ဦးနှောက်မရှိတဲ့လူ
ဦးနှောက်မရှိတဲ့လူ( အီစွတ်ပုံပြင် )
တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲမှာ ခြင်္သေ့အိုကြီး တစ်ကောင်ရှိတယ်။ တောရဲ့ဘုရင်ပဲဆိုပါတော့။ သူဟာ ငယ်ရွယ်စဉ် ကတော့ အားကောင်းမောင်းသန်မို့ တစ်တောလုံး တစ်တောင်လုံး ထင်ရာစိုင်းနိုင်တဲ့ အင်အားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက် အရွယ် ကလည်း ကြီးရင့်လာတာနဲ့အမျှ ဇရာကြောင့် အရင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင် တော့ဘူး။ ဒီအထဲ အကျိုး အကြောင်း အမျိုးမျိုးအရ နာမကျန်း ဖြစ်လာတဲ့အခါ ပိုဆိုးတော့တာ ပေါ့။ သူအားကောင်း မောင်းသန်နဲ့ လှုပ်ရှားနိုင်တုန်းက သူ့ဘေး မှာ ညာဝါး စားသောက်နေတဲ့ အကောင်တွေလည်း အနားမှာ မရှိ တော့ဘူး။ အိုနာကျိုးကန်း မြေခွေး တစ်ကောင်ပဲ ကျန်တော့တယ်။
နာမကျန်းဖြစ်နေတဲ့ ခြင်္သေ့အိုကြီးမှာဆန္ဒတစ်ခုရှိတယ်။ အဲဒါကတော့ ဒရယ်တစ်ကောင်ရဲ့အသည်းနှလုံးနဲ့ ဦးနှောက်ကို စားသောက် လိုက်ရရင် သူ့ရောဂါသက်သာပြီး ကျန်းမာလာလိမ့်မယ်လို့ ယုံကြည်နေတာပဲ။ ဒါကြောင့် မလှမ်းမကမ်းမှာရှိတဲ့ သူ့ တပည့်မြေခွေး ကိုခေါ်ပြီး ဒီလိုပြော တယ်။
'တပည့်ကြီး ငါ နေကောင်း ကျန်းမာလာဖို့အတွက် ဒရယ်ရဲ့နှလုံးနဲ့ ဦးနှောက်ကို စားရမှဖြစ်လိမ့်မယ်။ အဲဒါဟာ ငါ့ရဲ့ ဓာတ်စာပဲ။ မင်းက ငါ့ရဲ့ငယ်မွေး ခြံပေါက်ပီပီ တောစပ်မှာရှိတဲ့ဒရယ် ကို လိမ်ညာပြီး ငါ့အနားကို အပါ ခေါ်ခဲ့ပါ။ အကြံအောင်ရင် ထုံးစံ အတိုင်း အကြွင်းအကျန်တွေဟာ မင်းအတွက်ပေါ့...'လို့ပြောပြီး ဒရယ်ရှိရာအရပ်ကို ညွှန်ပြလိုက်တယ်။ မြေခွေးဆိုတဲ့အကောင်က ခြင်္သေ့ကို လွန်ဆန်ရဲတာမှမဟုတ်တာ၊ ခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့။ ခြင်္သေ့ရဲ့ အကြွင်းအကျန်လေးတွေကို ကပ်စားနေတဲ့ အကောင် ပီပီ ခြင်္သေ့ကြီးရဲ့ဆန္ဒအတိုင်း ဒရယ်ဆီ ကို သွားပြီး ဒီလိုလှည့်ဖြားပြောဆို ပါတယ်။
'မိတ်ဆွေကြီး ကိုဒရယ်၊ အခုက ခြသေ့င်္မင်းကြီး မကျန်းမာတာကို ခင်ဗျားသိပါတယ်နော်။ ကျုပ်အထင်တော့ အဲဒီအဘိုးကြီး သိပ် ကြာတော့မယ်မထင်ဘူး။ ဟိုနေ့က ကျုပ်နဲ့တွေ့တော့ အခြေအနေက သိပ်မကောင်းတာ အမှန်ပဲ။ အားလည်းရှိပုံမရဘူး။ သူလည်း သူ့ကိုယ့်သူ သိတယ်ထင်တယ်။ သူ ကွယ်လွန်တော့မှာမို့ သူ့ကိုယ်စား ဘုရင်အသစ်တစ်ပါးခန့်ထားခဲ့ချင်တယ်။ သူ့ဆန္ဒက ခင်ဗျားကို ရည်ရွယ်ဟန်တူတယ်။ ဒါကြောင့် ခင်ဗျားကို ကျုပ်လာခေါ်တာပဲ။ လူမမာသွားမေးလိုက်ပါဦး'လို့ မမှန်ကန်တာတွေ ကိုပြောပြီး ဒရယ် ကို သိမ်းသွင်းစည်းရုံးပါတယ်။ ဘုရင်ဖြစ်ချင်တဲ့ ဒရယ်ကလည်း မြေခွေးရဲ့စကားကိုယုံပြီး လိုက်လာပါတယ်။ ခြင်္သေ့ကလည်း အကြံ နဲ့ စောင့်နေ တာပေါ့။ ဒရယ်လည်းရောက်လာရော အစာငတ်နေတဲ့ခြင်္သေ့အိုကြီးက ဣနြေ္ဒမရနဲ့ လှမ်းကုတ်လိုက်ပါတယ်။ ဖျားပြီး အားနည်းနေတာမို့ ထိရောက်မှုမရှိပါဘူး။ ဒရယ်ဟာ လန့်ပြီး အဝေးကိုထွက်ပြေးပါတော့တယ်။
စားရခါနီးမှ လွတ်သွားတဲ့ ဒရယ်ဖိုဝဝကြီးကို လက်လွှတ်လိုက်ရတာကို ခြင်္သေ့အိုကြီးက မကျေနပ်ဘူး။ ဒါကြောင့် သူ့ တပည့်ကြီး ကိုပြန်ခေါ်ပြီး အဲဒီအကောင်ကို မရရအောင် လိမ်ညာလှည့်ဖျားပြီး ပြန်ခေါ်လာဖို့စေခိုင်းပြန်ပါတယ်။ ငယ်ကြောက်တပည့် ကြီး မြေခွေးကလည်း သူ့အရှင်သခင်ဆရာသမားရဲ့ အမိန့်အတိုင်း ဒရယ်ကြီးဆီကို ဒုတိယအကြိမ် ချဉ်းကပ်ပြန်ပါတယ်။ အသက် ဘေး ကလွတ်အောင် မနည်းပြေးခဲ့ရတဲ့ ဒရယ်ဟာ မြေခွေးကိုမြင် တော့ ဒေါသထွက်ပြီး သူ့ချိုနဲ့ခတ် ဖို့ ပြင်တာပေါ့။ ဒါပေမဲ့ ကလိမ် ကကျစ်မြေခွေးက ဒရယ်ကို အချို သတ်ပြီး ဒီလိုပြောပြန်ပါတယ်။
'စိတ်မဆိုးပါနဲ့ဗျာ။ အမြင်စောင်းပြီး အထင်လွဲကြတာပါ။ သူက ထီးနန်းလွှဲပေးမယ့်ကိစ္စကို တိုးတိုးကျိတ်ကျိတ် ခင်ဗျားနဲ့ စကားပြောဖို့ အနားကပ်လိုက်တာကို ခင်ဗျားက အထင်လွဲသွားတာကိုး။ ဒါလောက်အရေးကြီးတဲ့ ထီးနန်းလွှဲပြောင်းမှုဆိုတာ သူက ခင်ဗျားကို တိုးတိုးကျိတ်ကျိတ် မှာစရာ ကိစ္စတွေရှိမှာ သေချာတယ်။ ဒါ ကြောင့် ခင်ဗျားနားကို သူမပြောမဆို ကပ်လိုက်တာဖြစ်မယ်။ ဒီ တစ်ခါ သွားရင် မကြောက်နဲ့နော်။ သူက အားမရှိလို့ အနားမကပ်နိုင် ရင်တောင် ခင်ဗျားကပ်သွားလိုက် ပါ...'လို့ လိမ်ညာလှည့်စား ပြီး ပြောပြန် ပါတယ်။ အာဏာရူးဖြစ် နေတဲ့ ဒရယ်ကလည်း 'ရှင်ဘုရင် ဖြစ်ရချေသေးရဲ့'ဆိုတဲ့ အတွေးနဲ့ မြေခွေးလိမ်ပြီးခေါ်လာတဲ့ ခရီး လမ်းအတိုင်း ခြင်္သေ့အိုကြီးအနားထိ ကပ်သွားတာပေါ့။ ဒီတော့ ချောင်းနေတဲ့ ခြင်္သေ့က သူ့ကို အလွယ်တကူပဲ ဖမ်းယူပြီး ကိုက်စားလိုက်တော့တာပေါ့။ နှလုံးသားကို ဦးစားပေးပြီးစားသလို ကျန်တဲ့အသားတွေကိုလည်း ငတ်ငတ်နဲ့ အားပါးတရ စားတော့ တာပေါ့။
ဒီအချိန်မှာ အကြံသမား မြေခွေးက ဒရယ်ရဲ့ဦးနှောက်ကို ဝှက်ထားလိုက်တယ်။ ခြင်္သေ့ကွယ်ရာရောက်မှ သူစားမယ်ဆိုတဲ့ အတွေး နဲ့ပါ။ ဒါပေမယ့် ခြင်္သေ့အိုကြီးက သူစားချင်တဲ့ ဦးနှောက်ကို သတိရလာတဲ့အတွက် ရှာဖွေပါ တော့တယ်။ ဒါပေမယ့် လုံးဝရှာလို့ မတွေ့ဘူးတဲ့။ ဒါနဲ့ မြေခွေးကို မသင်္ကာတဲ့အသံနဲ့ ဦးနှောက်ဘယ်မလဲလို့ မေးပါတယ်။ ဒီတော့ မြေ ခွေးက ဘာပြောတယ်မှတ်သလဲ။
'ဒီဒရယ်က ဦးနှောက်ရှိဟန်မတူပါဘူး ခြင်္သေ့မင်းရယ်၊ ကျွန်တော်တို့ နှစ်ကြိမ်လောက်လိမ် ညာပြောဆိုတာတွေကို ယုံပြီး ဒီ နေရာ အထိ လိုက်လာမှတော့ ဦး နှောက်မရှိတဲ့ သတ္တဝါပဲဖြစ်မှာပေါ့။ သေချာပါတယ်...'လို့ ဆင်ခြေပေး လျှောက်ထားလိုက်သတဲ့။ ပုံပြင်ကို မြေခွေးရဲ့အကြောင်းပြချက်နဲ့ပဲ နိဂုံးချုပ်ထားပါတယ်။ အင်မတန်လှတဲ့ ဇာတ်သိမ်းမျိုးပါပဲ။ ဟုတ်တယ်လေ ဦးနှောက်မရှိ တဲ့သူဆိုတာ တစ်ကြိမ်မက နှစ် ကြိမ် လိမ်ညာတာမျိုးကိုလည်း အမှန်တရားလို့ ထင်မှတ်နေတတ်တယ် မဟုတ်လား။
ဦးနှောက်မရှိတဲ့လူတွေ မှာ စဉ်းစားဥာဏ်မရှိကြဘူး။ ဘယ်သူက လိမ်လိမ် လိမ်လို့ရတယ်။ အမှားကို အမှန်လို့ထင်နေတတ်တယ်။ အကျိုးအကြောင်း အချက်အလက်တွေအရ ဖြစ်နိုင်ခြေရှိခြင်း၊ မရှိခြင်းကို ဝေဖန်သုံးသပ်ရာမှာ အားနည်းတတ်ကြတယ်။တစ်ကြိမ် မက အလိမ်ခံနေရတာကိုတောင် အလိမ်ခံနေရတယ်ဆိုတာ မသိကြဘူး။
Credit
ထက်ကျော်

Comments
Post a Comment