ပိရိအောင်မလိမ်တတ်သူ
ပိရိအောင်မလိမ်တတ်သူ ........
လှေသဘောင်္တွေနဲ့ ခရီးသွားသူတို့ဟာခွေးတွေမျောက်တွေကို ခေါ်သွားလေ့ရှိတယ် ။
ကြာရှည်လှတဲ့ ရေလမ်းခရီး တစ်လျှောက်မျာ အပျင်းဖြေအချိန်ကုန်လွန်စေဖို့တဲ့ ။
ခရီးသွားတစ်ယောက်ကတော့ မျောက်ကိုခေါ်ခဲ့တယ် ။
အာတိတ်ကမ်းခြေမှာရှိတဲ့ ဆူနီအမ် အငူက ထွက်လာရင်ပဲ ပြင်းထန်တဲ့မုန်တိုင်းကြီးကျပါလေရော။
မုန်တိုင်းဒဏ်ကြောင့် လှေလည်း မှောက်သါားတယ် ။
ဒီတော့ လူတွေရေထဲကျကုန်တယ် ။ခုနကမျောက်လည်းကျသွားတာပေါ့ ။ သူတို့ ဟာတွယ်စရာတစ်ခုကိုဖက်ပြီး ပင်လယ်ထဲ
မျောနေတာပေါ့ ။ လင်းပိုင်ငါးဟာ မျောက်ကို လူထင်မှတ်ပြီး သူ့ကျောပေါ်တင်ကာ ကမ်းဆီကယ်ဆယ်သွားတယ်။
အေသင်ပြည် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုင်ရီအပ်စစ် ကိုလည်း ရောက်ရော လင်းပိုင်ငါးက
" ခင်ဗျားဟာ အေသင်ပြည်သားလား " လို့မေးပါတယ်။
မျောက်ကလည်း ဟုတ်ပါတယ် လို့ပြန်ဖြေလိုက်တယ် ။ဒါတင်မက ဘူး ကျွန်တော့် မိဘတွေ ဟာအေသင်ပြည်မှာ
အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါ လို့ ထပ်ပြောလိုက်သေးတယ် ။
" ပိုင်ရီအပ်စ် ကိုသိပါသလား " လို့မေးတယ် ။မျောက်က ပိုင်ရီအပ်စ်ဆိုတာ လူနာမည်ဖြစ်လိမ့်မယ်လို့ထင်နေတာကိုး ။
ဒါကြောင့် ပိုင်ရီအပ်စ်ကို ကောင်းကောင်းသိတဲ့ အကြောင်း၊ ပိုင်ရီအပ်စ်ဟာ သူ့မိတ်ဆွေဖြစ်တဲ့ အကြောင်း ပြောဆိုတာပေါ့ ။
သူလိမ်ညာနေမှန်း လင်းပိုင်က သိသွားပြိး စိတ်အတော်ဆိုးသွားတယ် ။
သူ့ကိုလည်း ကျောပေါ်က ခါချပစ်လိုက်တာပေါ့ ။ ဒီလိုနဲ့မျောက် ဟာ ရေနစ်သေဆုံးသွားပါတယ် ။
(လူတွေဟာ မိမိကိုယ်တိုင် မသိမကျွမ်းတဲ့ ကိစ္စကို အခြားသူတွေ ယုံကြည်မယ်ထင်ပြီး ပုံပြင်ထဲကမျောက်လိုပဲဖြီးတတ်သူ တွေအများကြီးပါ )
ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်)
အီစွတ် ပုံပြင်ပေါင်းချုပ် မှ
ပြန်လည်တင်ပြပါသည် . . . .

Comments
Post a Comment