မှတ်သားဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်။
(ခဏခဏ ပြန်ဖတ်သင့်သော စာစုမို့ တင်ပေးတာပါ။ အသိ သတိ နဲ့ ထိန်းကြရအောင်...။)
တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ဟာ သူ့ရဲ့ အိမ်နီးချင်း ကောင်ကလေးတစ်ယောက်နဲ့ပတ်သက်၍ အဲဒီကောင်ကလေးဟာ သူခိုးလေးတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး ကောလဟာလဖြန့်လိုက်ပါတယ်။
အဲဒီရလဒ်အနေနဲ့ ကောင်ကလေးကို သူခိုးဆိုပြီး ဖမ်းဆီးလိုက်ကြတယ်။ ရက်အတန်ကြာစစ်ဆေးပြီးတဲ့ အခါမှာတော့ အဲဒီကောင်လေးမှာ အပြစ်မရှိဘဲ အပြစ်ကင်းစင်သူတစ်ယောက်သာဖြစ်တယ်ဆိုတာ သိရပြီး တရားသေလွှတ်ပေးလိုက်ကြပါတယ်။
နောက်တော့ ကောင်းလေးက အဖိုးကြီးကို မှားယွင်းစွာစွပ်စွဲပြောဆိုခဲ့မှု၊ အသရေဖျက်မှု အတွက် တရားစွဲပါတော့တယ်။
တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အခါ အဖိုးကြီးက တရားသူကြီးကို အောက်ပါအတိုင်း လျှောက်လှဲပါတယ်။
"အဲဒါက ထင်မြင်ချက်လေးပဲ ပေးခဲ့မိတာပါ။ ဘယ်သူ့ကိုမှ နာကျင်ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ပါဘူး" လို့ လျှောက်လှဲတော့တာပေ့ါ။
တရားသူကြီးမှ အဖိုးကြီကို ပြစ်ဒဏ်မချမှတ်မှီ အောက်ပါအတိုင်းပြောလိုက်ပါတယ်။
"ခင်ဗျား.... ဒီကောင်ကလေးနဲ့ ပတ်သတ်ပြီးပြောဖြစ်ခဲ့တာတွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပါ။ ပြီးရင် တစ်စဆီ စုတ်ဖြဲပြစ်လိုက်ပြီး အိမ်အပြန်လမ်းမှာ လွှင့်ပစ်ခဲ့လိုက်ပါ။ မနက်ဖြစ်မှာ ရုံးတော်ကိုပြန်လာပြီး အမှုဆက်လက်ကြားနာစစ်ဆေးပါ့မယ်။"
နောက်တစ်နေ့ရောက်တော့.. တရားသူကြီးက အဖိုးအိုကို အောက်ပါအတိုင်းပြောပါတယ်။
"ပြစ်ဒဏ် မချမှတ်မှီ.. ခင်ဗျား အပြင်ထွက်ပြီး မနေ့က တစ်စစီစုတ်ဖြဲလွှတ်ပစ်ခဲ့တဲ့ စာရွက်အပိုင်းအစတွေပြန်ကောက်ယူခဲ့ပါ"
"အဲဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ လေတိုက်လို့ လေနဲ့အတူဘယ်တွေလွင့်ကုန်မှန်းမသိလို့ ဘယ်တောင်လိုက်ရှာရမယ် မသိပါဘူး" လို့ အဖိုးကြီးကပြန်ပြောပါတယ်။
"အဲဒါက ယခုဖြစ်စဉ်နဲ့အတူတူပါပဲ။ ရိုးရှင်းပါတယ်ဆိုတဲ့ ထင်မြင်ချက်လေးတစ်ခုကတောင် လူတစ်ယောက်ရဲ့ရိုးသားမှုဂုဏ်ကိုထိခိုက်နိုင်ပါသေးတယ်။ အဲဒီလောက်အတိုင်းအတာစာရွက်လေးတစ်ခုကတောင် ပြန်ပြီး စုစည်းလို့မရနိုင်ဘူးဆိုရင် ခင်ဗျားပြောလိုက်မိတဲ့ ထင်မြင်ချက်လေးက ပတ်၀န်းကျင်ကို ဘယ်လောက်တောင်ပြန့်သွားပြီလဲဆိုတာ ဒီစာရွက်လေးတွေ ကိစ္စနဲ့အတူတူပါပဲ" လို့ တရားသူကြီးက ပြောပြပြီး အမှုစီရင်လိုက်ပါတယ်။
ကျွန်တော်တို့အားလုံး လူတစ်ယောက်ရဲ့ ကောင်းတဲ့အကြောင်းကို မပြောနိုင်ရင် သူနဲ့ပတ်သက်တာ ဘာအကြောင်းမှ မပြောတာ အကောင်းဆုံးပဲ ဆိုတာ ဒီဇာတ်လမ်းက သက်သေပါပဲ။
ကိုယ်နှုတ်အမူအရာကို စည်းစောင့်ခြင်းဖြင့် မိမိပါးစပ်က မိမိကို ဒဏ်ခတ်ခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။
ဖတ်မိတဲ့ နိုင်ငံခြားစာပေလေးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
#UAungMinSwe
Comments
Post a Comment