မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီ ပုံပြင်


အမျိုးသမီးငယ် တစ်ဦးဟာ သူမရဲ့ အမေထံကိုသွားပြီး ဆိုးဝါးလှတဲ့ သူမဘ၀အကြောင်းကို ရင်ဖွင့်ပြောဆိုနေခဲ့တယ်..။ သူမဟာ ဒီ လောကဓံကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ကြောင်းနဲ့ အရှုံးပေးချင်စိတ် ဖြစ်ပေါ်နေကြောင်းတွေကိုပါ ပြောပြလျက်ရှိပါတယ်..။
သူမအတွက် ပြသနာတွေဟာ တစ်ခုပြီးတစ်ခု ရောက်ရှိလာတယ်..။ ဖြေရှင်းလို့ကို မပြီးနိုင်ဘူးဆိုပြီး ညည်းညူနေပြန်တယ်..။ သူမအမေဟာ သူမကို မီးဖိုချောင်ထဲသို့ ခေါ်သွားခဲ့တယ်…။ အိုး သုံးလုံးကို ရေထည့်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်..။ ခဏအကြာမှာ ရေနွေးပွက်လာတော့ သူမ အမေဟာ ပထမအိုးထဲကို မုန်လာဥ၊ ဒုတိယအိုးထဲကို ကြက်ဥနဲ့ တတိယအိုးထဲကို ကော်ဖီမှုန့်တွေ အသီးသီးထည့်လိုက်တယ်..။
သူမဟာ သမီးဖြစ်သူကို မိနစ်၂၀လောက်ထိုင်ပြီး စောင့်ကြည့်စေပြီး အဲ့ဒီနောက်မှာ မီးဖိုက မီးကို ငြိမ်းလိုက်တယ်..။ ပြီးတော့ ပထမအိုးထဲကနေ မုန်လာဥကို ထုတ်ပြီး ပန်းကန်လုံးထဲထည့်လိုက်တယ်…။ ပြီးတော့ ကြက်ဥ။ နောက်ဆုံး ကော်ဖီ တို့ကို ခွက်ထဲထည့်ထားလိုက်တယ်..။ ပြီးတော့ သူမ သမီးဘက်ကိုလှည့်ပြီး…
"ကဲ… သမီး… ဘာတွေ့လဲ..အမေ့ကို ပြော…"
"မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီခွက်လေ အမေရဲ့…" လို့ သမီးဖြစ်သူက ပြန်ဖြေတယ်..။ အမေဖြစ်သူက သမီးကို မုန်လာဥကို ကိုင်ကြည့်ပါလို့ ပြောလိုက်တယ်..။ သူမဟာ ပျော့ပျောင်းနေတဲ့ မုန်လာဥကို သတိပြုမိလိုက်တယ်..။ ကြက်ဥပြုတ်ကိုလည်း အခွံနွှာလိုက်တဲ့အခါမှာ မကျတ် တကျတ် ဖြစ်နေတဲ့ ကြက်ဥပြုတ် တစ်လုံးနဲ့ နောက်ဆုံး ကော်ဖီ တစ်ခွက်ကိုလည်း မြည်းကြည့်ဖို့ပြောတဲ့အတွက် သူမ တစ်ငုံသောက်ကြည့် လိုက်တယ်.။ သူမဟာ အမေဖြစ်သူ ဘာလို့ ဒီလိုတွေ လုပ်ခိုင်းနေလဲဆိုတာ နားမလည်နိုင်တာနဲ့ပဲ
"အမေ… ဘာကိုဆိုလိုမှန်း သမီးတော့ နားမလည်တော့ဘူး.."
"ဒီ မုန်လာဥ၊ ကြက်ဥ၊ ကော်ဖီမှုန့်ဆိုတဲ့ ပစ္စည်းသုံးမျိုးလုံးဟာ တူညီတဲ့ ရေနွေးဆိုတဲ့ အရာနဲ့ ထိတွေ့ခဲ့ကြတယ်..ဒါပေမယ့် သူတို့ အပေါ် သက်ရောက်ပုံခြင်း ကျတော့ မတူခဲ့ဘူး..။ မုန်လာဥဟာ ရေနွေးနဲ့ မထိခင် သန်မာပြီး မာကျောခဲ့တယ်..။ ဒါပေမယ့် ရေနွေးနဲ့ထိပြီး အခါမှာ လုံး၀ကို ပျော့သွားခဲ့တယ်..။ ကြက်ဥဆိုတာ အရမ်းကို နူးညံ့တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် သူကျတော့ ရေနွေးနဲ့တွေ့တဲ့အခါမှာ ပိုပြီး သန်မာ လာခဲ့တယ်..။ ကော်ဖီမှုန့်တွေကတော့ အရမ်းကို လိမ္မာပါးနပ်တယ်..။ သူတို့ဟာ ရေနွေးနဲ့တွေ့ပြီးနောက်ပိုင်း သူတို့ပါ အရည်အဖြစ် ပြောင်းလဲပစ်လိုက်တယ်.."
"သမီးက ဘယ်ဟာလဲ…… ရေနွေးနဲ့တူတဲ့ လောကဓံက ကိုယ့်အပေါ် သက်ရောက်လာပြီဆိုရင် ဘယ်လိုတုံ့ပြန်မလဲ…? မုန်လာဥလား.. ကြက်ဥလား.. ကော်ဖီမှုန့်လား…ကိုယ်ဟာဘာလဲ ဆိုတာကို သေချာစဉ်းစားပါ.. လောကဓံကို အရှုံးပေးပြီး ပျော့ပြောင်းသွားတဲ့ မုန်လာဥ လား… ဒါမှမဟုတ် လောကဓံကြောင့်ပဲ ပိုမိုသန်မာလာတဲ့ ကြက်ဥလား… ဖြစ်လေရာ ဘ၀မှာ ပျော်နေတတ်တဲ့ ကော်ဖီမှုန့်ပဲလား… ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ….."
ဒီ ၀တ္တုတိုလေးက ဒီလောက်ပါပဲ…။ စဉ်းစားစရာတွေ အများကြီးပါ၀င်ပါတယ်..။ သင်ကိုယ်တိုင်ရော သင့်ကိုယ်တိုင် ဘာနဲ့ တူလဲလို့ စဉ်းစားမိသလဲ… မုန်လာဥလား..၊ ကြက်ဥလား.. ၊ ကော်ဖီလား….။
အောင်ထွန်းဦး
#Credit

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်