မင်းသမီးလေး နှင့် ဖူးစာရှင် ပဟေဠိ
မင်းသမီးလေး နှင့် ဖူးစာရှင် ပဟေဠိ
ဟိုးရှည်ရှည်တုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်လှပတဲ့ မင်းသမီးလေး တစ်ပါးရှ်ိတယ်။အဲ့ဒီမင်းသမီးလေးကို ဝိုင်းဝန်းပိုးပန်းနေကြတဲ့ပတ်ဝန်းကျင်တိုင်းပြည်က ဘုရင် ၃ ပါးလည်းရှိပါတယ်။အဲ့ဒီဘုရင် ၃ ပါးကလည်း မင်းသမီးလေးအတွက်နဲ့ တစ်တိုင်းပြည် တစ်တိုင်းပြည်စစ်တွေဖြစ်နေကြသတဲ့။ အဲ့တော့မင်းသမီးလေးက အလွန်စိတ်ရှုပ်နေတာပေါ့။ ဒီလိုနဲ့ မင်းသမီးလေးက အိမ်ထောင်ဖက်တစ်ယောက်ယောက်ကို ရွေးချယ်လိုက်ရင် ပြသနာတွေငြ်ိမ်းသွားမယ်ဆိုပြီး အကြံတစ်ခုထုတ်လိုက်တယ်။မင်းသမီးလေးဟာသူနဲ့လက်ဆက်မဲ့သူကို ရွေးချယ်မဲ့ပြိုင်ပွဲကြီးတစ်ခုလုပ်ပြီး အနိုင်ရသူနဲ့လက်ဆက်ဖို့ပေါ့။ ဒီလိုနဲ့ အိမ်နီးချင်းနိုင်ငံတွေ အားလုံးကို ပြိုင်ပွဲ၀င်ဖို့ ဖိတ်စာဖိတ်ပြီး ပြိုင်ပွဲကိုကျင်းပခဲ့တယ်။ သို့ပေမယ့်လည်းမင်းသမီးလေးမှာ စိုးရိမ်စရာဖြစ်လာပြန်တယ်။
ပြိုင်ပွဲမှာဘုရင် ၃ ပါးလုံးဟာ မင်းသမီးလေး စစ်ဆေးသမျှ မေးခွန်းတွေ ဓားခုတ်၊ မြင်းစီး၊ လေးတင်
အားလုံးကို အခြားသူတွေထက်ကျော်လွန်ပြီး နောက်ဆုံးမှာ သူတို ၃ဦးရဲ့အစွမ်းတွေက တူညီနေကျပြန်တယ်။ မင်းသမီးလေးလည်း စဉ်စားမရ
ဖြစ်နေတာပေါ့။ အဲ့ဒီအချိန်မှာ မင်းသမီးရဲ့ ဦးရီးတော်က မင်းသမီးလေးကိုအကြံပေးခဲ့တယ်။ ဘုရင် ၃ ပါးကို မှော်စျေးတန်းကိုသွားပြီး အစွမ်းအထက်ဆုံးမှော်ပစ္စည်း ကိုရှာလာနိုင်သူကိုမင်းသမီးလေးက လက်ထက်မယ်လို့ကြေညာလိုက်တယ်။မှော်စျေးတန်းကိုသွားရမယ့့်ခရီးကဘီလူးတွေ၊နဂါးတွေ ရှိပြီး နယ်မြေအလွန်ကြမ်းတာကြောင့် မည်သူမှမသွားရဲကြဘူး။
မင်းသမီးလေးကလည်း သူတို့မသွားနိုင်ရင်တော့
လက်လျော့မှာပဲဆိုပြီး ဒီလိုအကြံထုတ်တာပေါ့။ သို့ပေမယ့် ဘုရင် ၃ပါး ရဲစွမ်းသတ္တိ ရှိတာကြောင့်
မှော်စျေးတန်းရှိရာကို ထွက်ခဲ့ကြတယ်။လမ်းခရီးမှာ အခက်အခဲတွေကို အတူတူရင်ဆိုင်ဖြေရှင်းရင်းဘုရင်သုံးပါးကမှော်စျေးတန်းရှိရာကို ရောက်သွားတော့တယ်။ဒီလိုနဲ့ သူတို့ဟာ မှော်ပစ္စည်းတွေ တစ်ယောက်တစ်မျိုးစီဝယ်လာကြတာပေါ့။ သူတို့ အချင်းချင်း မိမိ မှော်ပစ္စည်းတွေကို ပြကြတာပေါ့။ တစ်ယောက်က ဘယ်နေရာကို မဆိုကြည့်နိုင်တဲ့ မှော်မှန်တစ်ချပ်၊ နောက်တစ်ယောက်က ဘယ်နေရာကို မဆို
အမြန်ဆုံးသွားနိုင်တဲ့ ကောဇောပျံ၊ နောက်ဆုံး
တစ်ယောက်ကတော့ သေသူကိုပြန်ရှင်အောင်လုပ်
နိုင်တဲ့ ဆေးရည်တွေရယ် ပေါ့။သူတို့က သူ့မှော်ပစ္စည်းက အကောင်းဆုံး ငါ့မှော်ပစ္စည်းက အကောင်းဆုံး ဆိုပြီးပြောဆိုကြသတဲ့။ ဒါနဲ့ မှော်မှန်ချပ်ပိုင်ရှင်က ငါ့မှန်ရဲ့အစွမ်းကို ငါစမ်းပြမယ်။
ဘယ်နေရာကို ကြည့်ချင်လဲလို့မေးလိုက်တယ်။
ကျန်တဲ့သူတွေက သူတို့ချစ်ရတဲ့ မင်းသမီးလေး
ကိုကြည့်ရအောင်လို့ပြောတယ်။ ဒါနဲ့မှော်မှန်ချပ်
နဲ့မင်းသမီးလေးကို ကြည့်လိုက်တယ်။ မင်းသမီးလေးက ခုတင်တစ်ခုပေါ်မှာ လဲလျောင်းနေပြီး
ကျန်တဲ့သူတွေကို ငိုနေတာကိုသူတို့ ၃ယောက်လုံးတွေ့လိုက်ရတယ်။
သူတိုသွားနေတဲ့ အချိန်မှာမင်းသမီးလေးက
ရောဂါတစ်ခုကြောင့် ကွယ်လွန်သွားကြောင်း
ပြောနေကြတယ်။ဘုရင် ၃ပါးလည်း ပူဆွေးသောကရောက်ကုန်တာပေါ့။ အဲဒီအချိန်မှာ မှော်ဆေးရည်ပိုင်ရှင်က မင်းသမီးလေးအသက်ကို
ဆေးရည်နဲ့ ကယ်နိုင်တာကိုသတိရသွားတယ်။
ဒါပေမယ့် ဆေးရည်က မင်းသမီးကို ၃ ရက်အတွင်း
မတိုက်နိုင်ရင် ပြန်အသက်မရှင်နိုင်ဘူး သူတို့ပြန်ရမယ့် ခရီးကနှစ်နဲ့ချီပြီး ကြာမှာဖြစ်တာကြောင့်
မမှီနိုင်ပြန်ဘူး။ ဒါပေမယ် ကယ်နိုင်ပါတယ် လို့
ကောဇောပျံ ပိုင်ရှင်က ပြောတယ် သူ့ကောဇောပျံနဲ့ဆို တစ်ရက်အတွင်း မင်းသမီးလေး ဆီကိုပြန်နိုင်တယ်လို့ပြောတယ်။ ဘုရင် ၃ပါးလည်း
အချိန်မဆွဲတော့ပဲ အမြန်ဆုံးပြန်လာတော့တာပေါ့။
ရောက်တယ်ဆိုတာနဲ့ပဲ မင်းသမီးလေးကိုမှော်ဆေးရည်ကိုတိုက်လိုက်တာနဲ့ မင်းသမီးလေးကပြန်အသက်ရှင်လာတာပေါ့။အားလုံးလည်းဝမ်းသာသွားတော့တာပေါ့။ ဝမ်းမသာနိုင်တာကတော့ မင်းသမီးလေးပေါ့
ဘာလို့လဲဆို ဘုရင် သုံးပါးထဲက ဘယ်သူကိုရွေးရမလဲ ဆုံးဖြတ်ရခက်ပြန်တယ်။စာဖတ်သူတို့လည်း ဘယ်သူ့ကိုရွေးရမလဲ ဆိုတာ မင်းသမီးလေးကိုဝိုင်းစဉ်းစားပေးပါအုံး။ တကယ် အဓိကကျပြီး ရွေးချယ်ရမယ့်သူကိုရွေးချယ်ပေးပါ။
( ၁ ) မင်းသမီးလေး သေးဆုံးသွားတာကိုကြည့်နိုင်ခဲ့တဲ့ မှော်မှန်ပိုင်ရှင်။
( ၂ ) အမြန်ဆုံးပြန်နိုင် အောင်ကူညီပေးတဲ့ကော်ဇောပျံပိုင်ရှင်။
( ၃ ) မင်းသမီးလေး အသက်ပြန်ရှင်အောင်လုပ်ပေးတဲ့ မှော်ဆေးရည်ပိုင်ရှင်။
အဖြေကတော့ သုံးယောက်လုံးဖြစ်နိုင်ချေရှိပါတယ်။
သိုပေမယ့် တကယ်အသုံးဝင်ခဲ့တဲ့ မှော်ပစ္စည်းပိုင်ရှင်ကိုပဲ ရွေးချယ်ပေးပါ။

Comments
Post a Comment