ဝါကြွားသောဖား

ဝါကြွားသောဖား
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
တစ်ခါသော် ဖားတစ်ကောင်သည် တိရစ္ဆာန်အပေါင်းတို့ စုဝေးရာအရပ်သို့ ရောက်ရှိလာ၏။သူသည် များစွာသော သတ္တဝါတို့အား စည်းဝေးစေလျက် သူ၏အကြောင်းကို ဤသို့ကြေညာလေ၏။
"" အဆွေတို့၊ ကျွန်ုပ်သည် အလွန်တက်ကျွမ်းနားလည်သော ဆရာ၀န်တစ်ဦးပင်ဖြစ်ပါသည်။ဆေးဖော်စပ်ခြင်း၌ အထူးလိမ္မာ၍ မည်သည့်ရောဂါဝေဒနာမျိုးမဆို ရှင်းလင်းစွာ ပျောက်ကင်းအောင် ကုသပေးနိုင်ပါသည်။ ""
သူ၏စကားကို ဝိုင်းနားထောင်နေကြသော တိရစ္ဆာန်အပေါင်းတို့တွင် မြေခွေးတစ်ကောင်လည်း ပါဝင်လေသည်။ ထိုမြေခွေးက ဖား၏စကားဆုံးလျှင်
"" အို-ဆရာ၀န်ကြီး၊ သင်သည် မည်သည့်ရောဂါဝေဒနာ
မဆို ပျောက်ကင်းအောင် ကုသနိုင်သည်ဟုသာ ဆိုသည်။ သင့်ကိုယ်တိုင်၌ ဖြစ်ပေါ်နေသော ခြေခွင်ခြင်းနှင့် အဖုအပိမ့်ထွက်ကာ တွန့်လိမ်နေသော အရေခွံတို့ကိုကား ပျောက်ကင်းအောင် ကုသခြင်း မပြုနိုင်တကား ""
ဟု ပြောဆိုလိုက်လေ၏ ။ ။
မင်းယုဝေနှင့် ငွေတာရီ ပြန်ဆိုသော ကမ္ဘာကျော် အီစွတ်ပုံပြင်များ စာအုပ်မှကူးယူဖော်ပြသည်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်