Posts

လယ်သမားနဲ့ နာရီ ပုံပြင်

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်၀ယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။ သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။ ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေး၀င်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။ ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေး၀င်သွားပြီး...

ခြင်းတောင်းထဲက ကြက်

ခြင်းတောင်းထဲက ကြက်(ရုရှားပုံပြင်) တစ်ခါက ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင်းပေါ်မှာ ပြန့်ကျဲနေကြတယ်။ ခဏနေ တစ်ကောင်ထုတ်၊ သတ်လိုက...

ဦးနှောက်မရှိတဲ့လူ

ဦးနှောက်မရှိတဲ့လူ( အီစွတ်ပုံပြင် ) တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲမှာ ခြင်္သေ့အိုကြီး တစ်ကောင်ရှိတယ်။ တောရဲ့ဘုရင်ပဲဆိုပါတော့။ သူဟာ ငယ်ရွယ်စဉ် ကတော့ အားကောင်းမောင်းသန်မို့ တစ်တောလုံး တစ်တောင်လုံး ထင်ရာစိုင်းနိုင်တဲ့ အင်အားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက် အရွယ် ကလည်း ကြီးရင့်လာတာနဲ့အမျှ ဇရာကြောင့် အရင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင် တော့ဘူး။ ဒီအထဲ အကျိုး အကြောင်း အမျိုးမျိုးအရ နာမကျန်း ဖြစ်လာတဲ့အခါ ပိုဆိုးတော့တာ ပေါ့။ သူအားကောင်း မောင်းသန်နဲ့ လှုပ်ရှားနိုင်တုန်းက သူ့ဘေး မှာ ညာဝါး စားသောက်နေတဲ့ အကောင်တွေလည်း အနားမှာ မရှိ တော့ဘူး။ အိုနာကျိုးကန်း မြေခွေး တစ်ကောင်ပဲ ကျန်တော့တယ်။ နာမကျန်းဖြစ်နေတဲ့ ခြင်္သေ့အိုကြီးမှာဆန္ဒတစ်ခုရှိတယ်။ အဲဒါကတော့ ဒရယ်တစ်ကောင်ရဲ့အသည်းနှလုံးနဲ့ ဦးနှောက်ကို စားသောက် လိုက်ရရင် သူ့ရောဂါသက်သာပြီး ကျန်းမာလာလိမ့်မယ်လို့ ယုံကြည်နေတာပဲ။ ဒါကြောင့် မလှမ်းမကမ်းမှာရှိတဲ့ သူ့ တပည့်မြေခွေး ကိုခေါ်ပြီး ဒီလိုပြော တယ်။ 'တပည့်ကြီး ငါ နေကောင်း ကျန်းမာလာဖို့အတွက် ဒရယ်ရဲ့နှလုံးနဲ့ ဦးနှောက်ကို စားရမှဖြစ်လိမ့်မယ်။ အဲဒါဟာ ငါ့ရဲ့ ဓာတ်စာပဲ။ မင်းက ငါ့ရဲ့ငယ်မွေး ခြံပေါက်ပီပီ တောစပ်မှ...

ငါးရှဉ့် ပုံပြင်

ငါးရှဉ့် ပုံပြင်(ဂျပန်ရိုးရာပုံပြင်) ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဉ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ငါးရှဉ့်တွေဟာကမ်းမကပ်ခင် သေကုန်ကြတယ်။ဒါပေမယ့်တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဉ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲစျေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဉ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။ အဲဒီလျှို့ဝှက်ချက်ကတံငါသည်ဟာ လှေဝမ်းထဲမှာငါးခူးတစ်ချို့ထည့်ထားပြီးဖမ်းရတဲ့ငါးရှဉ့်ကိုငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဉ့်ကမဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဉ့်ရဲ့"အသက်ရှင်ရေး"ဆိုတဲ့သဘာဝစိတ်ကအပြန်အလှန်တိုက်ခိုက်မှုအောက်မှာအလိုအလျှောက်ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။ တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင...

ဖိုးသူတော်ပြောသော ပုံပြင်

ဖိုးသူတော်ပြောသော ပုံပြင် "တစ်လုပ်စားဘူးသူ့ကျေးဇူး" ဆိုတဲ့ စကားရှိတယ်မလား . . . ဘယ်လောက်ပဲ အသေးအဖွဲလေးပဲဖြစ်ဖြစ်. . . ကိုယ့်ကို ကောင်းကျိုးပြုဖူးရင် ဒါ ဟာ ကျေးဇူးပဲ. . . နောက်ပြီးတော့ ကျေးဇူးဆိုတာပြန်ဆပ်ကောင်းပါတယ် ဒါနဲ့ပတ်သက်ပြီး ဒီပုံပြင်လေးကို တစ်ခုရှိုပါတယ်. . . ဒီပုံပြင်လေးကတော့ ကျေးဇူးသေးသေးလေးတွေကို လိုက်ဆပ်ရတဲ့ မိန်းမကြီး တစ်ယောက်အကြောင်းပါ. . . အဲဒီမိန်းမကြီး နာမည်က ဒေါ်ကျေးဇူးလို့ပဲ ထားလိုက်ပါတော့ . . . သူက သူများကျေးဇူးကို သိပ်ပြီး သိတတ်တာကိုး . . . ဒေါ်ကျေးဇူးက မုန့်ဟင်းခါးချက်တဲ့နေရာမှာ နာမည်ကြီးပဲတဲ့ . . . သူတို့နေတဲ့ ရွာနဲ့ အနီးပတ်၀န်းကျင် ရွာတန်းရှည် တစ်လျှောက်လုံးမှာ အလှူမှာ ရှိပြီဆိုရင် ဒေါ်ကျေးဇူးက လိုက်ပြီး မုန့်ဟင်းခါးချက်ပေးနေကျပါ. . . . မုန့်ဟင်းခါးချက်ရင်လည်း အားလုံး အစအဆုံးကို သူ့လက်သူ့ခြေလုပ်ရမှ စိတ်တိုင်းကျတာ ဒီတော့ သူတစ်ယောက်တည်း ပင်ပန်းတာပေါ. . . ဒါပေမယ့် သူ့လက်ရာကိုစားပြီးရင် တသသ ဖြစ်သွားရတာကြီးပါပဲ. . . ဒီလိုနဲ့တစ်နေ့တော့ ဒေါ်ကျေးဇူး နေမကောင်းဖြစ်ပါလေရော . . . . ကျောက်ကပ် အားနည်းတဲ့ရောဂါဖြစ်ပြီး ခြေလက်တွေမသယ်နိုင်လို့ အိပ်ရာထဲဗုန်းဗုန်း လဲတ...

သာလိကာ ပုံပြင်

ကြက်တူရွေးတို့၊ သာလိကာတို့တောင်မှ နေ့တိုင်းကြားရ၊ သင်ရတာတွေကိုအလွတ်ရွတ်ဆိုနိုင်သေးတာဘဲ။ က်ြတူရွေးတို့၊ သာလိကာတို့ဆိုတာကတော့ ကိုယ်ပိုင်ဥာဏ်မရှိဘူး။ သူများသင်ပေးတာဘဲ သံယောင်လိုက်တတ်တာ။ နိုင်ငံရပ်ခြားဟာသတွေထဲမှာ ကျွန်တော်ကြိုက်တဲ့ သာလိကာပုံပြင်တစ်ခုရှိတာပြန်ပြောချင်တယ်။ စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ နိုင်ငံတစ်ခုမှာပေါ့။ မွေးမြူရေးခြံပိုင်ရှင်တစ်ယောက်က ကဖေးဆိုင်ကလေးတစ်ခု ဖွင့်ထားတာရှိသတဲ့။ ဆိုင်ပိုင်ရှင်က သာလိကာကြီးတစ်ကောင်လည်းမွေးထားတယ်။ကဖေးဆိုင်လေးကိုလာပြီး အားပေးကြတဲ့သူတွေက ကောင်တာအနီးက သစ်သားတန်းတစ်ခုပေါ်မှာနားပြီး ဆိုင်ထဲကလူတွေကို ပေစောင်းစောင်းနဲ့ကြည့်နေတတ်တဲ့ သာလိကာကြီးရဲ့ခေါင်းကို လက်နဲ့(ကျီစယ်တဲ့သဘော) ပုတ်တယ်။ သာလိကာကြီးလည်း တစ်ယောက်ယောက်က သူ့ခေါင်းကိုပုတ်ရင်“ဂျို (ချို)ကုပ်ကြီးသေပါစေ” လို့ အော်တယ်။ သာလိကာကြီးက အသံသြကြီးနဲ့ ဂျိုကုပ်ကြီးသေပါစေလို့ အော်တာကိုလူတွေက သဘောကျတော့ ခဏခဏ သာလိကာကြီးခေါင်းကို ပုတ်တော့တာပေါ့။ ဂျိုကုပ်ကြီးသေပါစေ ဆိုတဲ့အသံကို အချိန်ပြည့်လိုလို ကြားနေကြတော့တာ။ဒီလိုနဲ့ အဲဒီ့သတင်းက စစ်ထောက်လှန်းရေးတွေနားကို ပေါက်ကြားသွားတော့ တာပေါ့။ စစ်ထောက်လှန်းရေးတွေက လူ...

မျောက်ကုန်သည်

တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။ ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။ ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။ ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။ မျောက်တစ်ကောင် ၁၀,၀၀၀ ဖြင့်ဝယ်မည်ဟု။ ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။ မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။ ထိုလူလည်း ဆက်ဝယ်မည်ဆို၏။ စျေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။ နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။ မြောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။ ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။ "ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့ ကျွန်တော် ဂွင်တစ်ခုပေးမယ်။ ကျွန်တော့် ဆရာဝယ်ထားတဲ့မျောက်တွေ တွေ့တယ်မဟုတ်လား။ ကျွန်တ...