ပုံပြင် (၃)
ပုံပြင် (၃)
တစ်ခါက သူကြွယ်တစ်ဦးဟာ ရေစီးသန်တဲ့မြစ်ကို ကူးဖြတ်ရင်း လှေမှောက်သွားခဲ့လို့ မြစ်လယ်မှာရှိတဲ့ ကျောက်တုံးတစ်တုံးပေါ် တက်ပြီး အကူအညီရဖို့ အော်ဟစ်နေခဲ့တယ်။
အဲဒီအချိန်မှာ
လူငယ်တစ်ဦး ရောက်လာခဲ့တယ်။ လူငယ်ဟာ ကိုယ့်အသက်ကိုမှမမှုဘဲ သူကြွယ်ကိုကယ်ဖို့ လှေကိုလှော်ခတ်ခဲ့တယ်။
ဒါပေမယ့် ရေစီးသန်တဲ့အတွက် လှေကထင်သလောက်
အမြန်မလှော်နိုင်ခဲ့ဘူး။
“ငါ့ကို မြန်မြန်ကယ်ပါ.. ငါ့ကိုကယ်နိုင်ရင် မင်းကို ငွေတစ်ထောင်ပေးမယ်”
သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့အတွက် လှေကဖြေးဖြေးပဲ ရွေ့လျားနိုင်ခဲ့တယ်။
“မြန်မြန်လှော်ပါ.. ဒီအရောက်လှော်ခဲ့ရင် ငါငွေနှစ်ထောင်ပေးမယ်”
လူငယ်က အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက်အရာမရောက်ခဲ့ဘူး။
“ရေတွေတက်လာပြီ .. အားစိုက်စမ်းပါ။ မင်းကိုငွေငါးထောင်ပေးမယ်”
သူကြွယ်ကအော်ဟစ်တယ်။ ရေက သူရပ်ထားတဲ့ကျောက်တုံးကို တဖြည်းဖြည်း မြုပ်လာခဲ့ပြီဖြစ်တယ်။
လူငယ်ဟာ သူကြွယ်ဆီ လှော်ခတ်နေတဲ့ လှေလှော်နှုန်းဟာလည်း တဖြည်းဖြည်း ပိုနှေးသွားတယ်။
“မြန်မြန်လှော် ငါ တစ်သောင်းပေးမယ်”
သူကြွယ်ရဲ့ ခြေကို ရေစမြှုပ်နေပြီဖြစ်တယ်။
ဒါပေမယ့် လှေသွားနှုန်းက ပိုနှေးလာခဲ့တယ်။
“ငါးသောင်းပေးမယ်.. ငါးသောင်း…. “
စကားတောင်ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီးတစ်လုံးကြောင့် သူကြွယ်မြစ်ထဲကျ နစ်မြုပ်ပြီး ရေနောက်လိုက်ပါသွားခဲ့တယ်။
လူငယ်က လှေကိုကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့
“ခင်ဗျားကို ကျွန်တော်ကယ်မလို့ပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေလာပေးခဲ့ရသလဲ! တစ်ကြိမ်ပြီးတစ်ကြိမ်
ငွေတွေတိုးပေးခဲ့လို့ ကျွန်တော်ဖြေးဖြေးလှော်ရင် ငွေပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။
`` ဒါကြောင့် ရေနောက်ခင်ဗျားပါသွားခဲ့တယ်။ ကျွန်တော်ကြောင့် ခင်ဗျားအသက်ဆုံးရှုံးခဲ့ရတယ်။´´
``ဒါပေမယ့်… ခင်ဗျားကိုကယ်ဖို့ ကျွန်တော်စိတ်ထဲမှာ ရိုးသားမှုတွေပဲရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိချိန်မှာ ခင်ဗျားဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေပေးမယ်လို့ ပြောခဲ့ရသလဲ?”
ကျွန်တော်တို့တွေရဲ့ တန်းဖိုးမရှိ အသုံးမကျတဲ့ အတ္တတွေ ၊ မာနတွေ ရဲ့ အော်ဟစ်မှုတွေကပဲ ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေပြီး ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေစေသလို ဖြစ်နိုင်တာကို ဂရုပြုသတိထားဖို့ လိုပါမယ်။
(Blog တစ်ခုမှ ဖတ်ဖူးသောပုံပြင်တစ်ပုဒ်ကို ပြန်လည်ဝေမျှပါသည်။)

Comments
Post a Comment