အနီးကပ်ရန်သူ

အနီးကပ်ရန်သူ
========
ရှေးတုန်းက ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်တယ် ပြည်သူတွေရဲ့ ဘ၀မှန်ကို သိလိုတဲ့အတွက် မင်းကြီးဟာ သူဆင်းရဲ အသွင် ရုပ်ဖျက်ပြီး စနည်းနာ ထွက်တော်မူပါတယ်.. . ပထမ နေပြည်တော်တွင်း စနည်းနာ ပြီး ထို့နောက် နေပြည်တော် ပြင်ပ ကျေးရွာများသို့ သွားလေသည်. . . .
ကျေးရွာ အပြင်ဘက် ယာတောတစ်ခုသို့ ရောက်တဲ့အခါ. . . အသက်အရွယ် အိုမင်းပြီဖြစ်သော အဘိုးအို အဘွားအို ဇနီးမောင်နှံကို တွေ့ရပါသည်. . . အလုပ်နှင့်လက် မပြတ်အောင်လုပ်နေသော အဘိုးအိုတို့ ဇနီးမောင်နှံကို ကြည့်ကာ "ဘကြီးတို့က အသက်ကြီးလှပြီ တရားဘာ၀နာနဲ့ နေသင့်တဲ့ အရွယ်မှာ ဘာ့ကြောင့် ဒီလောက် အပင်ပန်းခံပြီး လုပ်နေရပါသလဲ. . သားထောက်သမီးခံမရှိလို့လား ဒါမှမဟုတ် လောဘမသတ်နိုင်လို့လား ". . . ဟုမေးလေသည်.. .
ထိုအခါ အဘိုးအိုက "တို့များမှာ ကုန်ကျစရိတ်များလှတာကို မောင်ရင်မှ မသိဘဲကွယ်. . . . . တို့များမှာ
(၁) ခိုမှူးကြီးကို အခွန်ဆက်သရတယ်..
(၂) ဧည့်သည်ကိုလဲ ကြာရှည်ကျွေးရတယ်
(၃) သမုဒ္ဒရာထဲကိုလဲ ပစ်ရတယ်
(၄) အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာကျွေးရတယ်.. . . " ဟုပြောလေသည်. . .
မင်းကြီးက ဘကြီး စကားလေးခွန်း က ထူးဆန်းလှပါပေတယ် ရှင်းပါဦး . . . . ဟုပြောသောအခါ. .
"ခိုမှူးကြီးကို အခွန်ဆက်သရတယ်ဆိုတာ တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ပေးတဲ့ ဘုရင် မင်းမြတ်ကို အခွန်ဆက်သရတယ် လို့ ဆိုလိုတာပါ. . .
"ဧည့်သည်ကို ကြာရှည်ကျွေးမွေးရတယ်ဆိုတာ က မိမိမွေးထားတဲ့ သားသမီးတွေကို အရွယ်ရောက်ပြီး အိမ်ထောင်ကျတဲ့ အထိ စောင့်ရှောက်ကျွေးမွေးရတာကို ပြောတာပါ. ."
"သမုဒ္ဒရာထဲကို ပစ်ရတယ်ဆိုတာကတော့ မိမိ ခန္ဓာ အာဟာရပြည့်အောင် စားသောက်ရတယ်. . . ဒါပေမယ့် ဒီ၀မ်းဗိုက် က ပြည့်နိုင်တယ် မရှိဘူးလေ . . ရေတွေ့ ဘယ်လောက်ပဲ စီး၀င် စီး၀င် မပြည့်နိုင်တဲ့ သမုဒ္ဒရာလိုပါ ပဲ. "
အနီးကပ်ရန်သူကိုလည်း ကြည်ြဖူစွာကျွေးရတယ် ဆိုတာက မိမိရဲ့ မယားကို ဆိုလိုရင်း ဖြစ်ပါတယ်. . " ဟု ပြန်လည် ပြောပါတယ်. . . .
အဘိုးအိုရဲ့ ပုစ္ဆာနှင့် အဖြေကို မင်းကြီးသည် အလွန်သဘောကျသွားသည်. . . နန်းတွင်း ပညာရှိများကိုလည်း မေးမည် ဟုမှတ်သားထားလိုက်သည်. . . အဖြေမပေါက်ကြားအောင်လည်း တားမြစ်ထားမည် ဟု စဉ်းစားပြီး "ဒီမှာ ဘကြီး ကျုပ်ဟာ ဟောဒီ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး ဖြစ်တယ်. . . " ခုပြောခဲ့တဲ့ ပုစ္ဆာရဲ့ အဖြေတွေကို မပေါက်ကြားပါစေနဲ့. . . ပေါက်ကြားခဲ့ရင် . . သေဒဏ် စီရင်ရလိမ့်မယ်. . . . " လို့ ပြောပြီး မင်းကြီးလည်း နန်းတော်သို့ ပြန်ပြီး ပုစ္ဆာလေးရပ်ကို နန်းတွင်းပညာရှိများကို မေးလေသည်. . . .
မှူးမတ်တို့မှာ မင်းကြီး၏ ပုစ္ဆာလေးရပ်၏ အဖြေကို မပေးနိုင်၊ မကြံနိုင်ဖြစ်နေကြပါတယ်. . . . ဒါနဲ့ အမတ်ကြီး တစ်ဦးကတော့ ပုစ္ဆာရဲ့ သဲလွန်စကို စဉ်းစားပြီး မင်းကြီးရဲ့ နည်းအတိုင်း ရုပ်ဖျက်ပြီး မင်းကြီးသွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ခရီးထွက်ခဲ့လေသည်. . . . တွက်ချက်မိသည့်အတိုင်းပင် အမတ်ကြီး လည်း မင်းကြီးတည်းခဲ့သည့် ယာတဲနေ အဘိုးကြီးဆီသို့ ရောက်ခဲ့လေသည်. . . အမတ်ကြီး က အဘိုးအိုထံ ချည်းကပ်၍ ပုစ္ဆာ၏ အဖြေကို မေးလေသည်. . အဘိုးအိုက မဖြေပေ. . . . မင်းတရားကြီး အမိန့်ကို မလွန်ဆန်ရဲ၍ တံစိုး လက်ဆောင်ပေးသော်လည်း မရပေ. . .
သို့နှင့် အမတ်ကြီး က အဘွားအိုကို ချည်းကပ်၍ အသပြာ တစ်ထောင် ပေးသော အခါ အဘွားအိုက အဖြေကို ပြောပြလိုက်လေသည်. . . . အမတ်ကြီးလည်း ပုစ္ဆာလေးရပ်၏ အဖြေကို သိလျှင် နန်းတော်သို့ ပြန်၍ မင်းကြီးအား လျှောက်တင်လေသည်. . . အဖြေကို ကြားရလျှင် မင်းကြီး က လွန်စွာ အံ့သြ သဖြင့် အဖြေကို ဘယ်က ဘယ်ပုံရလာသနည်း သေသေချာချာ လျှောက်တင်ပေတော့ မလျှောက်တင်နိုင်ရင် အမတ်ကြီးကို ရာထူးက ထုတ်ပယ် ရလိမ့်မည် ဟု မိန့်တော်မူလေသည်. . . .
ထိုအခါ အမတ်ကြီး က အမှန်ကို မကွယ်မလျက် လျှောက်တင်လေသည်. . . . နောက်တစ်နေ့ ညီလာခံတွင် မင်းကြီး က အဘိုးအိုအား စစ်မေးတော်မူလေသည်. . . .ထိုအခါ အဘိုးအိုက "ဒီအဖြေကို ကျွန်တော်မျိုး ပြောရခြင်း မဟုတ်ပါ ဘုရား . . . . ကျွန်တော်မျိုးရဲ့ ပုစ္ဆာ နောက်ဆုံး အဖြေမှာ အနီးကပ်ရန်သူကို လည်း ကြည်ဖြူစွာကျွေးမွေးရတယ် လို့ ပါပါတယ် ဘုရား . . . အနီးကပ်ရန်သူဆိုတာ မိမိရဲ့ မယားပင် ဖြစ်ကြောင်း " လျှောက်တင်လေသည်. . . . . . .
ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်