ဆိတ်နှစ်ကောင်ပုံပြင်
ဆိတ်နှစ်ကောင်ပုံပြင်
================
တခါက.....`ဆိတ်´တွေကို ထိန်းကျောင်းရတဲ့ `ဆိတ်ကျောင်းသားလေး´ တယောက်ရှိတယ်။
သူဟာ ဆိတ်ကျောင်းရင်း မြက်၇ိုတ်၇တယ်။ အပြန်မှာရိတ်လို့၇လာတဲ့မြက်တွေကို ေ၇ာင်းရတယ်။
တခါတော့ သူ့မှာ သိပ်ခေါင်းမှာတဲ့ ဆိတ်နှစ်ကောင်ရှိတယ်။ ကျန်တဲ့ဆိတ်တွေကို လွတ်ပြီးထားတယ်။
ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်ကိုတော့ (၁၀)ပေလောက်၇ှည်တဲ့ကြိုးနဲ့ ထိပ်နှစ်ဖက်မှာ ချည်ထားတယ်။
ချည်တဲ့အခါ မှာလည်း `လျော့ကွင်း´နဲ့ ချည်တားတာဖြစ်တယ်။ တစ်ကောင်က ရုန်းလို့ရှိရင် နှစ်ကောင်စလုံး
လည်ပင်းအစ်တော့တာပါပဲ။ ဒီလို`လျော့ကွင်း´နဲ့ ချည်ထားတာကြောင့် သူတို့နှစ်ကောင်ဟာ ဝေးဝေးကိုမသွားနိုင်ကြဘူး။
တခြားဆိတ်တွေကတော့ တောထဲမှာမြက်ခင်းပေါ်မှာ အရွက်နုလေးတွေကို စိတ်ကြိုက်စားသောက်ခွင့်၇ကြတယ
်လေ။
ဒီလိုနဲ့တေန့မွာ...
ဆိတ်ကျောင်းသားလေးက မြက်တွေကိုရိတ်ပြီးပြန်လာတယ်။
ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်ဟာလည်း ဘာမှ မစား၇သေးဘူး။ သနားတဲ့ စိတ်ကလေးဖြစ်ပေါ်လာတယ်။
ဒါကြောင့် မြက်ထုံတထုံးကို ဆိတ်တစ်ကောင်ရဲ့ မနီးမဝေးမှာ ပစ်ချလိုက်တယ်။
နောက်ထပ်မြက်ထုံးတစ်ထုံးကို လည်း ကျန်တဲ့ ဆိတ်တစ်ကောင်ရဲ့ မနီးမဝေးမှာ ပစ်ချလိုက်တယ်။
အဲဒီလို မြက်နှစ်ထုံးကို ပစ်ချပြီးတဲ့နောက် မြက်ရိတ်ဖို့ ပြန်ပြီးထွက်သွားပါတော့တယ်။
ဆိတ်တကောင်ဟာ သူ့အနီးနားကို မြက်ထုံးတစ်ထုံး`ဘုတ်ကနဲ´ကျလာတာမြင်ေ၇ာ အဲဒီမြက်ထုံးဆီကို
အပြေးသွားပါတော့တယ်။ သူကသွားတော့ လျော့ကြိုးကြီးက တင်းလာတော့တာပေါ့။ သူ့စိတ်ထဲမှာ
`ငါ့ကို မစားစေချင်လို့ ဟိုကောင်ကဆောင့်ဆွဲတာဖြစ်မယ်´ လို့တွေးပြီး ဒေါသတွေထွက်လာတယ်။
ဒီလိုပဲ ဟိုဘက်ဆိတ်ကလည်း သူနဲ့နီးတဲ့ မြက်ထုံးဆီကို ေ၇ာက်အောင်သွားတယ်။
ဆိတ်နှစ်ကောင်စလုံးဟာ ကိုယ်နဲ့နီးတဲ့ မြက်ထုံးဆီကို ေ၇ာက်အောင်သွားကြရင်းနဲ့ ကြိုးကြီးက
တင်းသထက်တင်းလာတယ်။ လည်ပင်းကလည်း `အစ်´သထက် `အစ်´လာတယ်။ လွန်ဆွဲနေသလိုပါပဲ။
နှစ်ကောင်စလုံး မြက်ထုံးဆီကို မေ၇ာက်နိုင်ကြဘူး။ နှစ်ကောင်စလုံးရဲ့ စိတ်ထဲမှာလည်း မာနကိုယ်စီနဲ့ပေါ့။
ဒေါသကိုယ်စီနဲ့ပေါ့။ အာဏာတကိုယ.်စီနဲ့ပေါ့။ ဆိတ်တစ်ကောင်ကဆွဲ၊ ကျန်ဆိတ်တစ်ကောင်ကလည်း ပြန်ဆွဲ။
ဒီလိုနဲံ မြက်စားမရဘဲ လည်ပင်းအစ်လို့ နှစ်ကောင်စလုံး သေပွဲ၀င်သွားကြပါတော့တယ်။
မြက်ရိတ်ပြီးပြန်လာတဲ့ ဆိတ်ကျောင်းသားလေးဟာ သူ့ရဲ့ဆိတ်နှစ်ကောင်စလုံးသေနေတာကို တွေ့လိုက်ရတယ်။
လည်ပင်းမှာလည်း`လျော့ကြိုး´ ကြီးက တင်းလို့...။ မြက်ထုံးကလည်း အ၇ာတောင်မယွင်းဘူး။
ဒီဆိတ်နှစ်ကောင်ကို နောက်ဆု့းမှာတော့ အသားပေါ်ပြီး ၇ွာထဲကို ဆိတ်သားအဖြစ်ေ၇ာင်းစားလိုက်ပါတော့တယ်။
+++ ++++ ++++
တကယ်တော့ ဖြစ်သင့်တာက ... ဆိတ်တကောင်ဟာ ကျန်ဆိတ်တကောင်နဲ့ ပူးပေါင်းပြီး မြက်ထုံးတစ်ထုံးကို
နှစ်ကောင်အတူစားသင့်တယ်။ အဲဒီ မြက်ထုံးတစ်ထုံးကို နှစ်ကောင်အတူစားရင် ရတာပဲ။
အခုတော့ ခေါင်းမာလိုက်ကြတဲ့ ဆိတ်နှစ်ကောင်။ မြက်လည်း မစားရ။ သေရှာကြေ၇ာ။
သူတို့ဟာ ဆိတ်တွေဆိုတော့ အသိဥာဏ်မ၇ှိကြဘူးလေ။
++++ ++++ ++++
ကျနော်တို့ ပတ်၀န်းကျင်မှာလည်း မြက်ထုံးနှစ်ထုံးနဲ့ ဆိတ်နှစ်ကောင်လို ဇာတ်လမ်းတွေအများကြီးရှိပါတယ်။
ခေါင်းမာတဲ့ ဆိတ်နှစ်ကောင်နဲ့ တူတဲ့လူတွေ အများကြီးရှိပါတယ်။ တခါတလေ ကျနော်ကိုယ်တိုင် ဆင်ခြင်တုံးတရားမဲ့တဲ့ ဆိတ်နှစ်ကောင်လိုလူ ဖြစ်နေတတ်ပြန်တယ်။ ဒီအတွက် တစ်ယောက်က တစ်ယောက်ကို အလျော့မပေး... တစ်ယောက်က တယောက်ကို နားမလည်...၊ မာနချင်းပြိုင်လို့...။ သူနိုင် ငါနိုင် အပြိုင်လုရင်း ဂုဏ်သိက္ခာတွေကျခဲ့ကြရတယ်။ နောင်တတွေကို မျိုချရင်းနဲ့ အသက်တွေကြီးလာကြတယ်။ ကိုယ်လည်း မစား၇၊ သူစားဖို့အတွက်လည်း မကျွေးချင်နဲ့။ ဘ၀ဆိုတာ သေချာတွေးကြည့်ရင် ၇ှက်စ၇ာကောင်းလိုက်တာ။
ကွဲကွာသွားကြရတဲ့...ကွဲကွာနေကြရတဲ့....
မိသားစုတွေ... အိမ်ထောင်စုတွေ....
လင်မယားတွေ...ချစ်သူတွေ...
သူငယ်ချင်းတွေ...မိတ်ဆွေတွေ....
အနာ၈တ်ကို ပုံဖော်နိုင်စွမ်းရှိတဲ့သူတွေ....
အများအကျိူးကို သယ်ပိုးနေကြပါတယ်ဆိုတဲ့ ဦးဆောင်သူတွေ...
လူ့အဖွဲ့အစည်းတွေအတွက်
ဒီမြက်ထုံးနှစ်ထုံး နဲ့ ဆိတ်နှစ်ကောင်ရဲ့ ဖြစ်ရပ်ကလေးကို ကြည့်ပြီး.....
**ဦးဘုန်း(ဓါတု)**
အဖေ့အိမ်စာအုပ်မှ ကူးယူဖေါ်ပြသည်
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments
Post a Comment