စေတနာရှင်လေးများ
စေတနာရှင်လေးများ
============
ရှေးရှေးတုန်းက တောတန်းလေးတစ်ခုထဲမှာ ပိုးကောင်ငယ်လေးတွေနဲ့ တိရိစ္ဆာန်ငယ်လေးတွေ စုပေါင်းနေထိုင်ကြသတဲ့။ အဲ့ဒီတောတန်းကလေးဟာ တောအုပ်တစ်ခုရဲ့ မနီးမဝေးမှာ တည်ရှိတယ်။ တောအုပ်နဲ့ တောတန်းကလေးကိုတော့ ချောင်းလေးတစ်ခုက ပိုင်းခြားထားခဲ့တယ်။ တောအုပ်နဲ့ တောတန်းကလေးကိုတော့ တစ်ခုတည်းသောတံတားကလေးနဲ့ ဆက်သွယ်ထားတယ်။ ဒီတံတားကလေးကလည်း ချောင်းကလေးနားက အပင်ငယ်တပင်လဲကျပြီး တစ်ဘက်ကမ်းပေါ်မှာ သွားတင်နေတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တံတားကလေးပေါ့။ ဒါပေမယ့် တောအုပ်ထဲက အကောင်ငယ်လေးတွေဟာ တောအုပ်ရဲ့ အတွင်းပိုင်းကို သွားလေ့ မရှိကြဘူး။ တောတန်းကလေးဟာ သေးငယ်လွန်းတာကြောင့် နေထိုင်ကြတဲ့ အကောင်ငယ်ကလေးတွေဟာ တစ်နေ့ထက်တစ်နေ့ အစာရှာဖွေရတာ ခက်ခဲလာခဲ့တယ်။
တစ်ဖက်ကမ်းဖြစ်တဲ့ တောအုပ်ထဲမှာ အစားအစာတွေ ပေါများတာ သိကြပေမယ့် သူတို့ရဲ့ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အသားစားအကောင်တွေ ရှိနေတာကြောင့် သူတို့ဟာ တစ်ဖက်တောအုပ်ထဲမှာ အစာသွားရှာဖို့ကို မဝံ့ရဲကြဘူး။ တစ်ရက်ထက်တစ်ရက် အစာရေစာ ရှားပါးလာတဲ့အခါမှာ ပိုးကောင်လေးတွေနဲ့ ယုန်၊ရှဥ့်၊ ပူး အစရှိတဲ့တောကောင်လေးတွေဟာ တစ်ဖက်တောအုပ်ထဲမှာ အစာသွားရှာဖို့ စုရုံးပြီး တိုင်ပင်ကြတယ်။ နေ့အခါမှာ သွားရင် ရှိနေတဲ့ မြေခွေးတွေ၊ တောခွေးတွေရဲ့ ရန်ကို ကြောက်ရတာဖြစ်လို့ ညဥ့်အခါမှာ အစာသွားရှာကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လသာတဲ့ည၊ ကြယ်ရောင်တွေ လင်းတဲ့ညတွေမှာ အကောင်ငယ်လေးတွေဟာ တစ်ဖက်ကမ်း တောအုပ်ထဲကို သွားရတာ အခက်အခဲ မရှိပေမယ့် လမသာတဲ့ည၊ ကြယ်တွေကို တိမ်တွေကဖုံးကွယ်ထားတဲ့ ညတွေမှာ အကောင်ငယ်လေးတွေဟာ ရေထဲကျခြင်း၊ တွင်းတွေ ချိုင့်တွေထဲကျခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြရတယ်။ ဒီအခါမှာ ပိုးကောင်လေးတွေနဲ့ အကောင်ငယ်လေးတွေဟာ ဒီအခက်အခဲကို ဘယ်လိုကျော်ဖြတ်ရမလဲလို့ တိုင်ပင်ကြပြန်တယ်။ မီးအိမ်နဲ့ လမ်းပြပေးမယ့်သူရှိရင် အဆင်ပြေမယ်ဆိုတဲ့ အဖြေကိုရပေမယ့် မီးအိမ်နဲ့ လိုက်လံ လမ်းပြပေးမယ့်သူက မရှိဘူး ဖြစ်နေပြန်တယ်။
ဒီအချိန်မှာပဲ ဒီလိုလမ်းပြတဲ့အလုပ်ကို သူတို့လုပ်ပါမယ်ဆိုတဲ့ သေးသေးကွေးကွေး အသံလေးတစ်ခုက ပေါ်ထွက်လာတယ်။ ကြည့်လိုက်တဲ့အခါမှာတော့ အတောင်ပါတဲ့ အညိုရောင် ပိုးကောင်လေးတွေကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ ပိုးကောင်လေးတွေဟာ မီးအိမ်လေးတွေကို ကျောပေါ်မှာတင်ပြီး လမ်းပြလုပ်သားလေးတွေအဖြစ် စေတနာ့ဝန်ထမ်း အလုပ်ကို လုပ်ကိုင်ကြတယ်။ အကောင်ငယ်လေးတွေအတွက် အစာရှာဖွေရာမှာ အခက်အခဲမရှိ သွားလာနိုင်လာကြပေမယ့် ညဥ့်ငှက်တွေ ကင်းလိပ်တွေရဲ့ ဖမ်းယူစားသောက်ခြင်းကို ပိုးကောင်ညိုလေးတွေက ခံကြရရှာတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်ပျက်ခြင်းမရှိ၊ နောက်ဆုတ်ခြင်းမရှိဘဲ လမ်းပြတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ကြတယ်။ တစ်နေ့မှာတော့ ဒီအဖြစ်အပျက်တွေကို တောတန်းလေးကိုစောင့်တဲ့ နတ်သမီးကလေးက တွေ့ရှိသွားသတဲ့။
ဒါနဲ့ တောတန်းကလေးထဲမှာ နေထိုင်ကြတဲ့ အကောင်ငယ်ကလေးတွေ ကို စုရုံးခေါ်ဆိုပြီး အကြောင်းအရာကို မေးမြန်းခဲ့တယ်။ အားလုံးရဲ့ ပြောပြချက်ကို ကြားသိရတဲ့အခါမှာ နတ်သမီးကလေးဟာ အညိုရောင် ပိုးကောင်ကလေးတွေကို သနားကရုဏာ ဖြစ်သွားတယ်။ ပြီးတော့ ကိုယ်ကျိုးစွန့်ပြီး ကူညီကြတဲ့ ဒီပိုးကောင်လေးတွေကို ဂုဏ်ပြုရမယ်လို့လည်း အကောင်ငယ်ကလေးတွေကို ပြောလိုက်တယ်။ များမကြာမီမှာပဲ နတ်သမီးကလေးက အတောင်ပံတွေခတ်လိုက်တိုင်း အလင်းရောင်တွေ စေဖို့ အညိုရောင်ပိုးကောင်လေးတွေကို သူမရဲ့ တန်ခိုးနဲ့ ဖန်ဆင်းပေးလိုက်တယ်။ ပြီးတော့ အမည်မရှိတဲ့ ထိုပိုးကောင်လေးတွေကိုလည်း ပိုးစုန်းကြူးလို့ အမည်တစ်ခုကို သတ်မှတ်ပေးလိုက်သတဲ့။ ပိုးစုန်းကြူးကလေးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အလင်းရောင်လေး ရရှိလာတဲ့အခါမှာ လမ်းပြတဲ့အလုပ်ကို ဆထက်တိုးပြီး တောတန်းလေးထဲက မိတ်ဆွေလေးတွေကို ကူညီကြတယ်။ သားတို့ သမီးတို့လည်း လမင်းကြီး မလင်းတဲ့ညတွေ၊ ကြယ်လေးတွေမလင်းတဲ့ညတွေမှာ မှိတ်တုတ် မှိတ်တုတ်နဲ့ ဟိုမှ ဒီမှ သွားလားပျံသန်းနေကြတဲ့ ပိုးစုန်းကြူးလေးတွေကိုတွေ့ရင် မဖမ်းကြရဘူးနော်။ သူတို့က သူတို့မိတ်ဆွေလေးတွေကို လမ်းပြပေးနေတာကြောင့် ပိုးစုန်းကြူးလေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းကြပါစေ။
ပျိုးယုဝသုန်
Sunday (BNE) တွင် လက်ရေးပုံပြင်များမှ ပြန်လည်ကူယူသည်

Comments
Post a Comment