ဗျိုင်းနှင့်ဝံပုလွေ


တစ်ခါတုန်းက ဝံပုလွေတစ်ကောင်ဟာ မိထားတဲ့ အမဲတစ်ကောင်ကို စားသောက်နေတုံးမှာ ရုတ်တရက်ဆို အသားထဲပါရှိတဲ့ အရိုးငယ်တစ်ခုဟာ လည်မျိုမျာ စူးရောတဲ့၊ အရိုးကိုသူမျိုချမရဘူးလေ။
မကြာမီသူ့လည်မျိုဟာ အလွန်နာကြင်လာသတဲ့။ သူဟာ ညည်းညူရင်း၊ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ အနာသက်သာဖို့ရှာကြံသတဲ့ကွယ်၊ တွေ့တဲ့သူတိုင်းကို လည်မျိုက အရိုးနုတ်ပေးပါလို့ တောင်းပန်သတဲ့။
" အရိုးကိုနုတ်ပေးရင် ဘာမဆိုပေးပါ့မယ် " လို့လည်းပြောသတဲ့။
နောက်ဆုံးမှာ ဗျိုင်းကလုပ်ပေးမယ်လို့ သဘောတူလိုက်သတဲ့။ ဒါနဲ့ဗျိုင်းက ဝံပုလွေကို နံဘေးစောင်း အိပ်စေလိုက်ပြီး ပါးစပ်ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ဟပါလို့ပြောတယ်။ ဒါနဲ့ ဝံပုလွေရဲ့ ခံတွင်းထဲ ဗျိုင်းရဲ့လည်တံရှည် ဦးခေါင်းသွင်းပြီး အရိုးကို နုတ်ယူ တဲ့အခါ နောက်ဆုံး အရိုးထုတ်လို့ရသွားသတဲ့။
ဒါနဲ့ ဗျိုင်းက " ခင်ဗျားကတိပေးတဲ့အတိုင်း ကျွန်တော်လိုချင်တာပေးမယ်မဟုတ်လား " လို့ပြောသတဲ့။
ဒီအခါမှာ ဝံပုလွေက သွားကိုဖြဲပြရင်း ပြုံးလျက်ဆိုလိုက်သတဲ့။
" ခင်ဗျားရဲ့ ဦးခေါင်းကို ဝံပုလွေတစ်ကောင်ရဲ့ ခံတွင်းထဲသွင်းပြီးတော့ အသက်မဆုံးရှူံးဘဲ နေရပြီပဲ၊ ဒါဟာခင်ဗျား အဖို့ ဆုအဖြစ် ကျေနပ်လိုက်ပါ " လို့ပြောလိုက်သတဲ့။
"လောဘကြီးသူသည် ကျေးဇူးတရားကိုမသိတတ်ပေ "
လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ )
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
#Credit
ဧရာဝတီစာကြည့်တိုက်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်