အောင်မြင်မှု ဆုလဒ်နှင့် ထိုက်တန်သော လူ


ရိုးရာလေး စာဖတ်သူတို့ သိနေပြီးသား ပုံပြင် တစ်ခုကိုပဲ ဥပမာပေး ပြန်ပြော ရပါအုံးမယ်။
အနားယူတော့မယ့် ဘုရင်တစ်ပါးဟာ သားကြီး သားငယ် နှစ်ဦး တည်းက ဘယ်သူ့ကို မင်းသရဖူ အပ်နှင်းရမယ် ဆိုတာကို တွေးရခက် အကြပ်ရိုက်နေ သတဲ့။ ဒါနဲ့ပဲ သားကြီး၊ သားငယ် အိမ်ရှေ့ မင်းသား နှစ်ပါးနဲ့အတူ ဘုရင်က တော်လိုက် ထွက်ပါတော့တယ်။ တောစပ် တစ်နေရာမှာ တမင် တစ်ကောင် တွေ့ပြီး သားကြီးကို အရင်ပစ်ခွင့်ပေး ပါတယ်။ သားကြီးက လေးမြားချိန်ရွယ် ပြီး ပစ်လု နီးနီးမှာ အဖေ ဖြစ်သူက ဘာတွေမြင်ရလဲလို့ မေးပါတယ်။ ဒါနဲ့ သားကြီးက 'စမ်းချောင်း၊ သစ်ပင်၊ သမင် တစ်ကောင်၊ ချုံပုပ် တစ်ခု' လို့ ဖြေပါတယ်။ပစ်လုနီးနီးမှာပဲ အဖေက အသံပေးလို့ မပစ်နဲ့အုံးလို့ တားသတဲ့။ ဒါနဲ့ သားကြီးဟာ လွတ်ခါနီး မြားကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။
သားငယ်ကို ပစ်ဖို့အတွက် အဖေက အခွင့်ပေး ပါတယ်။ ဒါနဲ့ သားငယ်လေး ချိန်ရွယ်နေစဉ်မှာ ဘုရင်က သားကြီးကို မေးသလိုပဲ ဘာတွေမြင်ရသလဲလို့ မေးသတဲ့။ ဒါနဲ့ သားငယ်ဟာ သမင် ကို မြင်ကြောင်းသာ ရှင်းရှင်း ဖြေပါတယ်။ သ ဟာ လေးမြား ပစ်လွတ်ရန် စက္ကန့် ပိုင်းသာ လိုအပ်တော့တဲ့ အချိန်မှာ သားကြီးကို သားသလိုပဲ ပြန်တား ပါတယ်။ သို့ပေမယ့် သားငယ် ဖြစ်သူဟာ လေးမြားကို ပစ်လွတ်လို့ ပစ်ချက်ကို ထိမှန်အောင် ပစ်နိုင်ခဲ့ ပါတယ်။
ရက်ပိုင်း အတွင်းပဲ အဖေ ဖြစ်သူဟာ သားငယ်ကို နန်းတော် လွဲအပ် ပေးခဲ့ ပါတယ်။
သင်ခန်းစာ
အောင်မြင်မှ ဆုလဒ် ဆိုတာ လူတိုင်းနဲ့ မထိုက်တန် ပါဘူး။ အထူးသဖြင့် ရည်ရွယ်ချက် တိတိကျကျ မှန်မှန် ကန်ကန် မရှိတဲ့သူ၊ အနှောင့်အယှက် အတား အဆီး များကြောင့် ရည်မှန်းချက် ပျောက်ဆုံး သွားသူတွေ အတွက် မထိုက် တန်ပါဘူး။ အောင်မြင်မှု ဆိုတာ ကို -
- တိကျ မှန်ကန်တဲ့ ရည်ရွယ်ချက် ပန်းတိုင် ရှိသူ
- ယင်း ရည်မှန်းချက် ပန်းတိုင် ကလွဲလို့ အခြား မည်သည့် အကြောင်း ကိစ္စ များကို တန်းတူ မရှိနေစေတတ်သူ (့ပန်းတိုင် အပေါ် စူးစိုက်တည်ကြည်မှု)
- ရည်မှန်းချက် အောင်မြင်မှု ပြည့်မှီရန် ကြိုးစားချိန် ကြုံသမျှ အနှောင့်အယှက် အတားအဆီး များကို မမူသူ၊ ဂရု မပြုသူ။
အစရှိတဲ့ အချက် သုံးခုနဲ့ ပြည့်စုံ နေတဲ့ သူဟာ အောင်မြင်မှုနဲ့ ထိုက်တန် သူ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
Credit ရိုးရာလေး

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်