ဖြူးကောင်လေးတွေက ပေးတဲ့ သင်ခန်းစာ

ဖြူးကောင်လေးတွေက ပေးတဲ့ သင်ခန်းစာ
ဆောင်းရာသီဟာ အလွန်အေးလွန်းလှတာကြောင့် တိရစ္ဆာန်တွေဟာ ဒီအအေးဒဏ်ကြောင့်ပဲ သေကြေ ပျက်စီး ကြရပါတယ်..။
ဖြူးကောင်လေးတွေဟာ ဒီအခြေအနေကြောင့် သူတို့အချင်းအချင်း နီးကပ်စွာနေလိုက်ပြီး အဲ့ဒီကနေ သူတို့ဟာ အနွေးဓါတ်ကို ရရှိကြပါတယ်.. ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပေါ်က ဆူးတွေကြောင့် တစ်ကောင်နဲ့ တစ်ကောင် ထိုးမိကြပြီး ထိခိုက်ဒဏ်ရာ ရကြပြန်ပါတယ်..။
ဒီလိုနဲ့ပဲ..၊ တစ်ကောင်နှင့် တစ်ကောင် မနီးကပ်ပဲ ခပ်ဝေးဝေးနေလိုက်ကြပြန်တော့ အအေးဒဏ်ကြောင့် သေကြေ ပျက်စီးကြရပြန်ပါတယ်..။ နောက်ဆုံးတော့ သူတို့ဟာ ဆုံးဖြတ်ချက် တစ်ခုကို ချကြရပါတယ်..။ အနွေးဓါတ်ရဖို့ အချင်းချင်းကပေးတဲ့ အဆူးရဲ့ ဒဏ်ရာကို ယူမလား…၊ အေးခဲသေဆုံးသွားပြီး ကမ္ဘာပေါ်က ပျောက်ကွယ် သွားမှာကို လိုချင်သလားပေါ့…။
သူတို့ဟာ အချင်းချင်းနီးကပ်စွာနေပြီး အနွေးဓါတ်ရဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်..။ သူတို့ဟာ တစ်ခြားဖြူးကောင်ထံမှ အနွေး ဓါတ်ရဖို့အတွက် သူ့ထံမှ ရရှိတဲ့ ဆူးဒဏ်ရာကိုလည်း လက်ခံပြီး ဘယ်လို နေထိုင်ရမလဲဆိုတာ သိရှိခဲ့ကြပြီး အသက်ရှင်ခဲ့ကြပါတယ်..။
ဒီလိုပါပဲ…. သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေဆီက အကောင်းဆုံးဆိုတာတွေကို သင်အမြဲတမ်း မရနိုင်ပါဘူး..။ မိမိပတ်၀န်းကျင်မှ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေဆီက ကောင်းတဲ့ အရည်အသွေးတွေကို မျှဝေယူကြပြီး မကောင်းတဲ့အချက်တွေကို သည်းခံခွင့်လွှတ်ပေးတတ်မယ်ဆိုရင် သင့်အတွက် အရာရာဟာ လှပနေမှာပါ..။
#Credit
အောင်ထွန်းဦး

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်