ကောင်းဖို့အတွက်ဖြစ်လာတာပါ
ကောင်းဖို့အတွက်ဖြစ်လာတာပါ
====================
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအမတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။
ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။
ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ "ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ" လို့မေးလိုက်တိုင်း
အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"
လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက "ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား"လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သတဲ့။
အဲဒီစကားကိုပဲအမြဲတမ်းလျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။
ဒီလိုနဲ့ တစ်နေ့တော့ဘုရင်ကြီးဟာ ပညာရှိအမတ်ကြီးနဲ့ နှစ်ယောက်တည်းတောကစားထွက်လာတယ်တဲ့။ ဘုရင်ကြီးဟာ တောလိုက်ရင်းနဲ့ အမှတ်မထင် သူ့လက်မတစ်ချောင်းပြတ်သွားခဲ့တယ်။
အဲဒီအခါမှာ ဘုရင်ကြီးက "အမတ်ကြီးရေ ကျုပ်လက်မတော့ပြတ်သွားပြီ။ နိမိတ်မကောင်းဘူးထင်တယ်" လို့ပြောသတဲ့။
အဲ့လိုပြောတဲ့အခါမှာလဲ အမတ်ကြီးက "မပူပါနဲ့ဘုရား ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဆိုပြီး ထုံးစံအတိုင်းပြန်လျှောက်တာပေါ့။
ဒါနဲ့ ဘုရင်ကြီးလည်း "တယ်...ဒီလောက်လက်မတစ်ချောင်းပြတ်သွားတာတောင် ကောင်းဖို့အတွက် ပြတ်တယ်ဖြစ်ရသေး... ကဲကွာ..." ဆိုပြီး အမတ်ကြီးကို
မြင်းပေါ်ကနေ ကန်ချခဲ့တာ အမတ်ကြီးခမျာ ချောက်ထဲပြုတ်ကျကျန်ရစ်ခဲ့သတဲ့။
ဒီလိုနဲ့ ဘုရင်ကြီးဟာ တောဆက်ထွက်လာရင်း လူရိုင်းတစ်စုရဲ့
ဖမ်းဆီးမှုကိုခံလိုက်ရတယ်။
အဲ့လူရိုင်းတွေက ဘုရင်ကြီးကို ယာဇ်ပူဇော်ဖို့စီစဉ်ကြသတဲ့။
ဒါပေမယ့် ယာဇ်ပူဇော်ခါနီးမှာ လူရိုင်းတွေက ဘုရင်ကြီးကို သေချာကြည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။
ဘာလို့လဲဆိုတော့ ဘုရင်ကြီးက လက်မတစ်ချောင်းပြတ်ပြီး အင်္ဂါမစုံလို့ ယာဇ်ပူဇော်လို့မရဘူးတဲ့။ ဒါကြောင့်လူရိုင်းတွေက ပြန်လွှတ်ပေးလိုက်တာ။ ဘုရင်ကြီးခမျာ ဝမ်းသာအားရ ပြန်လာတာပေါ့။
ဘုရင်ကြီးလည်း အသက်ဘေးကလွတ်တော့မှ "သြော် ငါ့လက်မပြတ်တုန်းက ပညာရှိအမတ်ကြီးက ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရားလို့လျှောက်တင်တာ တယ်မှန်ပါလား"ဆိုပြီး တွေးမိတယ်တဲ့။
ဒါနဲ့ဘုရင်ကြီးလည်း ပညာရှိအမတ်ကြီးကို ကန်ချခဲ့တာကို နောင်တတွေရပြီး ရဲမက်တွေကို ပြန်ရှာခိုင်းလိုက်တယ်။
အမတ်ကြီးလည်း ကံကောင်းထောက်မပြီး
ချောက်ထဲကျတာမသေဘဲ ဘုရင်ကြီးဆီ ပြန်လိုက်လာတယ်တဲ့။
အမတ်ကြီးကိုတွေ့တော့ ဘုရင်ကြီးက "အမတ်ကြီးကို ကျုပ်တောင်းပန်ပါတယ်။"
ဆိုပြီးသူကြုံခဲ့ရတာတွေကို ရှင်းပြတာပေါ့။
အဲဒီအခါ အမတ်ကြီးကလည်း "ဘုရင်ကြီး ကန်ချခဲ့တာကို တောင်းပန်စရာ မလိုပါဘူး။ "ကောင်းဖို့အတွက် ဖြစ်လာတာပါဘုရား " ဆိုပြီး ပြန်လျှောက်သတဲ့။
ဘုရင်ကြီးက "လုပ်ပြန်ပြီအမတ်ကြီး
ငါကိုယ်တော် သင့်ကို ကန်ချခဲ့တာ ဘာကောင်းတာတုန်း"လို့ မေးတာပေါ့။
အမတ်ကြီးကလည်း "ဘုရင်ကြီးသာ ကန်မချခဲ့ဘဲ ဘုရင်ကြီးနဲ့တူတူ တောကစားဆက်ထွက်ရင် လူရိုင်းတွေဖမ်းမိပြီး လက်မ မပြတ်ဘဲအင်္ဂါစုံလို့ ယာဇ်ပူဇော်ခံရမှာ ကျွန်တော်မျိုးပါဘုရား" လို့ ပြန်လျှောက်တင်လိုက်တယ်တဲ့။
ဒီပုံပြင်လေးကိုဖတ်ရင်း စာဖတ်ပရိတ်သတ်တွေလည်း တစ်ခုခုမကောင်းတာနဲ့ကြုံတိုင်း
ငါကံများဆိုးနေသလားဆိုပြီး စိုးရိမ်ထိတ်လန့်ဝမ်းနည်းမနေဘဲ ပုံပြင်ထဲကလို "ကောင်းဖို့အတွက်ဖြစ်လာတာပဲ" လို့ဖြေသိမ့်ပြီး မိမိစိတ်ကို မိမိချမ်းသာအောင်ထားနိုင်ကြပါစေလို့.....
စနေဖြိုး
#Credit

Comments
Post a Comment