဖြေရှင်းပေးကြောင်း ဤပုံပြင်က ပြလေသည်).....

အောင်မြင်မှု ဆုလဒ်နှင့် ထိုက်တန်သော လူ

ရိုးရာလေး စာဖတ်သူတို့ သိနေပြီးသား ပုံပြင် တစ်ခုကိုပဲ ဥပမာပေး ပြန်ပြော ရပါအုံးမယ်။ အနားယူတော့မယ့် ဘုရင်တစ်ပါးဟာ သားကြီး သားငယ် နှစ်ဦး တည်းက ဘယ်သူ့ကို မင်းသရဖူ အပ်နှင်းရမယ် ဆိုတာကို တွေးရခက် အကြပ်ရိုက်နေ သတဲ့။ ဒါနဲ့ပဲ သားကြီး၊ သားငယ် အိမ်ရှေ့ မင်းသား နှစ်ပါးနဲ့အတူ ဘုရင်က တော်လိုက် ထွက်ပါတော့တယ်။ တောစပ် တစ်နေရာမှာ တမင် တစ်ကောင် တွေ့ပြီး သားကြီးကို အရင်ပစ်ခွင့်ပေး ပါတယ်။ သားကြီးက လေးမြားချိန်ရွယ် ပြီး ပစ်လု နီးနီးမှာ အဖေ ဖြစ်သူက ဘာတွေမြင်ရလဲလို့ မေးပါတယ်။ ဒါနဲ့ သားကြီးက 'စမ်းချောင်း၊ သစ်ပင်၊ သမင် တစ်ကောင်၊ ချုံပုပ် တစ်ခု' လို့ ဖြေပါတယ်။ပစ်လုနီးနီးမှာပဲ အဖေက အသံပေးလို့ မပစ်နဲ့အုံးလို့ တားသတဲ့။ ဒါနဲ့ သားကြီးဟာ လွတ်ခါနီး မြားကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ သားငယ်ကို ပစ်ဖို့အတွက် အဖေက အခွင့်ပေး ပါတယ်။ ဒါနဲ့ သားငယ်လေး ချိန်ရွယ်နေစဉ်မှာ ဘုရင်က သားကြီးကို မေးသလိုပဲ ဘာတွေမြင်ရသလဲလို့ မေးသတဲ့။ ဒါနဲ့ သားငယ်ဟာ သမင် ကို မြင်ကြောင်းသာ ရှင်းရှင်း ဖြေပါတယ်။ သ ဟာ လေးမြား ပစ်လွတ်ရန် စက္ကန့် ပိုင်းသာ လိုအပ်တော့တဲ့ အချိန်မှာ သားကြီးကို သားသလိုပဲ ပြန်တား ပါတယ်။ သို့ပေမယ့် သားငယ် ဖြစ်သူဟာ လေးမြားကို ပ...

အက်နေတဲ့ အိုးကလေး

ဆရာမောရ ကလေးတို့ရေ…. ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။ မြန်မာပြည် အလယ်ပိုင်းဒေသက ကျေးရွာလေးတစ်ရွာမှာ မောင်ပညာဆိုတဲ့ ရေထမ်းသမား လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ သူတို့ရွာမှာ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းကို လူငယ်တွေရဲ့ အင်အားနဲ့ စုပေါင်း တည်ဆောက်နိုင် ခဲ့ကြတယ်။ ကျောင်းဆောက်လုပ် ပြီးစီးတဲ့ အခါမှာလည်း ဝေယျာ၀စ္စအတွက် အလုပ်တာ၀န်တွေကို ရွာလူငယ်လေးတွေကပဲ ကိုယ်စီ ခွဲဝေယူကြရတာပေါ့နော်။ “ကုသိုလ်ရေးမို့ မနှေးတက်ကြွ၊ ကလေး တွေရဲ့ ပညာရေးမို့ အားလုံး ဝုိင်း၀န်း ကူညီကြရမယ်” လို့ ခံယူထားကြတဲ့ လူငယ်တွေ မဟုတ်လား။ ရေထမ်းသမား မောင်ပညာလေးဟာ ရွာအပြင်ဘက်က စမ်းချောင်းလေးထဲမှာ နေ့စဉ် နေ့တိုင်း ရေခပ် ထွက်ရသတဲ့။ ရွာဦးဘုန်းတော်ကြီး ကျောင်းနဲ့ စာသင်ကျောင်းအတွက် ရေဖြည့်ပေးတဲ့တာ၀န်ကို ယူထားရသူပါ။ ကလေးတို့ရေ…. မောင်ပညာလေးဟာ ဆိုင်းထမ်းနဲ့ ရေအိုး ၂ လုံးကို သယ်ပိုးပါတယ်။ ရေအိုးတစ်လုံးကတော့ အနာအဆာမရှိ၊ မဖိတ်မစင်ဘဲနဲ့ ရေအပြည့် သယ်ယူပေးနိုင်ခဲ့တယ်။ ဒုတိယရေအိုးမှာတော့ အလယ်လောက်မှာ ကွဲအက်ရာလေး ရှိနေသတဲ့။ ရေထမ်းသယ်လာရတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရေတွေဖိတ်စင်ကုန်တာပေါ့။ အ...

ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှု့ပါ”

“ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှု့ပါ” ------------------ စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်… ဘယ်သူကမှ သူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး…။ တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့အတူ စစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေး တစ်လုံးမှာ “တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ်” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ကြတယ်…။ စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က ၃ ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီး ပြောတယ်- “ ဟားဟား....မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ်…။ .......................... မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်… ဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ် စကားပြောကြရင်း ထပ်ကစားဖြစ်ကြတယ်…။ .......................... ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ်… စစ်သူကြီး ...

ဖါးစည်နှင့် ကရင်

ဖါးစည်နှင့် ကရင် (ကရင်ရိုးရာပုံပြင်) ******************** ဖါးစည်နှင့်ပတ်သက်၍ အရှေ့ပိုးကရင်တို့တွင် ပုံပြင်တစ်ရပ် ရှိလေသည်။ ရှေးအခါက “ဖူ့ဒိုင်”အမည်ရှိသော အဘိုးအိုတစ်ဦး ရှိလေသည်။ ဖူ့ဒိုင်သည် အိမ်ထောင်ပြုခြင်းမရှိ၊ လူပျိုကြီးဖြစ်ပြီး တောင်ယာလုပ်ကိုင်၍ အေးချမ်းစွာ နေထိုင်လေသည်။ ဖူ့ဒိုင်သည် ရိုးသားပြီး စိတ်ထားမြင့်မြတ်၍ လူအများက လေးစားကြိုညိုကြသည်။ နှစ်တစ်နှစ်တွင် ဖူ့ဒိုင်သည် ရွာနှင့် အလွန်အလှမ်းဝေးသော တောင်ပေါ်တစ်နေရာတွင် တောင်ယာလုပ်ကိုင်လေသည်။ ထိုနှစ်တွင် ဖူ့ဒိုင် တောင်ယာမှ အသီးအနှံများ ဖွံ့ထွား၍ အလွန်ကောင်းမွန်လေသည်။ ဖူ့ဒိုင် တောင်ယာမှ အသီးအနှံများကို မျောက်များက နေ့စဉ် လာရောက် ချိုးယူစားလေသည်။ ဖူ့ဒိုင်က စိတ်ထားကောင်းသူပီပီ မျောက်များကို အော်ဟစ်မောင်းထုတ်ခြင်းမှအပ အနာတရ ဖြစ်အောင် မပြုချေ။ သို့ကြောင့် မျောက်တို့က အတင့်ရဲနေကြလေသည်။ တစ်နေ့ထက်တစ်နေ့ မျောက်အုပ်မှာ များများ၍ လာ၏။ တစ်ချိန်တွင် ဖူ့ဒိုင်က အကြံတစ်ခု ရလေသည်။ ထိုအကြံမှာ မျောက်အုပ်များကို နောင်အခါ မိမိတောင်ယာကို လာရောက် မဖျက်ဆီးရန် မျောက်အကြီးအကဲကို တောင်းပန်ပြောပြမည်ဟု အကြံရလေသည်။ တစ်နေ့တွင် ဖူ့ဒိုင်သည် မိမိနှာ၀တွင် တောမြက်ရိုင်း...

အုန်းပင်ရှင် (

အုန်းပင်ရှင် (ကချင်ရိုးရာပုံပြင်) တစ်ခါတုန်းက အုန်းပင်တစ်ပင်ပိုင်တဲ့ လူလိမ်တစ်ယောက်ရှိခဲ့ဘူးတယ်။ သူလိမ်ပုံက ပိရိတယ်။ သူ့အုန်းပင်ဟာ တစ်နေ့ တစ်လုံး တစ်လုံးသီးတယ်လို့ ဒီလူက လူတွေ့တိုင်းကြွားတယ်။ အဟုတ်ထင်အောင် လိမ်ပြောတယ်။ သူလုပ်ပုံက နေ့တိုင်းလမ်းသွားလမ်းလာတွေများချိန်မှာ အုန်းပင်ပေါ်တက်ပြီး အုန်းသီးခူးတယ်။ ညက သီးနေတဲ့ အုန်းသီးကို တက်ခူးတဲ့ သဘောပေ့ါ။ ညပိုင်း ရွာသူရွာသားတွေ အိပ်မောကျလောက်တဲ့ အချိန်ရောက်တော့ အသီးများတဲ့ သူများအုန်းပင်က အုန်းသီးတစ်လုံးခိုးပြီး သူ့အုန်းပင်ပေါ်မှာ တက်ချည်ထားလိုက်တယ်။ နောက်တစ်ရက် လူသွားလူလာများချိန်မှာ သူ့အုန်းပင်ပေါ်တက်ညပီး သူအုန်းသီးတက်ခူးတော့ "ဒီနေ့လဲ မှန်မှန်သီးတာပဲလား" လို့ ရပ်ကြည့်သူများထဲက မေးသူများလည်းရှိတာပေါ့။ သူလိမ်နေတာကို မသိကြတော့ သူ့အုန်းပင်က နေ့တိုင်း အုန်းသီးတစ်လုံးတစ်လုံးသီးနေတယ်လို့ပဲ ရွာသူရွာသားတွေက ယုံကြတယ်။။ အံသြသဘောနေကြတယ်။ ဒီလိုနဲ့ ဒီအုန်းပင်မျိုးရှိရင်သိပ်ကောင်းမယ်။ ဒီအုန်းပင်ရောင်းရင် ဝယ်ချင်တယ်ဆိုတဲ့ အသံတွေလဲထွက်လာတာပေါ့။ ဒါပေမယ့် လူလိမ်က သူ့အုန်းပင်ကို ၁၀၀၀ ရမှ ရောင်းမယ်တဲ့။ ဒီရွာသူရွာသားတွေကလည်း တောင်သူလယ်လုပ်တွေဆိုတော့...

ဟ သူတော် နဖင်ခြူး________________ဟ သူတော် နဖင်ခြူး________________

ဟ သူတော် နဖင်ခြူး________________(ပုံပြင်) လူထုဦးလှ ရှေးအခါက တောရွာတစ်ရွာနှင့် မနီးမဝေးတွင် တောကျောင်းတစ်ကျောင်း၌ တောထွက်ဘုန်းကြီးတစ်ပါးနှင့် ဖိုးသူတော်တစ်ယောက် နေထိုင်ကြ၏။ ဖိုးသူတော်သည် ဘုန်းကြီးအား ဆွမ်းခံ၍ ဝတ်ပြုနေသူဖြစ်ရာ တစ်နေ့တွင် အိမ်တစ်အိမ်မှ ဖွတ်သားဟင်းချက်၍ ဖိုးသူတော်ကြီးအား လောင်းလှူလိုက်၏။ ကျောင်းသို့ရောက်သော် ဖိုးသူတော်ကြီးသည် နေ့တိုင်းကဲ့သို့ ဆွမ်းပွဲပြင်ပြီး ဘုန်းကြီးပင့်ကာ ဤဟင်းက ဝက်သားဟင်းပါဘုရား၊ ဤဟင်းက ကြက်သားဟင်းပါဘုရား စသည်ဖြင့် လျှောက်ထားပြီး ထိုနေ့တွင် ဟင်းထူးရခဲ့သေးကြောင်း လျှောက်ထားသည်။ ဘုန်းကြီးသည် လက်ဆေးရင်း "ဘာဟင်းများလဲဟဲ့ သူတော်" ဟု မေးလိုက်၏။ ဖိုးသူတော်က "ဖွတ်သားဟင်းပါဘုရား" ဟု လျှောက်ထား၏။ "အေး ငါဒီအသက်အရွယ်အထိ ဒီအသားမစားဖူးသေးဘူး၊ ဘယ်လိုများ အရသာထူးရှိသလဲဆိုတာ မြည်းကြည့်ရတာပေါ့ကွာ" ဟု ဆိုပြီး ဘုဉ်းပေးကြည့်ရာ အရသာတွေ့၍ ထိုဖွတ်သားဟင်းပန်းကန်ကိုပင် ဆွမ်းဖြင့်လူးကာ ဘုဉ်းပေးလိုက်လေသည်။ ဖိုးသူတော်ကြီးကလည်း `ငါလည်း ဒီအသားဟင်းကို ဒီအရွယ်အထိ မစားဖူးသေးဘူး၊ ဘုန်းကြီးပြီး ငါပဲ´ ဟု စိတ်ထဲက ကြိမ်းထားသည်။ ဘုန်းကြီးဆွမ်းစားပြီး၍ ဖိုး...

သမီးတို့အတွက် အိပ်ယာဝင်ပုံပြင်များ

=================== သမီးရေ… လူရယ်လို့ဖြစ်လာရင် လူပီသအောင်နေတတ်ဖို့အရေးကြေီးတယ်။ အခုရော လူမပီသဘူးလား မေမေ လူပီသအောင်ဘယ်လိုနေရမလဲဆိုရင် မြတ်စွာဘုရားဟောကြားခဲ့တဲ့ လူတို့စောင့်ထိန်းရမယ့်သီလကို စောင့်ထိန်းရမယ်။ သမီးတို့နေ့စဉ် ဘုရားရှိခိုးရင် ငါးပါးသီလ ယူတယ် မဟုတ်လား။ အဲ့ဒီထဲက ပါဏာတိပါတကံ (သူ့အသက်သတ်ခြင်း) နဲ့ပတ်သက်ပြီး ဒီနေ့ပြောပြမယ်။ သူတပါးအသက်ကို မိမိအသက်ကဲ့သို့ တန်ဘိုးထားနိုင်ရင် သူ့အသက်ကို မသတ်ဖြစ်တော့ဘူးပေါ့။ အသားကို နည်းနည်းလေးခိုက်မိရင်တောင် နာကျင်တတ်တာ အသက်သေတဲ့အထိဆို ဘယ်လောက်နာကျင်လိုက်မလဲနော်… သမီးတို့ ကိုယ်ချင်းစာတတ် ရမယ်နော်… နောက်ပြီး သူတပါးကို နာကျင်စေအောင်လုပ်မိရင် ကိုယ်လည်းပဲ တူသောအကျိုးကို ပြန်ခံစားရလိမ့်မယ်။ ဒါဟာ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုးဆိုတာပဲ…. ။ ချက်ချင်းပြန်ခံရတာရှိသလို အကြောင်းတိုက်ဆိုင်မှ အဆတိုးပြီး ပြန်ခံစားရတာလဲရှိတယ်။ မြတ်စွာဘုရားလက်ထက်တုန်းက ဥတ္တရသာမဏေလေးရဲ့ အကြောင်း အမေမှတ်မိသလောက်ပြောပြမယ်နော်..။ ဥတ္တရ လို့ခေါ်တဲ့ ကိုရင်လေးတပါးဟာ သူနေတဲ့တောကျောင်းလေးကနေ မနက်စောစော ဆွမ်းခံထွက်ဖို့ မိုးမလင်းသေးခင် လူတွေနေတဲ့ ရွာဘက်ကို ထွက်လာရင်း မြစ်ချောင...

ချစ်ပုံပြင်

ချစ်ပုံပြင် ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့... သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ..... ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့..... ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့.... အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ..... အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့...... ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်... ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း ..... သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော... မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့.... ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ..... မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရေ...

ကမ်းစပ်က ငါးများ ပုံပြင် "

" ကမ်းစပ်က ငါးများ ပုံပြင် " တစ်ခါတုန်းက အဖိုးကြီးတစ်ယောက်ဟာ ညနေဘက်ဆိုရင် ပင်လယ်ကမ်းစပ်ကိုလာလေ့ရှိ ပါတယ် လှိုင်းပုတ်တဲ့ဒဏ်ကြောင့် သဲသောင်ပြင်ပေါ် မှာ သောင်တင်နေတဲ့ ငါးလေးတွေကို ကောက်ပြီး ပင်လယ်ထဲ ပြန်ပြန်ပစ် ထည့် ပါတယ် အဲဒီလိုမှ ပင်လယ်ထဲကို ပြန်မရောက်ဖူး ဆိုရင် ငါးလေးတွေ ဟာ ကုန်းပေါ်မှာသေရမှာ လေ့့့ ဒီအဖိုးကြီးဟာ ညနေတိုင်း ညနေတိုင်း ပင်လယ်ကမ်းခြေကိုလာပြီး သောင်တင်နေတဲ့ ငါး လေးတွေကို ပင်လယ်ထဲ ပြန်ပြန်ပစ်ထည့် ပေးပါတယ့့့် တစ်နေ့ကျတော့ လူတစ်ယောက်ရောက်လာ ပြီး လာပြောတယ် ...။ “ အဖိုးကြီး ခင်ဗျားရူးနေလား ...။ပင်လယ် ကမ်းခြေမှာ အဲလိုသောင်တင်နေတဲ့ ငါးလေးတွေ အများကြီးရှိတယ် ...။သန်းနဲ့ချီပြီးရှိနေတယ် ...။ ခင်ဗျားတစ်ယောက်တည်း ဒီငါးတွေအကုန်လုံးကို ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ ...” အဖိုးကြီးက သူ့အလုပ်သူလုပ်နေရင်း အဲဒီ လူကို လှည့်တောင်မကြည့်ပဲ အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ် ...။ “ တခြားငါးတွေကိုငါမသိဘူး ...ငါ ကယ် လိုက်တဲ့ ငါးတွေအားလုံး အသက်ပြန်ရှင်တယ် ...” . ဆင့်ပွား အတွေး့့့့့့့့ စိတ်ဓါတ်ကလေး က ပဲ့့့ လူကို ပြောင်းလဲ စေသလို့့့့ ပြောင်းလဲမှု က ပဲ လောက ကို ကောင်းကျိုး ပေး နိုင်တယ် နှမ်းတစ်စေ့ ...

ဖိုးသူတော်ပုတီးစိတ်သလို

ဖိုးသူတော်ပုတီးစိတ်သလို ================ မင်းတုန်းမင်းတရားကြီးသည် တိုင်းရေးပြည်ရေးနှင့်တကွ သာသနာရေး၊ ဘာသာရေးတို့ကို အထူး ဦးစားပေးသည့်အတိုင်း ဆရာတော် သံဃာတော်များကို မကြာမကြာ နန်းတော်သို့ပင့်၍ ''သာဟတ္တိက'' ကိုယ်ထိလက်ရောက် ဆွမ်းကပ်ခြင်း၊ လှူဘွယ်ပစ္စည်းတို့ကို လှူဒါန်းခြင်းအမှုတို့ကို ပြုလုပ်လေ့ရှိသည်။ မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အပါအ၀င် ဆရာတော်၊ သံဃာတော်များအားနန်းတော် သို့ပင့်၍ ဆွမ်းကပ်လေသည်။ မင်းတုန်းမင်းကြီးသည် ဆရာတော် သံဃာတော်များနှင့် အလာပ၊ သလာပ စကားများကို အပြန်အလှန် ပြောဆိုလျှောက်ထားနေသည်။ ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော် ရေမြေ့ရှင် ငါးပါးသီလကို ခါး၀တ်ပုဆိုးကဲ့သို့ မြဲရဲ့လား၊ ရှစ်ပါးသီလ၊ ကိုးပါးသီလများကိုကော ဥပုသ်သီတင်း လပြည့် လကွယ်ရက်များတွင် စောင့်ထိန်းနိုင်ရဲ့လား'' ဟု မေးလေသည်။ ''မှန်ပါ... ငါးပါးသီလကိုခါး၀တ်ပုဆိုးကဲ့သို့ မြဲပါတယ်ဘုရား... ရှစ်ပါးသီလ၊ ကိုးပါးသီလများ ကိုလည်း ရှစ်ရက်သီတင်း လပြည့်၊ လကွယ်ရက်များတွင် စောင့်ပါတယ်ဘုရား '' ဟု မင်းတရားကြီးက လျှောက်ထားသည်။ '' ဒါဖြင့် တကာတော်ရေမြေ့ရှင် ပုတီးများကောစ...

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

ဘယ်သူပဲဖြစ်ဖြစ် ဘဝကို ဆင်းဆင်း ရဲရဲနဲ့ မကျော်ဖြတ် ချင်ကြပါဘူး။ ပြည့်ပြည့်စုံ စုံ၊ ချမ်းချမ်းသာသာနဲ့ ဘဝကို ကျော်ဖြတ်ချင် ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ဒါဟာလည်းလူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ဒါနကုသိုလ်ပါ တဲ့သူတွေ လောက်သာ ဖြစ်နိုင်ကြတာပါ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ဘဝကို ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ ကျော်ဖြတ် သွားရအောင်ရဟန်းရော၊လူပုဂ္ဂိုလ်တွေပါ ဒါန ပြုဖို့ လိုတယ်လို့ ဟောကြားတော်မူခဲ့တာပါ။ ဒါနဆိုတာက မိမိလက်ထဲမှာရှိနေတဲ့ ပစ္စည်းဥစ္စာကို သူတစ်ပါး လက်ထဲ ထည့်ပေး လိုက်တာ၊ စွန့်ကြဲလိုက်တာကို ဒါနလို့ခေါ်ဆို ရတာပါ။ ကူညီတယ်၊ ထောက်ပံ့တယ်၊ ပံ့ပိုးတယ်၊ ပရဟိတလုပ်တယ် ဆိုတာတွေဟာ စကားလုံးအရ ကွဲနေတာပါ။ သဘောသက် ရောက်မှုကတော့ အတူတူပါပဲ။ ဒီတော့ဒါနတစ်ခုဖြစ်ဖို့အတွက် ဘာတွေ လိုအပ်သလဲ ဆိုရင် စေတနာ ရယ်၊ အလှူခံ ပစ္စည်းဝတ္ထုရယ်၊ အလှူခံပုဂ္ဂိုလ်ရယ်ဆိုပြီး တော့ အင်္ဂါသုံးမျိုးပြည့်စုံ နေရပါမယ်။ အလှူခံ ပုဂ္ဂိုလ်ဆို တာကတော့ တစ်ကျိပ်လေး(၁၄) ယောက်တောင်ရှိနေတာဆိုတော့ရှာရမ ခက်ပါ။ ......... အလှူခံပုဂ္ဂိုလ်ဆိုတာကတော့- ”၁။တိရစ္ဆာန်၂၊သီလမရှိသူပုထုဇဉ် ၃။သီလ ရှိသူပုထုဇဉ် ၄။စျာန်ရရသေ့ ၅။သောတာ ပန်ဖြစ်အောင်ကျင့်နေသူ ၆။သေ...