လိမ်ပြောမိ၍ နှုတ်သီးကွေးလိမ်သွားရသော ငှက်ညိုယောင်ခါ
ချင်း တိုင်း ရင်း သား တို့ ၏ ရိုး ရာ ပုံ ပြင် -
လိမ်ပြောမိ၍ နှုတ်သီးကွေးလိမ်သွားရသော ငှက်ညိုယောင်ခါ
=========================================
ချင်းတိုင်းရင်းသားတို့တွင် တရားစီရင်ရေးနှင့်သက်ဆိုင်
သော ရိုးရာဓလေ့ပုံပြင် များစွာရှိပါသည်။ အဆိုပါပုံပြင်များ စွာအနက် ''လိမ်၍ ထွက်ဆိုမိသော ကြောင့် နှုတ်သီးကွေးလိမ်သွားရသော ငှက်ညိုယောင်ခါ'' ဆိုသည့်ပုံပြင်လေး မှာ ထူးခြားလှသည်။
ယင်းပုံပြင်လေးမှာ ချင်းစာရေး ဆရာကိုနိုင်း (ချင်းတောင်)ရေးသား ထားသော ခါမောင်ကွေနှင့် ခါမျောင် ဒါ (နှုတ်သီးကွေးနှင့်နှုတ်သီးကောက်) ပုံပြင်လေးဖြစ်ပါသည်။
ရှေးအခါက ချင်းပြည်နယ်တောင် တန်းနယ်မှာ ကျေးရွာလေးတစ်ရွာရှိ သည်။ အဲဒီကျေးရွာလေးနာမည်က ပီယိုးနမ်ရွာလို့ခေါ်ပြီး ရွာအနီးမှာရှိ တဲ့ ညောင်ပင်ဖြူကြီးမှာ ငှက်မျိုးစုံနေ ထိုင်ကြသည်။
ငှက်အားလုံးကို တစ်ကိုယ်လုံး အမွေးတွေဆွတ်ဆွတ်ဖြူနေတဲ့ ငှက် ဖြူမင်းဆီးပီက အုပ်ချုပ်ပြီး ငှက်မင်း မှာ အမှုတော်ထမ်းငှက်ငယ်လေးကောင် ရှိပါသည်။ သူတို့တွေကတော့ အနီ ရောင်ငှက်ငယ်လေးခါရှင်း၊ အပြာ ရောင်ငှက်လေးခါကင်း၊ အဝါရောင် ငှက်လေးယောင်အာနဲ့အညိုရောင်ငှက်လေးယောင်ခါတို့ဖြစ်ပါသည်။
ငှက်တွေအားလုံးက သူတို့သ ဘာဝအတိုင်း တေးသံရှင်အဆိုတော် လေးတွေဖြစ်ပြီး သီချင်းသီဆိုလေ့ရှိ သည်။ တစ်နေ့ မိုးမလင်းမီအချိန်အ ခါမဟုတ်ဘဲ ငှက်နီခါရှင်းက အသံ လေးစာစာနဲ့ တေးသီချင်းလေးကို သီ ဆိုပါတော့သည်။ သူဆိုတဲ့သီချင်းလေး က ''အအိပ်ကြီးသူ၊ အပျင်းထူ၊ ဖြူ ဖြူဖွေးဖွေးရှိတယ်လေး။ အစားကြီး သူ၊ အပျင်းထူ၊ ဖြူဖြူဖွေးဖွေးရှိတယ် လေး၊ ရည်းလေလေ့၊ ရည်းလေလေး'' လို့ဆိုသည်။
သီချင်းသံကြားတာနဲ့ အထောက် တော်ဖြစ်တဲ့ ငှက်ပြာခါကင်းက ငှက် နီခါရှင်းကိုဘာမှမမေးတော့ဘဲ ငှက် ဖြူဆီးပီထံ သတင်းသွားပို့တော့သည်။
''ဘုရင်ကြီးငှက်နီခါရှင်းက မိုး မသောက်မီ စောစောစီးစီး ဘုရင်ကြီး ကိုစောင်းချိတ်ပြီး သီချင်းဆိုနေပါ တယ်။ အဲလိုပြုလုပ်တာဟာ မလျော် တဲ့အတွက် နောင်ဒီလိုမလုပ်ဖို့ တား မြစ်ပေးဖို့ လျှောက်တင်ခြင်းဖြစ်ပါ တယ်''လို့ လျှောက်ထားလိုက်သည်။
ဘုရင်ကြီးကလည်း ခါရှင်ငှက် ငယ်က ဘယ်လိုသီဆိုသလဲလို့ မေး လိုက်ရာ ''အအိပ်ကြီးသူ၊ အပျင်းထူ၊ ဖြူဖြူဖွေးဖွေးရှိတယ်လေး''အစချီတဲ့ သီချင်းဆိုကြောင်းပြောလိုက်ရာ တစ် ကိုယ်လုံးအမွေးဖြူတွေရှိတဲ့ သူ့ကို စောင်းမြောင်းဆိုတယ်ထင်ပြီး ဒေါသ ထောင်းခနဲထွက်သွားပြီး ခါရှင်းငှက် ကို ခေါ်ယူစစ်ဆေးလေသည်။
''မောင်မင်းခါရှင်း ဒီနေ့မနက် မိုးမလင်းမီက ဘယ်လိုသီချင်းသီဆို သလဲ''လို့မေးရာ ငှက်နီခါရှင်းကလည်း သူသီဆိုတဲ့စာသားကို ရဲရဲဝံ့ဝံ့နဲ့လျှောက် တင်လိုက်သည်။
''ကိုယ်တော်မြတ်မြှောက်စား ချီးမြှင့်ထားသဖြင့် ဆောင်းတွင်းကာ လမှာ ကိုယ်တော်မြတ်ရဲ့ နှမတော် ငှက်ဖြူမလေးနဲ့လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ ခုနွေဦးမှာ ငှက်ဖြူမက အ မွေးဆွတ်ဆွတ်ဖြူတဲ့ ငှက်သားငယ် ဖြူလေးကို ဖွားမြင်ကြောင်းပါ။ သား ငယ်လေးအိပ်မပျော်တဲ့အခါ တေးဆို ချော့သိပ်ရပါတယ်ဘုရား''လို့ ပြော လိုက်တော့မှ ငှက်ဖြူဘုရင်ကြီးသဘော ပေါက်သွားသည်။ ဘုရင်ဖြစ်နေတော့ ရာဇမာန်နဲ့လျှော့ပေါ့အပြစ်ပေးတဲ့ အနေနဲ့ အသက်ချမ်းသာပေးပြီး မော ဒဏ်ခတ်လိုက်သည်။
''မောင်မင်းစကားမှန်ပေမယ့် အများအမြင်မှာ ငါ ငှက်ဖြူဘုရင်ကို စောင်းချိတ်ဆိုတယ်လို့ မြင်စေတဲ့အ တွက် အသက်ချမ်းသာပေးပြီး သစ် ပင်ကို ဆင်သစ်တုံးကိုက်ချီကာ အပတ် တစ်သောင်းပတ်ရမယ့် မောဒဏ်ခတ် လိုက်တယ်''လို့ ဘုရင်ကပြောသည်။
ငှက်နီခါရှင်း အဲဒီလိုမောဒဏ် ခံနေရတာကို ငှက်ပြာနဲ့ အခြားငှက် ငယ်တွေက လှောင်ပြောင်ကြသည်။ ခါရှင်းလည်း ငှက်ပြာခါကင်းကြောင့် ဖြစ်ရတယ်ဆိုပြီး လက်စားချေဖို့ အမြဲ ကြံစည်နေသည်။
ငှက်ဖြူဘုရင်နဲ့ ငှက်ဝါယောင် အာမရှိခိုက် သူ့သီးနှံတွေကို ငှက်နီ ခါရှင်းကခိုးယူပြီး ငှက်ညိုယောင်ခါ ကို လိမ်လည်ထွက်ဆိုဖို့စည်းရုံးသည်။ ငှက်ညိုယောင်ခါက လည်းခါရှင်း ငှက်ပေးမယ့် ညောင်သီးတွေကိုလို ချင်နေသည်။
''ခင်ဗျားရဲ့ရင့်မည့်ချိုမွှေးနေတဲ့ အရှေ့ကိုင်းက ညောင်သီးတွေကိုတော့ စားချင်ပါရဲ့ဗျာ။ ဒါပေမဲ့ တကယ်တပ် အပ်မမြင်ဘဲနဲ့ မြင်ပါတယ်လို့မထွက် ဆိုဝံ့ဘူးဗျာ''လို့ ငှက်ညိုက ပြောပေ မယ့် ရိက္ခာရှားပါးနေတဲ့ငှက်ညို ယောင် ခါက နောက်ဆုံးမှာ ငှက်နီပေးမယ့် နှစ်ရာသီစာညောင်သီးတွေကိုလိုချင် တဲ့အတွက် လိမ်လည်ထွက်ဆိုပေး ဖို့ သဘောတူလိုက်သည်။
ငှက်ဖြူဘုရင်ဆီးပီပြန်ရောက်လာတဲ့အခါ ငှက်ဝါယောင်အာရဲ့သီး နှံတွေ ပျောက်နေတာသိရပြီး ငှက် ညို ယောင်ခါရဲ့ထွက်ဆိုချက်နဲ့ ငှက် ပြာခါကင်းခိုးယူတယ်လို့ယူဆပြီး ဖမ်း ဆီးချုပ်နှောင်စေသည်။ ငှက်ပြာခါ ကင်းက အရှုံးမပေးဘဲ ဘုရင်ကြီးထံ တွင်အယူခံလျှောက်တင်ကာ မလိမ် မညာတတ်သော ငှက်သူငယ်လေး များကို ခေါ်ယူမေးမြန်းခိုင်းသည်။
''တရားသူကြီးဘုရင်မင်းမြတ်ကြီး ခင်ဗျား။ အရွယ်ရောက်ကြီးပြင်းသူ များသည် လိမ်လည်တတ်ကြသော ကြောင့် ငှက်သူငယ်(ကလေးငယ်)များ ကို ခေါ်ယူစစ်ဆေးမေးမြန်းပေးဖို့အ ယူခံဝင်ပါတယ်။ ငှက်သူငယ်တွေကို စေ့စုံစွာနဲ့ကြားနာစစ်ဆေးပေးဖို့ တောင်း ဆိုပါတယ်''လို့ငှက်ပြာကပြောသည်။
အဲဒီတော့မှ ဘုရင်က ငှက်သူ ငယ်တွေအားလုံးနဲ့ မျက်မြင်သက်သေ ငှက်ညိုယောင်ခါကိုခေါ်ယူပြီး အမှုကို ထပ်မံစစ်ဆေးသည်။
''မျက်မြင်သက်သေ ယောင်ခါ ရေငှက်ပြာကသီးနှံ ခိုးယူတယ်ဆိုတာ မနက်လား၊ နေ့လယ်လား၊ ညလား ပြောပါဦး''လို့ဆိုလိုက်ရာ ငှက်ညိုယောင် ခါကမသိသဖြင့် ရမ်းပြီးတော့ ညအ ခါမှာခိုးယူပါတယ်လို့ ဖြေလိုက်သည်။ အဲဒီတော့ ငှက်ပြာခါကင်းရဲ့သီချင်း ဆိုသံကို ငှက်သူငယ်လေးတွေက ည အချိန်မှာကြားနေရသောကြောင့် သွားရောက်ခိုးယူရန်မဖြစ်နိုင်ကြောင်း ပေါ်လာသည်။
''ဥပဒေပညာတတ်တိုင်းက စိတ် ကောင်းစေတနာကောင်းရှိဖို့လိုအပ် ပါတယ်။ စိတ်ရင်းခံကောင်းတဲ့တရား သူကြီးသာလျှင် ပြည်သူ့တရားသူကြီး ဖြစ်နိုင်ပါတယ်။ တရားဥပဒေက တ ရားသူကြီးတွေကိုမစိုးမိုးဘူး။ ရှေ့နေ တွေကိုမစိုးမိုးဘူးဖြစ်နေတယ်။ အမှန် တော့ တရားဥပဒေက ပြည်သူတွေ အပေါ်မှာထက် တရားသူကြီးတွေ၊ ရှေ့နေတွေအပေါ်မှာစိုးမိုးရမယ်။ တ ရားသူကြီးတွေ မတရားဆုံးဖြတ်ရင် ဘယ်သူကတရားစွဲမှာလဲ။ ဘယ်လိုဆုံး ဖြတ်ကြမလဲ။ အဓိကကတော့ ဥပဒေ ကိုကိုင်ဆွဲပြီး အလုပ်လုပ်ကိုင်ကြတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေက လာဘ် မစားဖို့အရေးကြီးပါတယ်''ဟု ချင်း အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇို ဇမ်က ပြောသည်။
ရှေ့ဆက်ပြီး ဘုရင်ကြီးက ''ယောင် ခါရိက္ခာဂိုဒေါင်မှာ သီးနှံ၊ စပါး၊ ပျား ရည်တွေသိုလှောင်ထားတယ်။ ဘယ် ဟာကို အရင်ခိုးယူသွားတာမြင်လိုက် လဲ''လို့ မေးမြန်းပြန်သည်။
မျက်မြင်သက်သေအတုအ ယောင် ဖြစ်တဲ့ ငှက်ညို ယောင်ခါက ရမ်း သန်း၍ ''ပျားရည်တွေကို အရင်ခိုး ယူတာပါ''လို့ဖြေလိုက်ရာ ဘုရင်က ငှက်ဝါမင်း ပျားရည်တွေ အကုန်ပျောက် သွားသလား မေးသည်။
အခိုးခံရတဲ့ ငှက်ဝါယောင်အာ ကလည်း ''ကျွန်တော်မျိုးရဲ့ပျားရည် တွေ တစ်စက်မှမပျောက်ပါဘူး''လို့ ပြောလိုက်ရာ အမှုမှန်မှာ ထင်ထင်ရှား ရှားပေါ်လာပြီး ငှက်ပြာခါကင်း မခိုး ကြောင်း၊ ငှက်ညိုယောင်ခါ မမှန်သက် သေထွက်ဆိုကြောင်း သိသွားသည်။
ထပ်မံစစ်ဆေးလိုက်တဲ့အခါမှာ တော့ ငှက်နီခါရှင်းရဲ့အကောက်ကြံ မှုကိုသိရှိရကာ မမှန်ထွက်ဆိုသော ငှက်ညိုယောင်ခါနဲ့ ခါရှင်းကို ကျော ချင်းကပ်ပြီး ညောင်ကြိုးရှည်နဲ့အထပ် ထပ်ရစ်ချည်ကာအပြစ်ပေးထားသည်။
ထိရောက်တဲ့အပြစ်အဖြစ် သူ များအကျိုးထိခိုက်အောင် လိမ်ညာ ခိုင်းတဲ့ ငှက်နီခါရှင်းရဲ့နှုတ်ခမ်းကို လိမ်ကောက်ပြီး အောက်ကိုစိုက်ထား လိုက်ကာ မမှန်မကန်သက်သေထွက် ဆိုတဲ့ ငှက်ညိုယောင်ခါရဲ့နှုတ်သီးကို တော့ ဆွဲဆန့်လိမ်ကွေးကာ မိုးပေါ် သို့ထောင်ထားလိုက်ပြီး နောက် သစ် ခေါင်းအကျဉ်းထောင်ထဲမှာ ထည့်ထား လိုက်တော့သည်။
ထိုနေ့ထိုအချိန်မှစ၍ ယင်းငှက် ကလေးနှစ်ကောင်သည် တစ်ကောင် က နှုတ်သီးအောက်ဆိုက်ကောက်နေ ပြီး တစ်ကောင်က တွန့်လိမ်ကာ မိုး ပေါ်ထောင်နေကြပြီး သစ်ခေါင်းအောင်း ငှက်လေးတွေဖြစ်သွားကြသည်။
ဒီပုံပြင်လေးထဲမှာ သတင်းပေးမှားလို့ မတရားခံလိုက်ရတဲ့အတွက် ပြန်လည်အကောက် ကြံတာမျိုးတွေဖြစ်နိုင်ကြောင်း၊ ရိက္ခာနည်းပါး သောကြောင့် မမှန်မကန်သက်သေလိုက်တတ် သော သဘောတွေကိုတွေ့မြင်ရပြီး တရားစီ ရင်ရာတွင်မျှတပြီး ဘက်မလိုက်ဖို့လိုအပ်ကြောင်း သိရသည်။
ယနေ့အချိန်အခါမှာတော့ ခိုးမှု၊ လိမ်မှု၊ သတ်မှုများအတွက် ဥပဒေများပြဋ္ဌာန်းထားပြီး အပြစ်သားများအား အကျဉ်းချခြင်း၊ တစ်ကျွန်း နဲ့သေဒဏ်များချမှတ်ကြသည်။
''ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတယ်။ ငွေရှိတဲ့သူက အမှုနိုင်နေတယ်။ ဆင်းရဲသား တွေက ခံရတဲ့ဘက်ချည်းဖြစ်နေတယ်။ အဲဒါ တွေမဖြစ်ဖို့ လိုအပ်ပါတယ်။ ငွေပေးလိုက်လို့ ဘက်လိုက်ပြီး ဆုံးဖြတ်ချက်ချနေတာမျိုး မဖြစ် သင့်ပါဘူး''ဟု ကုမ္ပဏီဝန်ထမ်း ဦးရဲကပြောသည်။
ယင်းကိစ္စနဲ့ပတ်သက်၍ ချင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်ကလည်း ''လာဘ်များ များပေးနိုင်မှ ပိုက်ဆံများများပေးနိုင်မှ အမှု နိုင်မယ်ဆိုတာတွေဖြစ်နေတယ်။ တရားသူ ကြီး၊ ရှေ့နေတွေက အမှုကိုမြန်မြန်ပြီးဖို့အရေး ထက် အမှုမပြီးအောင် အချိန်ဆွဲပြီးလုပ်စား တာမျိုးရှိနေပါတယ်။ အုပ်ချုပ်တဲ့လူတန်းစား တွေက ဥပဒေကိုခြိမ်းခြောက်တဲ့လက်နက်အ ဖြစ်အသုံးပြုကြတာမျိုး မဖြစ်သင့်ပါဘူး။ ဥပဒေ ဆိုတာ ပြည်သူကိုထောက်ပံ့ဖို့လား။ ခြိမ်းခြောက် ဖို့လား။ တကယ်တမ်းတော့ ပြည်သူကိုအကျိုး ပြုဖို့ဖြစ်သင့် တယ်''ဟု ထပ်မံသုံးသပ်သည်။
သို့ဖြစ်၍ ချင်းတိုင်းရင်းသားတို့၏ပုံပြင် လေးသည် မှန်ကန်စွာတရားဆုံးဖြတ်နိုင်ရေး ကို မီးမောင်းထိုးပြသထားကြောင်းနှင့် တရား စီရင်ရေးတွင် ကျောသားရင်သားမခွဲခြားဘဲ တိုင်းရင်းသားအားလုံးကို တန်းတူထားကာ အထင်လွဲဆုံးဖြတ်ခြင်း၊ ဘက်လိုက်ဆုံးဖြတ် ခြင်းများမရှိဘဲ ဆုံးဖြတ်ပေးနိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား ဖော်ပြလိုက်ခြင်း ပင်ဖြစ်ပါသည်။
#Credit
Yangon Media Group

Comments
Post a Comment