ဖိုးသူတော်ပုတီးစိတ်သလို
ဖိုးသူတော်ပုတီးစိတ်သလို
================
မင်းတုန်းမင်းတရားကြီးသည် တိုင်းရေးပြည်ရေးနှင့်တကွ သာသနာရေး၊ ဘာသာရေးတို့ကို အထူး ဦးစားပေးသည့်အတိုင်း ဆရာတော် သံဃာတော်များကို မကြာမကြာ နန်းတော်သို့ပင့်၍ ''သာဟတ္တိက'' ကိုယ်ထိလက်ရောက် ဆွမ်းကပ်ခြင်း၊ လှူဘွယ်ပစ္စည်းတို့ကို လှူဒါန်းခြင်းအမှုတို့ကို ပြုလုပ်လေ့ရှိသည်။
မင်းတုန်းမင်းကြီးသည် ဗန်းမော်ဆရာတော်အပါအ၀င် ဆရာတော်၊ သံဃာတော်များအားနန်းတော် သို့ပင့်၍ ဆွမ်းကပ်လေသည်။ မင်းတုန်းမင်းကြီးသည် ဆရာတော် သံဃာတော်များနှင့် အလာပ၊ သလာပ စကားများကို အပြန်အလှန် ပြောဆိုလျှောက်ထားနေသည်။
ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော် ရေမြေ့ရှင် ငါးပါးသီလကို ခါး၀တ်ပုဆိုးကဲ့သို့ မြဲရဲ့လား၊ ရှစ်ပါးသီလ၊ ကိုးပါးသီလများကိုကော ဥပုသ်သီတင်း လပြည့် လကွယ်ရက်များတွင် စောင့်ထိန်းနိုင်ရဲ့လား'' ဟု မေးလေသည်။
''မှန်ပါ... ငါးပါးသီလကိုခါး၀တ်ပုဆိုးကဲ့သို့ မြဲပါတယ်ဘုရား... ရှစ်ပါးသီလ၊ ကိုးပါးသီလများ ကိုလည်း ရှစ်ရက်သီတင်း လပြည့်၊ လကွယ်ရက်များတွင် စောင့်ပါတယ်ဘုရား '' ဟု မင်းတရားကြီးက လျှောက်ထားသည်။
'' ဒါဖြင့် တကာတော်ရေမြေ့ရှင် ပုတီးများကောစိပ်ရဲ့လား '' ဟုမေးသည်။
'' မှန်ပါ စိပ်ပါတယ် ဘုရား '' ဟုပင် လျှောက်သည်။
တကာတော်ရေမြေ့ရှင် အရင်က '' ဖိုးသူတော် ပုတီးစိပ်သလိုလဲ ဖြစ်နေအုံးမယ် '' ပြောပြီး အောက်ပါ ပုံပြင်ကို ပြောပြသည်။
ရှေးက ရွာတရွာကလူများမှာ ဗုဒ္ဓဘာသာကို အထူးလေးစား ယုံကြည်သည့်အတိုင်း ဝါတွင်းသီတင်း နေ့များတွင် ရွာဦးကျောင်းသို့သွားရောက်၍ သီလခံယူခြင်း၊ တရားဘာ၀နာများကို ဆွေးနွေး မေးမြန်းခြင်းများကို အမြဲပြုလုပ်လေ့ရှိသည်။
ညနေဘက်တွင် ကျောင်းအနီးရှိ ဥပုသ်ဇရပ်ပေါ်မှာ အမြဲလိုလို ပုတီးစိပ်ကြလေသည်။ ဖိုးသူတော် တယောက်ကလည်း ထိုဥပုသ်ဇရပ်အနီးရှိ သစ်ပင်ကြီးတပင်အောက်မှာ အမြဲထိုင်၍ ပုတီးစိပ်လေ့ ရှိသည်။
ဖိုးသူတော်စိပ်သောပုတီးမှာ အခြားသူများစိပ်သော ပုတီးကဲ့သို့ ၁၀၈လုံး၊ ၃၂လုံး၊ ၉လုံးမရှိပေ။ ၃လုံးသာရှိသည်။ ဖိုးသူတော်ပုတီးစိပ်နေသည်မှာ ပါးစပ်မှ နှုံပွနှုံပွနှင့် အလွန်မြန်ဆန်လှသည်။ ဇရပ်ပေါ်မှ ဥပုသ်သည်များပင် အတော်စိတ်၀င်စားနေပေသည်။
ဖိုးသူတော်၏ ပုတီးစိပ်နည်းကို မေးမြန်းပြီး နည်းယူလိုသော ဇရပ်ပေါ်မှ ဥပုသ်သည်များမှာ ဦးသူတော်ကိုအားနာ၍ မမေးဖြစ်ခဲ့ပေ။ လာမည့် သီတင်းရောက်ရင် မေးမှဘဲဟု အားတင်းထားသော ဥပုသ်သည်များမှာ သီတင်းနေ့ကို စောင့်နေကြသည်။
သီတင်းနေ့ရောက်သည်တွင် ဖိုးသူတော်သည် အခါတိုင်းလိုပင် ပုတီးကိုသွက်သွက်စိပ်နေသည်။ ထိုနေ့တွင် ဥပုသ်သည် တဦးက ဦးသူတော်ကိုမေးသည်။
'' ဘယ့်နှယ်... ဦးသူတော် ပုတီးစိပ်တာမြန်လှချည်လား၊ နည်းကောင်းလေးဘာလေးရှိရင် ပေးပါအုံး၊ ဦးသူတော်က ဘုန်းကြီးနဲ့နီးလို့ နည်းကောင်းရလိမ့်မယ် '' ဟု ဥပုသ်သည်တဦးက ဦးသူတော်ကို မေးသည်။
ဦးသူတော်က '' ခင်ဗျားတို့ ဘုန်းကြီးပြောတုံးကတော့ မှတ်မထားဘူး၊ အခုမှမေးနေကြ '' ဟု ပြန်ပြောသည်။
'' ပြောပြစမ်းပါ ဦးသူတော်ရဲ့ '' ဟု ထပ်မေးသောအခါ ...
'' မှတ်ထား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ပထမတော့ တလုံးစီချစိပ်ရတယ်၊ နောက်တော့ ( ၄င်းနည်း ) ( ၄င်းနည်း ) ( ၄င်းနည်း ) ဆိုပြီး မြန်မြန်စိပ်ကြပေါ့ '' ဟု ပြောလေရာ ဇရပ်ပေါ်ရှိ ဥပုသ်သည်များမှာ ရယ်မောကြလေသည်။
ဤတွင် ဗန်းမော်ဆရာတော်က '' တကာတော်ရေမြေ့ရှင်လဲ ဦးသူတော် ပုတီးစိပ်သလို ( ၄င်းနည်း ) ( ၄င်းနည်း ) နဲ့့များ စိပ်နေသလားလို့ '' ဟု ပြောကြားလေရာ ဘုရင်မင်းမြတ်လည်း များစွာသဘောကျ၍ ရယ်မောနေတော့သည်။
********************************
Posted by စုချစ်
#Credit

Comments
Post a Comment