မိဖုရားခေါင်ကြီး ပုံပြင်

မိဖုရားခေါင်ကြီး ပုံပြင်
++++++++++++++
ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ အလွန်လှပတဲ့ မိဖုရားခေါင်ကြီးတစ်ပါး ရှိတယ်။ အဲဒီမိဖုရားခေါင်ကြီးဟာ ဘုရင့်ရဲ့အချစ်ဆုံး မိဖုရားဖြစ်ပေမယ့် လိုချင်တပ်မက်နေ တဲ့ မင်းညီမင်းသားတွေနဲ့ တခြားတိုင်းပြည်က လူတွေလည်းအများကြီးရှိသတဲ့။ တစ်နေ့တော့ အဲဒီတိုင်းပြည်ရဲ့ ပညာရှိအမတ်ကြီးဟာ မိဖုရားကြီးကို ဒီနှစ်ရာသီဥတု အခြေအနေကို လျှောက်တင်မလို့ မိဖုရားခေါင်ကြီးနန်းဆောင်ကို တွေ့ခွင့်ပေးသတဲ့ ။ အဲဒီအခါ မိဖုရားခေါင်ကြီးကလည်း ဝင်ခွင့်ပေးလိုက်တော်မူပါတယ် ။ ရေချိုးပြီးစအချိန်မှာ အလှကြီးလှနေတဲ့ မိဖုရားကြီးရဲ့ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ဟာ မြင်သူ ရင်ကို ဆူပွက်စေပါတယ် ။
ပညာရှိအမတ်ကြီးကတော့ စိတ်ဆင်ရိုင်းကို ပညာချွန်းနဲ့ထိမ်းနေကြမို့ ဒီတစ်ခါ လည်း တည်တည်ငြိမ်ငြိမ်နဲ့ မိဖုရားကြီးရှေ့အခစားဝင်ခဲ့ပါတယ် ။ အဲဒီအခါ ပညာရှိ အမတ်ကြီးကို ချစ်ခင်လေးစားတဲ့ မိဖုရားခေါင်ကြီးဟာ ပညာရှိအမတ်ကြီးစားဖို့အတွက် သစ်သီးများကို သူကိုယ်တိုင်ယူကျွေးဖို့အတွက် စားပွဲကို လှမ်းလိုက်တော်မူပါ တယ်။ ပြေလျော့နေတဲ့ အဝတ်တန်ဆင်တွေဟာ ရုတ်တရက်ဆိုသလို ကပိုကယိုဖြစ်ပြီး တန်ဖိုးထားအပ်တဲ့ အတွင်းအလှတွေ ပေါ်သွားပြီး ပညာရှိအမတ်ကြီးလည်း မြင်သွား ပါတော့တယ်။ အဲဒီအချိန်ကစလို့ စိတ်ဆင်ရိုင်းကို လည်း အသိပညာချွန်းနဲ့ မထိမ်းချုပ်နိုင်တော့ဘဲ မိဖုရားကြီးအလှကိုပဲ တမ်းတမ်းစွဲ ဖြစ်သွားပါတော့တယ်။
အချိန်ကြာလာတဲ့အခါ အအိပ်ပျက်အစားပျက်ဖြစ်ပြီး ပိန်ချုံးလို့ကျန်းမာရေးပါ ထိခိုက်လာခဲ့တယ်။ နောက်ဆုံးတော့ အဲဒီအကြောင်းကိုသိသွားတဲ့မိဖုရားကြီးက အမတ်ကြီးကို နန်းဆောင်ကို ခေါ်စေလိုက်တယ်။ ပြီးတော့ ရွေခွက်ရယ် ငွေခွက် ရယ် ကြေးခွက်ရယ်ထဲကို သံပရာရည်တွေ လောင်းထည့်စေပါတယ်။ အမတ်ကြီးကို ပထမဆုံးရွှေခွက်ထဲထည့်ထားတဲ့ သံပုရာရည်ကိုသောက်စေပါတယ်။ “ အမတ်ကြီး အရသာဘယ်လိုနေပါသလဲ ” “ ချဉ်လှပါတယ် မိဖုရားကြီး ” လို့အမတ်ကြီးကဖြေတယ် ။ နောက်ဒုတိယခွက်ဖြစ်တဲ့ ငွေခွက်ထဲက သံသရာရည်ကို သောက်စေပြီး မေးပြန်တယ် ။
“အရသာက ဘယ်လိုရှိလဲ အမတ်ကြီး ” “ မှန်လှပါ ချဉ်လှပါတယ် မိဖုရားကြီး ” လို့အမတ်ကြီးကဖြေတယ်။ နောက်ဆုံး ကြေးခွက်နဲ့ ထည့်ထားတဲ့သံပုရာရည် ကို သောက်စေပြန်တယ် ။ ပြီးတော့မေးတယ် “ အရသာက ဘယ်လိုနေလဲအမတ်ကြီး ” “ ချဉ်လှပါတယ်မိဖုရားကြီး ” လို့အမတ်ကြီးကပြန်ဖြေတယ် ။ ပြီးတော့ တစ်ဦးနဲ့တစ်ဦး အတန်ကြာစကားမပြောပဲ တိတ်နေကြတယ်။ အမတ်ကြီးကလည်း မိဖုရားကြီး ဘာတွေဆက်ပြောမလဲဆိုတာ စောင့်နေခဲ့တယ် ။ နောက်ဆုံး . . မိဖုရားကြီးအမတ်ကြီးကို စကားတစ်ခွန်းသာ ပြောလိုက်တယ် ။ “ အမတ်ကြီး . . သံပုရာရည်ဆိုတာ ခွက်သာပြောင်းသွားတယ် အရသာကတော့ ချဉ်တာပါပဲ ” . .။
အဲဒီတော့မှ အမတ်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားပြီး သူ့ စိတ်ရိုင်းတွေကို သူပြန်မထိမ်းချုပ်နိုင်တာ သိသွားပါတော့တယ် ကာမ တဏှာဆိုတာ အရောင်အသွေး ပုံသဏ္ဍာန်သာ ပြောင်းလဲပေမယ့် သတိကို မဲ့စေတယ်၊ ပညာကို မှိန်စေတယ်၊ အသိကို လွတ်စေတယ်၊ အလိုဆန္ဒတွေကို အသိဥာဏ်ဆိုတဲ့ ဘောင်နဲ့ကန့်သတ်မထိမ်းချုပ်နိုင်သရွေ့ အလိုဆန္ဒတွေခေါ်ဆောင်ရာနောက်ပဲ လူတွေ လိုက်သွားကြရလိမ့်မယ် ဆင်ခြင်ပါ . . သုံးသပ်ပါ . . တွေးတောပါ . . . ဆန္ဒကိုချိုးနှိမ်ပါ အလိုလောဘတွေကို အဆုံးသတ်ပါ အရာရာဟာ မမြဲခြင်းတရားတွေပါပဲ . . ။ သက်တန့်ချို ကြားဖူးနေတဲ့ပုံပြင်လေး ကို ပြန်လည်တွေးတောရေးသားလိုက်ပါတယ် ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:သင်းမြတ် စိုး

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်