ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှု့ပါ”

“ရံဖန်ရံခါ အရှုံးပေးခြင်းဟာ ကြီးမားတဲ့အောင်နိုင်မှု့ပါ”
------------------
စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်… ဘယ်သူကမှ သူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး…။
တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့အတူ စစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေး တစ်လုံးမှာ “တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ်” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ကြတယ်…။
စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က ၃ ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီး ပြောတယ်-
“ ဟားဟား....မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ်လိုက်တော့ ” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ်…။
..........................
မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်… ဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ် စကားပြောကြရင်း ထပ်ကစားဖြစ်ကြတယ်…။
..........................
ဒီတစ်ခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ်… စစ်သူကြီး အရမ်းအံသြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်း' ပေါ့…
အိမ်ပိုင်ရှင် ပြောပြတာက
“ အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့ တာဝန်ကြီး ရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ဘူး။ ဒီတစ်ခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့ ”တဲ့…။
..........................
တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွတ်နိင်စွမ်းရှိအောင် စိတ်သဘောထားကြီးတဲ့သူပါပဲ…
..........................
လက်တွေ့ဘဝမှာလည်း အတူတူပါပဲ… သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်းမဟုတ်ပါဘူး။
Ref; သင်သိလျင်ချမ်းသာလိမ့်မည်
#Credit
ပုံပြင် Story for All

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်