အယုံလွယ်တဲ့_မိန်းခလေးတွေ_ဖတ်သင့်တဲ့_ပုံပြင်…
…
MustRead.......
- တစ်ခါက ကောင်မလေးတစ်ယောက်
သူ့အဘွားအိမ် သွားဖို့ဆိုပြီး တောင်တက်လမ်းအတိုင်း
လျှောက်လာနေတုန်း ရှောကနဲ အသံကြားတော့
ငုံ့ကြည့်လိုက်တယ်… ခြေထောက်နားမှာ မြွေတစ်ကောင်...
- မြွေက ခလောက်ဆွဲမြွေအမျိုးအစား
- အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှမလုပ်ရသေးခင်
မြွေက ကောင်မလေးကိုပြောပါတယ်...
- သူသေရတော့မယ် ထင်တယ်တဲ့.!
- သူအရမ်းလည်း ချမ်းနေတယ်တဲ့.!
- ဒီနေရာမှာ အရမ်းအေးတာပဲတဲ့.!
- အခုထိ ဘာမှလည်း မစားရသေးဘူးတဲ့.!
- ဖြစ်နိုင်ရင် သူ့ကို ကောင်မလေးရဲ့ အင်္ကျီထဲထည့်ပြီး
ကောင်မလေးနဲ့ အတူ ခေါ်သွားပါလားတဲ့ လုပ်ရော...!
- ကောင်မလေးက ပြန်ပြောတယ်.!
- မဖြစ်ဘူး…မဖြစ်ဘူး...
နင်ဘာမြွေလဲဆိုတာ ငါသိတယ်.!
- နင်က ခလောက်ဆွဲမြွေ...
- ငါ နင့်ကို ခေါ်သွားရင်
နင် ငါ့ကိုကိုက်မှာ...နင်က အဆိပ်ပြင်းတယ်...!
- မြွေက ကောင်မလေးပြောတာကို လက်မခံဘူး
မကိုက်ဘူး...မကိုက်ဘူး...စိတ်ချ..!
- နင်သာ ငါ့ကိုကူညီရင်...ငါဟာ နင့်သူငယ်ချင်းကောင်းပဲ
နင့်ကိုငါ ကောင်းကောင်းမွန်မွန် တကယ်ဆက်ဆံမှာ...!
- မြွေက ဒီလိုပြောလာတော့ ကောင်မလေး တွေသွားတယ်.!
-ပြီးတော့ မြွေကိုကြည့်တယ် မြွေက လှလိုက်တာ
- သူ့အကွက်လေးတွေက ပန်းချီကားတစ်ချပ်လိုပဲ
ငါမြင်ဖူးသမျှ မြွေတွေထဲမှာ သူအလှဆုံးပဲ...!
- ကောင်မလေး ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်.!
- ကောင်းပြီ နင့်ကို ငါယုံတယ်...နင့်ကို ငါကယ်မယ်.!
- ဘယ်လိုသက်ရှိသတ္တဝါမဆို ကြင်နာမှုနဲ့
ထိုက်တန်တယ်ဆိုတာ ငါလက်ခံတယ်...!
-ပြောပြောဆိုဆိုနဲ့ ကောင်မလေးက မြွေကို
ညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲထည့်လို့
သူ့အဘွားအိမ်ကို ဆက်ထွက်လာခဲ့တယ်...!
- လျှောက်လာရင်း...လျှောက်လာရင်းနဲ့
ကောင်မလေး ပြင်းထန်တဲ့ နာကျင်မှုတစ်ခုကို
ခံစားလိုက်ရတယ်...
- မြွေက သူ့ကို ကိုက်လိုက်ပါပြီ...!!
- ကောင်မလေးငိုတယ်...နောင်တရတယ်
နင် ငါ့ကို ဘယ်လိုလုပ်လိုက်တာလဲ…??
- နင်ပြောတော့ မကိုက်ဘူးဆို...ငါ နင့်ကို ယုံခဲ့တယ်လေ...!
- မြွေက တစ်ခွန်းပဲပြန်ပြောပါတယ်.!
- နင် ငါ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက
ငါဘယ်လိုအမျိုးအစားလဲဆိုတာ နင်သိပြီးသားပဲ…
- မတတ်နိုင်ဘူးလေ...နင့်ထိုက်နဲ့ နင့်ကံပေါ့
- ဒီလိုပြောပြီး အမြီးလေးကို ခလောက်လို့
တွန့်တွန့်တွန့်တွန့်နဲ့ ထွက်သွားပါတော့တယ်...!
- ပုံပြင်လေးကတော့ ဒါပါပဲ!!!
- ပုံပြင်ထဲက မြွေလို ကျက်သရေတုံးတဲ့
လူဆိုတာတွေကို ကျနော်တို့ အတော်များများ
ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံဖူးမယ်ထင်ပါတယ်...
- တချို့လူတွေက စေတနာနဲ့ မတန်ပါဘူး.!
- တချို့လူတွေက သွားသနားလို့ မရပါဘူး.!
- တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနက မြွေလိုပါပဲ.!
- တချို့လူတွေက ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ.!
- တချို့လူတွေက ခုတစ်မျိုး တော်ကြာတစ်မျိုးပါပဲ.!
- တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ်ပါတယ်.!
- တချို့လူတွေက မူယာမာယာသိပ်များပါတယ်.!
- တချို့လူတွေက ကူလီကူမာသိပ်ကျွမ်းပါတယ်.!
- နောက်ပြီး သနားကမားရုပ်နဲ့ မျက်ရည်ခံထိုးတိုင်း
သနားစရာမကောင်းဘူးဆိုတာကိုလည်း
ခေါင်းထဲထည့်ထားပါ..!
- အပေါ်ယံရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေနဲ့လည်း
သူတို့ရဲ့အတွင်းစိတ်တွေကို
ခဏတာအားဖြင့် ပြည်ဖုံးကာ ချထားလို့ရတယ် ဆိုတာကိုလည်း စွဲမှတ်ထားပါ..!
- တချို့(တချို့) သော သူတွေဟာ
ဘယ်လိုသနားကြင်နာမှုမျိုး...စေတနာထားမှုမျိုး…ယုံကြည်မှုမျိုး...ကိုယ်ချင်းစာမှု့မျိုးနဲ့မှ မထိုက်တန်ဘူးဆိုတာကို နားလည်ထားလိုက်ပါ.!
- တချို့(တချို့) လို့ သေချာရေးထားတယ်နော်
အကုန်လုံးကို မဆိုလိုဘူး.!
ပုံပြင်များ
CreditWaiPhyoMaung

Comments
Post a Comment