ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ

ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ
======================
ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . . နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို
သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .
လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. . .သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . .
အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကို လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. . ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .
သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . . အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . . ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က
စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . .
(လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်)
ayeyarwaddylibrary
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်