ကျေးဇူးသိက ချမ်းသာရာရ…
ကျေးဇူးသိက ချမ်းသာရာရ…
(မေတ္တာတရားနှင့် အခြားပုံပြင်များ)
ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းပြုစဉ် ဘုရာလောင်းသည် ဂိဗ္စျဂုတ်တောင်၌ လင်းတမျိုး၌ ဖြစ်သည်။
`အမိ… အိုအမိ´
`အမောင်… သားရေ၊ အမေဒီမှာ´
`သြော်… အမေက ဒီကမ်းပါးယံမှာ ရောက်နေတာကိုး။ ရော့… အမေ။ ဟောဒီမှာ ခွေးသား´
`အင်း… သာဓုတော်… သာဓု၊ အင်း… အမေအိုကြိးကို လုပ်ကျွေးရတဲ့ ကုသိုလ်ကံကြောင့် ငါ့သားဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ အန္တရာယ်ကင်း ဘေးရှင်းပါစေ´
ဘုရာလောင်းသည် မိခင်အိုကြီးကို အလုပ်ကျွေးပြုရင်း သဘာ၀အလိုက် ပျော်မြူးနေသည်။ တစ်နေ့။ မိုးသက်မုန်တိုင်း အပြင်းအထန်ကျသည်။
`ဟာ… မိုးမုန်တိုင်းကျလာပါလား… ဒုက္ခပဲ၊ ငါ့အမိတော့ မိုးစိုတော့မှာပဲ။ မဖြစ်ဘူး… မဖြစ်ဘူး။ အမေ့ဆီ အမြန်ပြန်မှဖြစ်မယ်။´
ဘုရားလောင်းသည် သည်းသည်းထန်ထန် ရွာနေသော မိုးထဲတွင် စွန့်စားပျံသန်းခဲ့သည်။
`ဟော အဆွေ… ဘာကိုအလောတကြီးဖြစ်နေတာလဲ´
`မိုးရွာနေပြီလေ…´
`အဟ ကောင်းတာပေါ့အဆွေရ။ မိုးရွာရင်ရေချိုးမယ်…။ အမေလာရင်နို့စို့မယ်။ ဖေဖေလာရင် အုန်းသီးခွဲစားမယ်လေ။´
`ဟာ… အရေးထဲ ပျော်မြူးနေပြန်ပြီ´
`အဟတ်… ပျော်တာပေါ့အဆွေရ။ မိုးရေချိုးရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ… လာပါ။ မိုးရေအတူ ချိုးရအောင်´
`မဖြစ်သေးပါဘူး… သူငယ်ချင်းရာ… ငါ့အမိ မိုးမိနေတော့မယ် အသက်ကြီးတော့ အအေးမိလို့ မဖြစ်ဘူး´
ဘုရားလောင်းသည် ဂိဇ္စျဂုတ်တောင်သို့ အဆောတလျင် ပြန်လာပြီး မိခင်အိုကြီးကိုရှာသည်။ သန်မြန်သူများပင် မိုးရေမိခြင်းခံရရာ သက်ကြီးရွယ်အိုများပို၍ ခံရသည်။
ဘုရားလောင်းသည် မိခင်ကြီးကိုယ်လုံးတွင် စိုရွဲနေသော မိုးရေများကို နှုတ်သီးနှင့် ခါထုတ်ပေးသည်။ နွေးထွေးမှုရှိအောင် ကိုယ်လုံးနှင့် ထွေးပိုက်ထားသည်။
`ဒုက္ခပါပဲ သားရယ်… မိုးကလဲခုထိမစဲသေးဘူး။ အမေတော့ ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေပြီ´
`အင်း… ဒီလိုနေရင်မလွယ်ဘူးအမေ… အရိပ်ခိုဖို့ကလည်း မလွယ်ဘူး။ ကဲ… လာအမေ။ မြို့တခါးဆီသွားကြရအောင်´
`ဘာလုပ်မှာလည်း သားရဲ့´
`ဟိုမှာ အရိပ်ခိုစရာရှိကောင်းရှိမယ်။ တကယ်လို့ အရိပ်မတွေ့တောင် ကူညီမယ့်သူတွေ့တန်ကောင်းတယ်လေ´
`အင်း… သားသင့်သလိုစီစဉ်ပါ´
ဘုရားလောင်းသည် မိခင်အိုကြီးကို တွဲလျက် ဗာရာဏသီမြို့ဆီ ရှေးရူပျံသန်းခဲ့သည်။
`ဟော… အားလုံးကမြို့တံခါးဆီ ပျံနေကြပါလား´
`အေးကွဲ့၊ သူတို့လည်း အမေတို့ လိုစိတ်ကူးမိမှာပေါ့။ ကောင်းပါတယ်လေ… အမျုားနဲ့ဆိုတော့ အဖော်ရတာပေါ့´
လင်းတအပေါင်းသည် မြို့ကျုံးထိပ်တွင် ရုန်းစုမိကြသည်။ မိုးကမစဲသေး။ သည်းသည်းမဲမဲရွာနေသည့် မိုးရေကြားတွင် လူးလှိမ့်ခံနေရသဖြင့် ခိုက်ခိုက်တုန်ချမ်းနေကြသည်။
`အဟီး… ဒုက္ခပါလား… အေးလိုက်တာ´
`ဟုတ်… ပါရဲ့ကွာ။ မိုးကခုထက်ထိမစဲသေးဘူး´
`အင်း၊ တို့ကအကြောင်းမဟုတ်ဘူး။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ဒုက္ခဖြစ်မှာစိုးရတယ်´
`ဟော… ဟိုကောင်ဘယ်ကပြန်လာတည်းမသိဘူး။ အမယ်… သူကတော့ သီချင်းလေးတကြော်ကြော်နဲ့ သိပ်ပျော်နေပါလား´
`အဲဒီကောင်တော့ ပြောမနေနဲ့။ သူကဒုက္ခတောမှာ ပျော်နိုင်တဲ့သူမဟုတ်လား… အဲဒါလည်းကောင်းသကွ၊ အပူအပင်မရှိတာ သောကငြိမ်းတာပဲ´
`ဒါတော့ဒါပေါ့။ လောလောဆယ်တော့ တို့အတောင်တွေမိုးစိုနေလို့ ပျံရေးသန်းရေး ခက်နေပြီ´
`ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလည်း´
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဗာရာဏသီသူဌေးသည် ခြွေရံသင်းပင်းနှင့်အတူ ရေချိုးရန် မြစ်ဆိပ်သို့ ဆင်းလာသည်။
မြို့တံခါး၀တွင် ရေစိုရွဲသဖြင့် ရုန်းစုနေသော လင်းတတို့ကို မြင်လေသည်။
`ဟယ်… ကြည့်ကြစမ်းကွယ်တို့၊ စောစောကရွာတဲ့မိုးကြောင့် သတ္တဝါတွေ ပင်ပန်းဆင်းရဲနေပါလား´
`ဟုတ်ပသူဌေးရာ… အဟော၊ နဂိုကကုတ်ချောင်းချောင်းဖြစ်နေတဲ့ လင်းတတွေ မိုးမိတော့ ပိုကုတ် ကုတ်ပြီ´
`သြ တစ်ဘက်သားဒုက္ခရောက်နေတယ်ဆိုမှ မင်းတို့က ရယ်စရာသဘောဖြစ်နေပါလား´
`အဟဲ မြင်ရတာက ရယ်စရာကောင်းနေလို့ပါ´
`ကဲ ထားတော့။ ဒုက္ခရောက်သူကို ကယ်ရင်ကောင်းတယ်ကွဲ့။ ဒီတော့ အချို့က မီးပျိုးကြစမ်း။ မင်းတို့ထဲက တချို့က သင်္ချိုင်းကုန်းကိုသွား´
`ဗျာ… သင်္ချိုင်းမှာ ဘာလုပ်ရမှာလဲ သူဌေးရဲ့´
`ဘာလဲ သင်္ချိုင်းဆိုလို့ လန့်သွားလား… အခြားကိစ္စမဟုတ်ပါဘူးကွာ… သင်္ချိုင်းမှာ နွားသေတွေ စွန့်ထားတတ်တယ်မဟုတ်လား လင်းတတွေစားဖို့ ဖြစ်တာပေါ့´
`သြော် ကောင်းပြီ ဒီလင်းတအုပ်လောက်တော့ နွားမဒန်းတစ်ကောင်လောက် ရရင်ဖြစ်တာပဲ´
သူဌေးနှင့် သူ့လူများသည် မီးဖိုပေးသူပေး၊ အစာရှာကျွေးသူကျွေးပြုကြ၍ ဒုက္ခဖြစ်နေသော လင်းတများ သက်သာရာရသွားသည်။
မိုးစဲ၍ ရာသီဥတု သာယာသွားသော် လင်းတအားလုံး ဂိဇ္စျဂုတ်တောင်သို့ ပျံသွားကြတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`အချင်းတို့ ကျေးဇူးသိလျက် အဆပ်ခတ်ဆိုစကားကြားဖူးကြလား´
`အင်း၊ လူကြီးတွေကတော့ ပြောလေ့ရှိပါတယ်´
`ဆိုရိုးစကားကို တို့များပြောင်းလဲပစ်ရမယ်´
ဘုရားလောင်း၏ တည်ကြည်သော စကားကြားသော် လင်းတများက အဘယ်ကိုဆက်စပ်ပြောလေသလဲဟူသော အတွေးနှင့် ငြိမ်နေကြသည်။
`ဒီလိုဗျာ… ကျုပ်တို့နဲ့ အသက်နှင့် စည်းစ်ိမ်ချမ်းသာရာရအောင် ဗာရာဏသီသူဌေးကူညီခဲ့တာ မှတ်မိကြမှာပါ´
`သြော်… သြော်… အဆွေပြောတာ ကျုပ်သိပြီဗျို့။ ဟိုနေ့က ကျုပ်တို့ နွေးနွေးထွေးထွေးဖြစ်အောင် ကူညီတာရယ် အစားတွေပေးတာရယ်ပြောတာ မဟုတ်လား´
`အဲဒါအမှန်ပဲ။ သူဌေးသာမကူညီရင် အဲဒီနေ့က ကျုပ်တို့ ဆင်းရဲဒုက္ခတွေ့ကြမှာ အမှန်ပဲ။ ဒီတော့ ပြုဖူးတဲ့သူ့ ကျေးဇူးဆပ်သင့်တာလည်းမှန်ပါတယ်… အဲ၊ သူဌေးလိုလူမျိုး ကျုပ်တို့က ဘယ်လို ကျေးဇူးဆပ်မလဲ´
`ကျုပ်စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျုပ်တို့က ပုပ်သိုးနေတဲ့ အစားအစာတွေစားတာ မဟုတ်လား။ ဒါဟာ လူနဲ့လည်းမအပ်ဘူး။ ဒီတော့ သင်တို့တစ်တွေ သွားရင်လာရင်း မျက်စီ ရှင်ရှင်ကြည့်၊ အ၀တ်အစားတွေတွေ့ရင် ယူခဲ့။
အဲဒါတွေ ဗာရာဏသီသူဌေးအိမ်မှာချပေးကြပေါ´
`ဟုတ်တယ်။ အဆွေအကြံမဆိုးဘူးဗျို့။ အင်္ကျီအ၀တ်အစားဆိုတော့ လူနဲ့လည်းအသုံးတည့်မယ်´
`ကဲ ကျေးဇူးသိတတ်သူလို့ ချီးကျူးခံရအောင် ဒီနည်းနဲ့သာ အကျိုးဆောင်ကြပေတော့´
နောက်တစ်နေ့တွင် ဂိဇ္စျဂုတ်တောင်၌ လင်းတတို့ စည်းဝေးပြီး သူဌေးကြီးကို ကျေးဇူးဆပ်ရန် တိုင်ပင်ကြသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
`ဒီပုံဆို ဗာရာဏသီပြည်ပျက်မှာပဲ… ဒီတ္တဝါကို နှိမ်နင်းမှ ဖြစ်မယ်´
`အမှန်ပဲဗျ။ ဘယ်နှယ့်ဗျာ… ကြားကြားဖူးပေါင် ကြုံကြုံဖူးပေါင်။ လင်းတနဲ့ အ၀တ်အစားက ဘာပတ်သက်လဲ´
`ဟုတ်ပဗျာ… အင်္ကျီလုံချည်လှမ်းပြီး မျက်နှာလွှဲရုံရှိသေး ဘသားငနဲတွေက ဘယ်က ပေါ်လာလဲ မသိဘူး။ သုတ်ခနဲ ဆိုပါသွားပြီ´
`ဒီကောင်တွေ ထူးတော့ထူးတယ်ဗျ။ ကျုပ်တို့ ဆီက ခိုးသွားတဲ့ အ၀တ်အစားတွေကို ဗာရာဏသီသူဌေးအိမ်မှာ ချတယ်´
`ဟုတ်လား´
`ရော… ခင်ဗျားမသိဘူးလား။ ဟော ဘာသံလဲ။ အဲ ဟိုဘက်ပိုင်းမှာ သောင်းကျန်းပြန်ပြီ ထင်တယ်။ လွယ်တော့ မလွယ်တော့ဘူးဗျို့´
လင်းတများသောင်းကျန်းသည့်သတင်းက မင်းကြီးနားပေါက်ကြားသွားသည်။ လင်းတတို့ နှောက်ယှက်မှုရန်ကို နှိမ်နင်းရန် စီမံတော့သည်။
`ကိုင်း ဒီတစ်ခါတော့ သပေါက်မသားတွေ လွတ်အောင် ပြေးကြတော့၊ ကျော့ကွင်းမှာ မိလို့ကတော့ မီးကင်စားပစ်လိုက်မယ်´
`ဘယ်လို… ဒီလောက်နံစော်နေတဲ့အသားကို မင်းကစားမယ်ပေါ့´
`အမြင်ကတ်လို့ဟေ့´
ဘုရားလောင်းတင်းတသည် လူတို့ထောင်သော ကျော့ကွင်းတွင် မိတော့သည်။
`ကိုင်း မိပဟေ့ ဒယ်အိုးပြင်တော့´
`မလုပ်နဲ့ မလုပ်နဲ့ တရားခံကို မင်းကြီးဆီ ပို့ရမယ်´
`ဘာ ဘယ်လို ဒီလို ကျက်သရေမရှိတဲ့ သတ္တဝါမျိုး မင်းကြီးဆီ ခေါ်သွားလို့ သင့်မလား´
`ဘာပဲဖြစ်ဖြစ်လေ သင်းက တရားခံပဲ။ တရားခံကို အမူအတိုင်း စီရင်ရအောင် ပို့ရမယ်´
ပြည်သူများသည် ဘုရားလောင်းကို မင်းကြီးထံ ပို့ကြသည်။
`အိုလင်းတ၊ သင်သည် မြို့ကို ဖျက်ဆီးသလော´
`မြို့ဖျက်မှုမပြုပါ အရှင်မင်းကြီ´
`သင်တို့တစ်တွေ အ၀တ်အစားတွေ ယူကြမဟုတ်လား´
`ဒါတော့ ပြုမိပါတယ်´
`နေဦးလင်းတ အ၀တ်အထည်နဲ့ သင်တို့က ဘာပတ်သက်လဲ။ ကိုယ်နဲ့ မစပ်တဲ့ ဒီအ၀တ်ကို ဘာလုပ်လဲ… ဘယ်ကိုပို့လဲ´
`မင်းကြီး အ၀တ်အထည်ကို ကျေးဇူးပြုဖူးသူအား ကျေးဇူးတုံ့ပြန်သည့်အနေနဲ့ ပေးဆပ်ပါတယ်´
ဘုရာလောင်းက မိုးရွာသောနေ့က ဒုက္ခဖြစ်ကြပုံ၊ ဗာရာဏသီသူဌေးက စောင့်ရှောက်၍ ချမ်းသာရာရပုံကို အစချီပြီး။ ကျေးဇူးပြုကြပုံကို လျှောက်ထားသည်။
မင်းကြီးလည်း ဗာရာဏသီသူဌေးအား အဖြစ်မှန်ဟုတ် မဟုတ် စုံစမ်းသော် မှန်ကန်ကြောင်းသိ၍ ကျေးဇူးသိတတ်မှုကို ချီးကျူးလေသည်။ သူထထူးကျေးဇူးသိသော လင်းတအား အပြစ်တစ်စုံတစ်ရာ မပေးဘဲ ပြန်လွှတ်လိုက်၏။
ဘုရားလောင်းသည် ဂိဇ္စျဂုတ်တောင်သို့ ပြန်ခဲ့တော့သည်။
***မောင်ဆန္ဒ(လယ်ဝေး)***
#Credit_JACBA

Comments
Post a Comment