သူကြွယ်ကြီးနဲ့ မယားလေးယောက်
သူကြွယ်ကြီးနဲ့ မယားလေးယောက်
=====================
တစ်ခါတော့ အဖိုးအိုတစ်ဦးက သူ့မြေးတစ်ယောက်ကို ပုံပြင်တစ်ခုပြောပြပါသတဲ့။
တစ်ခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိတယ်။ ပြီးတော့ သူ့မှာ မိန်းမ လေးယောက်ယူထားတယ်။
လေးယောက်လုံးကလဲ တစ်အိမ်ထဲနေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကလဲ ချစ်ခင်ကြတယ်။
၄ ယောက်မြောက်မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ၀တ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့
ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်။သူကဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။
၃ ယောက်မြောက်မိန်းမကိုလဲ တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။
အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလဲ တစ်ဖက်တစ်လမ်းလုပ်ပေးသေးတယ်။သူဌေးကြီးကတော့ အဲဒီမိန်းမက တစ်ခြားတစ်ယောက်နဲ့
ပါသွားမှာကို အရမ်းစိုးရိမ်တယ်။
၂ ယောက်မြောက်မိန်းမကိုလဲ အလွန်ချစ်တယ်။သူက အတွေးအခေါ်ကောင်းတယ် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။တစ်ခါတစ်လေ သူဌေးကြီး စိတ်ဓါတ်ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူဖြစ်တယ်။
ပထမမိန်းမကိုတော့ သူသိပ်ကြည့်မရဘူး။ သူနဲ့အတူတူသွားလာနေတာကလွဲလို့ သူ့ကို ဘာမှမလုပ်ပေးနိုင်ဘူးလို့ထင်တယ်။
သူ့မိန်းမကတော့ သူ့ကိုအရမ်းချစ်တယ်။ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူဌေးကြီးမှာ ရောဂါတစ်ခုရပါလေရော။ ဆရာ၀န်ကလဲ မကြာခင်သေတော့မယ်လို့ပြောလိုက်တယ်။
သူဌေးကြီး အိပ်ရာပေါ်လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ဝုိင်းပြုစုကြတယ်။အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို
မေးလိုက်တယ်။
” ငါသေရင် တမလွန်မှာ တစ်ယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ မင်းငါနဲ့ တမလွန်ကိုလိုက်ခဲ့မလား ” လို့မေးလိုက်တယ်။
သူ့မိန်းမက သူ့နားကထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။
ဒါနဲ့ သုံးယောက်မြောက်မိန်းမကို မေးပြန်တယ်။” မရဘူး ငါ့ဘ၀က ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ ရှင်သေရင် ကျွန်မက
နောက်တစ်ယောက်ဆီ လိုက်သွားမှာပဲ ” လို့ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။
နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။” စိတ်မကောင်းပါဘူး ငါနင်နဲ့အတူလိုက်မသေနိင်ဘူး ငါနင့်ကိုတော့ အုတ်ဂူအထိလိုက်ပို့ပါ့မယ်”
သူဌေးကြီး လုံး၀စိတ်ထိခိုက်သွားတယ် ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။
ပထမ မိန်းမကတော့ ” ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်” လို့ဖြေလိုက်တယ်။
သူဌေးကြီးလဲ ပထမမိန်းမကို ၀မ်းသာအားရပွေ့ဖက်လိုက်တယ်။
ပုံပြင်လေးပြီးသွားတဲ့အခါ အဖိုးအိုက သူ့မြေးကို ရှင်းပြတယ်”
” ငါ့မြေး ဒီပုံပြင်ထဲက လေးယောက်မြောက်မိန်းမဆိုတာ တခြားမဟုတ်ဘူး ငါတို့ရဲ့ ခန္ဓာကိုယ်ပဲ။
ငါတို့ဟာ ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင်ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး
တတိယ မိန်းမကတော့ စီးပွားဥစ္စာကိုရည်ညွန်းတယ်။ ငါတို့ဘယ်လောက်ရှာခဲ့ရှာခဲ့ ငါတို့သေရင် ကိုယ့်သားသမီး၊အခြားလူတွေဆီပါသွားမယ်။
ငါတို့နဲ့အတူလိုက်နိုင်မှာမဟုတ်ဘူး။
ဒုတိယမိန်းမကတော့ ငါတို့မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ငါတို့ကိုအရာအားလုံးမှာ ကူညီပေမယ့် ငါတို့သေတဲ့အခါ လိုက်ပဲပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာမဟုတ်ဘူး။
ပထမမိန်းမကတော့ ငါတို့ရဲ့ ဝိညာဉ် တစ်နည်းအားဖြင့်ပြောရရင် နာမ်ပဲ။
ငါတို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ငါတို့နဲ့အတူတူ သံသရာတစ်လျှောက်လုံး လိုက်ပါလာလိမ့်မယ်။ ”
မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments
Post a Comment