ကြွက်နှင့်ဖား*

*********ကြွက်နှင့်ဖား************
တစ်ရံရောအခါက ကြွက်တစ်ကောင် နှင့် ဖားတစ်ကောင်သည် မြေနိမ့်ပိုင်း၌ သူဘုရင်ဖြစ်ထိုက်သည်၊ ငါဘုရင်ဖြစ်ထိုက်သည် ဟူ၍ အငြင်းအခုံဖြစ်ကြသည်။ ငြင်းခုံမှုမှာ အတောမသတ်နိုင်ဘဲ ရှိလေရာ နောက်ဆုံး၌ သူတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ပြုတိုက်ခိုက်ခြင်းကို ပြုကြ၏။
အစတွင် ကြွက်သည် မြက်ပင်များအောက်မှနေ၍ ဖားကို ချောင်းမြောင်းတိုက်ခိုက်ရာ ဖားသည် များစွာပင် အခက်အခဲတွေ့ရှိရသည်။ ထိုအခါ ဖားသည် ကြွက်ကို ရှင်လင်းသော ကွင်းပြင်ထဲ၌ သူရဲကောင်းပီပီ တိုက်ခိုက်ရန် ချိန်းဆို၏။ ကြွက်လည်း ဖား၏ ချိန်းဆိုချက်ကို လက်ခံလိုက်၏ သို့ဖြင့်သူတို့နှစ်ဦးသည် ကျူရိုးတံတို့ကို လှံတံအဖြစ် အသုံးပြုကာကွင်းထဲ၌ တိုက်ခိုက်ကြ၏။
ထိုအခိုက် စွန်တစ်ကောင်သည် လေဟုန်စီးလျက် ပျံသန်းလာရာမှ သူတို့နှစ်ဦးကို တွေ့ရှိသွားခဲ့၏။ ဤတွင် သူသည် ခပ်လှမ်းလှမ်းမှနေလျက် အရိပ်အခြည်ကို စောင့်ကြည့်နေ၏။ ထို့နောက်သူသည် သူ့၏ရန်ကို ဂရုမပြုနိုင်ကြပဲ တစ်ဦးနှင့်တစ်ဦး တိုး၍ တိုက်ခိုက်လျက်ရှိကြသော ကြွက်နှင့်ဖားတို့ကို အလစ်တွင်ထိုးသုတ်သွားလေတော့သတည်း။
မင်းယုဝေနှင့်ငွေတာရီပြန်ဆိုသော ကမ္ဘာကျော်အီစွတ်ပုံပြင်များ စာအုပ်မှကူးယူဖော်ပြသည်။
#Myo

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်