ကြွက်

#ပုံပြင်
တခါတုန်းက နိုင်ငံကြီးတနိုင်ငံမှာကြွက်တွေအရမ်းပေါလွန်းလို့
စိတ်တွေအရမ်းညစ်နေကြသတဲ့ ဒါနဲ့ဘုရင်ကြီးက
ဒီကြွက်တွေအားလုံးကို သတ်နိုင်တဲ့သူကိုရှာတော့
ဘယ်ပညာရှင်ကမှ မသတ်နိုင်ဘူးဖြစ်နေတယ်
သတ်နိုင်တဲ့သူကို ဆုတော်ငွေ ဒေါ်လာ ၁ သန်း
ဆုချမယ်လို့ ကြေငြာလိုက်တယ်
ဒါကိုတောသားတယောက်ကကြားသွားတယ်
ဒါနဲ့ဘုရင်ကြီးထံခစားဝင်ပြီး အရှင်မင်းကြီး
ဒီကြွက်အားလုံးကို ကျွန်တော်မျိုးသတ်ပေးပါ
မယ် ကျွန်တော်မျိုးကို ဆရာဝန်တစ်ယောက်နဲ့
အင်အားကောင်းတဲ့ကြွက် ၁ဝ ကောင်ပဲရှာပေးပါ
ဆိုတော့ ဘုရင်ကြီးကလည်းတောင်းတဲ့အတိုင်း
ပေးလိုက်ပါတယ်
ဒါနဲ့တောသားက ဆရာဝန်ကို ဆရာ ဒီကြွက်တွေ
ရဲ့ ဖင်တွေကို ချုပ်ပြီး ပိတ်လိုက်ပါလို့ခိုင်းလိုက်ပါ
တယ် ဆရာဝန်ကလည်း ခိုင်းတဲ့အတိုင်းပဲ ကြွက်
တွေရဲ့ ဖင်တွေကိုချုပ်ပြီးပိတ်လိုက်ပါတယ်
ချုပ်ပြီးတာနဲ့ ကြွက်တွေကို ဘုရင်ကြီးရဲ့နန်းတော်
ထဲကို လွှတ်လိုက်ပါတယ်
မနက်ရောက်တော့ နန်းတော်ထဲကကြွက်တွေအား
လုံး အတုံးအရုံးသေကုန်ပါသတဲ့
ဒီနည်းနဲ့ပဲ တနိုင်ငံလုံးကကြွက်တွေသေကုန်ပါသတဲ့
နောက်ဆုံးတော့ ကိုရွှေတောသားက ဒေါ်လာ ၁
သန်းရသွားပါသတဲ့
ပုံပြင်လေးကတော့ ဒါပါပဲ
စဉ်းစားစရာက ကြွက်တွေဘာကြောင့်သေကုန်
တာလည်း
သူတို့ဖင်ကိုပိတ်လိုက်တော့ ချေးပါလို့လည်းမရ
ဒေါသတွေလည်းထွက်ပြီး အချင်းချင်းရန်တွေဖြစ် အုပ်စုတွေကွဲပြီး သတ်ဖြတ်လိုက်ကြလို့ပါပဲတဲ့
နိုင်ငံရေးမှာလည်း ထိုနည်း၎င်းပါပဲ
ပြည်ပကလူတွေ နိုင်ငံသားမဟုတ်သူတွေက
တိုင်းရင်းသားတွေကိုပဲဖြစ်ဖြစ် တချို့အုပ်စုတွေကိုပဲဖြစ်ဖြစ်
ဒေါသတွေမထွက်ထွက်အောင်
သွေးမကွဲကွဲအောင်ခွဲပြီး အချင်းချင်းပြန်သတ်
အောင်လုပ်နေကြတာကို အထူးသတိထားဖို့လိုပါ
တယ်
ကိုယ့်မြန်မာအချင်းချင်း စည်းလုံးညီညွတ်နေဖို့
လိုပါပြီ
ပြည်ပကိုလည်းမယုံနဲ့ နိုင်ငံသားမဟုတ်သူကို
လည်းမယုံနဲ့ ကိုယ့်မြန်မာအချင်းချင်းသာ
ယုံယုံကြည်ကြည်ညီညီညွတ်ညွတ်လက်တွဲဖို့အချိန်
တန်နေပါပြီ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်