ပုံပြင်(၆)



တခါတုန်းက ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။

သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်၀င်လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။

ဒီတော့ တပည့်လက်သားအဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။ ဒါပေမယ့် လာလိုက် သမျှ တပည့်တွေကလည်း ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။

ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတစ်ယောက်ကမေးတယ်။ ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် ကွာခြားရတာလဲ။

ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေး တယ်။ ဒီတော့ ပန်းပုဆရာက........

“ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။ ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။

``မလိုတဲ့ အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တယ်ဗျာ။
အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ” တဲ့။

ပုံပြင်ကတော့
အဲဒါပါပဲ....။

ကျွန်တော်တို့မှာ
ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင်လုပ်ရမယ်။ ဖြစ်ချင်တာတွေ ပီပြင်ဖို့အတွက် မလိုအပ်တဲ့အရာတွေကို ပြက်ပြက်သားသား ဖယ်ထုတ်ပစ်ရမယ်
အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝြေခင်းတွေ ၊ ဒါ့အပြင် သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။
ဒါကြောင့်ပဲ
ဖယ်ထုတ်သင့်တာသိနေလျှက်နဲ့ ကျွန်တော်တို့တွေ မဖယ်ထုတ်ပစ်နိုင်ကြတာကိုက ကျွန်တော်တို့ပန်းပုရုပ်တွေဟာ မပီမပြင်နေကြတာများလား ဗျာ။

(Blog တစ်ခုမှ ဖတ်ဖူးသောပုံပြင်လေးတစ်ပုဒ်ပါ)

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်