သစ်သားခွက် များ ပုံပြင်

သစ်သားခွက် များ ပုံပြင်
*****************
တစ်ခါတုံး က မိသားစု တစ်စု ရှိပါတယ်
အသက် ၇၀ ကျော် မသန်မစွမ်း အဖိုးအို
တစ်ယောက်ရယ် ၄ နှစ် အရွယ် အဖိုးအို ရဲ့ မြေး နဲ့ အဖိုးအိုရဲ့ သား နဲ့ ချွေးမ ၄ ဦး ဖြစ်ပါတယ်
ညစာ ကို မိသားစု အတူ ဝိုင်းဖွဲ့ စားကြတဲ့
အခါ မသန်းမစွမ်း အဖိုးအိုရဲ့ လက်တွေက
တုန်နေတဲ့ အတွက် လက်ထဲက ဇွန်း လွတ်
ကျ တယ် တုန်တုန်ချိချိ နဲ့ စားရ လို့ ပါးစပ် ထဲ မဝင် ဘေးဖိတ်ကျတယ့့့့် ထည့်ထားတဲ့
နို့ ဖန်ခွက်က လည်း ခဏခဏ လွတ်ကျ ပြီး ကွဲ ကွဲ ကုန် ပါတယ်
ဒါအဖြစ်တွေလည်း ညစဉ် တိုင်း ဖြစ်နေတာ
ကြာတော့့့့ သားဖြစ်သူ က သူ့မိန်းမ ကို
ပြောပါတယ့့့့်
" မိန်းမ ရေ အဖေ ရဲ့ အခြေအနေ က တစ်နေ့တစ်ခြား ဆိုးလာ ပြီ ကွာ့့့ ဖန်ခွက်
ပန်းကန်တွေ လည်း ကွဲ ပေါင်း များနေပြီ "
" ဟုတ်ပါ့့့့့ ရှင့် အဖေ ကိစ္စ ကို ရှင်းက
ဘယ်လို လုပ်ချင် တာလဲ ? "
နောက်ရက် ကျတော့ သားဖြစ်သူ က ထမင်းစားခန်း ဒေါင့်မှာ စားပွဲ လေး တစ်လုံး
ချ ထားပြီး အဖိုးအို အတွက် ပန်းကန် ဇွန်း
နို့ ခွက် တွေ အတွက် သစ်သားနဲ့ ပြုလုပ် ထားတဲ့ သစ်သားပန်းကန် သစ်သားဇွန်း
သစ်သား ခွက်တွေ နဲ့့့့့ စားဖို့ ပြင်ဆင်
ပေး ပါတယ်
သူတို့ မိသားစု ကတော့ ထမင်းစားပွဲ မှာ
ပျော်ရွှင်စွာ ညစာ စားနေချိန်မှာ တော့ အဖိုးအို တစ်ယောက်ထဲ့့့့ အခန်းဒေါင့် မှာ
တုန်တုန်ချိချိ နဲ့ ထမင်းစားနေ ရပါတယ်
ထုံးစံ အတိုင်း ဇွန်း လွတ်ကျ နို့ခွက် လွတ်
ကျ ဖြစ်ပေမယ့် သစ်သားနဲ့ ပြု လုပ်ထား
တော့ မကွဲ ဘူး ပေါ့
အဖိုးအို ဟာ တစ်ယောက်တည်း စားနေ ပေမယ့် သူ့ သားတို့ ထမင်း ဝိုင်း ကို ကြည့်
ပြီး မျက်ရည် ကျ ပြီး နူတ်မှ ရေရွတ် နေ တာ
ကို ၄ နစ် အရွယ် မြေးငယ်က ကြည့်ရင်း
ဝေခွဲ မရ ဖြစ်နေ ခဲ့ ပါတယ်
ဒီလိုမျိုး ရက်တွေ ကြာပြီးတဲ့ တစ်နေ့့့့့
အဖေ ဖြစ်သူ အားလပ်ရက် မှာ ၄ နှစ် အရွယ် သားငယ် နဲ့ သစ်သားတုံးလေးတွေ
နဲ့ အတူတူ ကစား ကြ ချိန်မှာ အဖေ ဖြစ်သူ
က သူ့ သားငယ် ကို မေးပါတယ်
" သား ရေ့့့့ ဆော့ရတာ ပျော်လားကွ
သစ်သားတွေ ကို သားစိတ် ထဲ ဘာလုပ်
ချင် သလဲ အဖေ ကို ပြောပြကွာ " လို့ ချိုသာ ပြုံးရွှင် စွာ မေး လိုက်ပါတယ်
သားငယ် ကလည်း ဆော့နေရင်းကနေ
" သား ဒီ သစ်သားတွေ ကို ပန်းကန်တွေ ဇွန်းတွေ ခွက်တွေ လုပ်ချင်တာ ဖေဖေ ရဲ့
သားကြီး လာတဲ့ အခါ ဖေဖေ နဲ့ မေမေ ကို သစ်သားခွက် တွေ နဲ့ ညစာ ကျွေး ချင်တာ ဖေဖေ ရဲ့ " ဆိုပြီး သူဆော့လက် စ မပျက်ပဲ ပြောလိုက်ပါတယ်
အဲ့ဒီ စကားကို သားငယ်ရဲ့ အဖေရော အနားမှာ ရှိတဲ့ သားငယ် ရဲ့ အမေ ပါ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်
ဘာစကား မှ ပြန် မပြောနိုင်အောင် ဆွံ့အ သွား ခဲ့ ကြပါတယ့့့့် မိန်းမ ဖြစ်သူ ကတော့ မျက်ရည်မထိမ်း နိုင်အောင် ကျရင်း အိပ်ခန်း ဖက် ပြေးထွက်သွား သလို
ယေင်္ကျားဖြစ်သူ ကလည်း ကြေကွဲ စွာ နဲ့
ငူငူ ကြီး ဖြစ်နေ ပါတယ်
အဲ့ဒီ ည ညစာ စားကြချိန် အဖိုးအို က သူ့ နေရာ လေး သွားထိုင်ပေမယ့် သူ့ သား
လင်မယား နှစ်ယောက် စလုံး အဖိုးအို ကို
ယုယ စွာ တွဲ ခေါ်ရင်း မိသားစု ထမင်းစားပွဲ
မှာ ထိုင်ခိုင်း သူတို့ နဲ့ အတူ အဖိုးအို ကို
ညစာ စားစေ ခဲ့ ပါတယ်
ပန်းကန်ပဲ ကျကွဲပါစေ ဇွန်းပဲ လွတ်ကျပါစေ
နို့ဖန်ခွက် လည်း ကျကွဲ ပါစေ သားနဲ့ချွေးမ
အပြစ်မယူ မငြူဆူ တော့ ပဲ့့့ အဖိုးအို
အစား ဝင်စေဖို့ ပြုစု ခဲ့ကြ ပါတော့တယ်
#kazaw
မှ တ် စု ကြ မ်း

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်