ထိုသုံးဦး
ထိုသုံးဦး( မွန်ပုံပြင်)
“ ငါးရိုးမျက် လက်တို ” ဆိုတဲ့ ဗမာစကားပုံရှိသလို မွန်စကားပုံမှာလည်း ငလက်ပြတ် ကြွက်တွင်းနှိုက်သလို ” ဆိုတဲ့ စကားပုံရှိတယ်။ သူ့စကားပုံရဲ့အဖွင့်ကတော့ -
ရှေးရှေးတုန်းက အကန်းရယ်၊ အကျိုးရယ်၊ နားထိုင်းတဲ့အထိုင်းတစ်ယောက်ရယ် သူငယ်ချင်း သုံးယောက်ရှိကြတယ်။ တနေ့တော့ ဒီသူငယ်ချင်း သုံးယောက်ဟာ လယ်ထဲဆင်းပြီး ကြွက်တူးဖို့သွားကြတဲ့အခါ ငထိုင်းက ပေါက်တူးနဲ့ကြွက်တွင်းကို တူးပြီး မောလာတာနဲ့ငကန်းကို တွင်းထဲမှာ ကြွက်ရှိမရှိ ကြည့်ခိုင်းတယ်။
ဒီတော့ ငကန်းက ဘာမှမမြင်ရတဲ့ မျက်စိနဲ့ကြွက်တွင်းကို ငုတ်ကြည့်ပြီး သူဘာမှမမြင်ရပေမယ့် ငထိုင်းနဲ့ငကျိုးကို “ ကြွက်တွေများလှတယ် ၊ ကြွက်အမြီးတွေ ရှုပ်ပွနေတာပဲ ” လို့ပြန်ပြောပါရော ။ ဒီတော့ နားထိုင်းနေတဲ့ ငထိုင်းက ကြွက်တွင်း၀ မှာ နားနဲ့ကပ်ပြီး နားထောင်ကြည့်သတဲ့။ ပြီးတော့ ဘာသံမှမကြားတဲ့ ငထိုင်းက ငကန်းနဲ့ငကျိုးကို “ ကြွက်တွေနည်းနည်းရှိတာမှ မဟုတ်တာပဲ၊ အသံတွေက ဆူညံလို့” လို့ပြောတယ်။
ဒီအခါ ငကျိုးက ဧကန္တ ကြွက်တွေရှိမှာ သေချာတယ် ။ ငါနှိုက်မယ်လို့ပြောပြီး ကြွက်တွင်းထဲကို သူ့လက်ပြတ်နဲ့နှိုက်ပါလေရော။ လက်ပြတ်လက်တို ငကျိုးက နှိုက် တွင်းနက်နက်ပိုင်းကို ဘယ်မှီပါ့မလဲ ။ ဒါပေမဲ့ သူက “ ငါနှိုက်တာ ကြွက်တွင်းဆုံးသွားပြီး၊ ကြွက်တကောင်မှမရှိပါကလား”တဲ့။
ဒါကြောင့် ရှေးမွန်လူကြီးသူများက စကားပုံခိုင်းနှိုင်းတဲ့အခါ “ ငလက်ပြတ် ကြွက်တွင်းနှိုက်သလို တွင်းဆုံးသွားပြီးလို့မလုပ်ကြနဲ့ ” လို့ဆုံးမလေ့ရှိကြတယ်။
လူထုဦးလှ

Comments
Post a Comment