ငါးရှဉ့် ပုံပြင်
ငါးရှဉ့် ပုံပြင်(ဂျပန်ရိုးရာပုံပြင်)
ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဉ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ငါးရှဉ့်တွေဟာကမ်းမကပ်ခင် သေကုန်ကြတယ်။ဒါပေမယ့်တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဉ့်တွေက ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဉ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲစျေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိလာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဉ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။
အဲဒီလျှို့ဝှက်ချက်ကတံငါသည်ဟာ လှေဝမ်းထဲမှာငါးခူးတစ်ချို့ထည့်ထားပြီးဖမ်းရတဲ့ငါးရှဉ့်ကိုငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဉ့်ကမဖြစ်မနေပြန်ခုခံရတယ်။ ငါးရှဉ့်ရဲ့"အသက်ရှင်ရေး"ဆိုတဲ့သဘာဝစိတ်ကအပြန်အလှန်တိုက်ခိုက်မှုအောက်မှာအလိုအလျှောက်ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။
တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။
ကမ်းမကပ်ခင်သေရတဲ့ငါးရှဉ့်တွေကသူတို့ကိုဖမ်းမိသွားပြီ...ဘယ်လိုပဲရုန်းရုန်းလွတ်တော့မှာမဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့အသက်ရှင်ဖို့ဆိုတဲ့မျှော်လင့်ချက်ကအလွယ်တကူပျက်စီးသွားခဲ့တယ်။ဒါကြောင့် လှေဝမ်းထဲမှာကြာကြာမနေရဘဲအချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။
တံငါသည်ကစိန်ခေါ်မှုတွေကိုသတ္တိရှိရှိရင်ဆိုင်ဖို့၊စိန်ခေါ်မှုကြောင့်ဘဝရဲ့အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။
ဂျပန်မိဘတွေကကိုယ့်သားသမီးကြီးပြင်းလို့နားလည်မှုအတင့်သင့်ရှိလာတဲ့အခါဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့်ဂျပန်လူမျိုးတွေရဲ့ဘဝစိန်ခေါ်မှုတွေကိုရင်ဆိုင်ရဲတဲ့သတ္တိ၊စွမ်းရည်တွေကြောင့်ဂျပန်နိုင်ငံကယနေ့အာရှမှာ အတိုးတက်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။
မူရင်း -- http://share.youthwant.com.tw/D31021212.html
#Credit
နိုင်းနိုင်းစနေ

Comments
Post a Comment