ပြေးဆိုလို့ပါ

ပြေးဆိုလို့ပါ
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် တစ်ကုတင်ထဲမှာ အတူအိပ်နေကြတယ်။
အဲဒီအချိန်မှာ ခေါင်မိုးပေါ်ကို ကြောင်ခုန်ချတယ်။
“ဝုန်း”
အမျိုးသမီးက အမျိုးသားကို
“ထ … ထ … ဒုက္ခတော့ ရောက်ပြီ ထင်တယ် … ကျွန်မ ယောက်ျား ပြန်လာပြီလား မသိဘူး … ရှင် ပြေးတော့”
အမျိုးသားလည်း ကမန်းကတန်းထ။ ဘေးနားက ပြတင်းပေါက် ကိုဖွင့်။ အောက်ကို ခုန်ချ။ ပန်းခြံထဲမှာ ပုန်းနေရာက တစ်ခုခု သတိရလိုက်ပြီး အိမ်ရှေ့တံခါးကနေ အမျိုးသမီးရဲ့ အိပ်ခန်းထဲကို ပြန်ဝင်လာတယ်။
သူက အမျိုးသမီး အိပ်ချင်ယောင် ဆောင်နေတာကို ပုတ်နှိုးလိုက်ပြီး
“နေစမ်းပါဦး … ငါက မင်းယောက်ျားလေ … ဘာဖြစ်လို့ ပြေးခိုင်းရတာလဲ”
အမျိုးသမီးက စောင်ကိုဖွင့်ကြည့်လိုက်ပြီး
“အေးလေ … အဲဒါဆိုလည်း ရှင်က ဘာဖြစ်လို့ ပြေးဆိုတိုင်း ထွက်ပြေးရတာတုန်း”
Run 🏃 😂😜✌🏻
#Credit

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်