ထီးလေးတစ်ချောင်းရဲ့ ပုံပြင်

*** ထီးလေးတစ်ချောင်းရဲ့ ပုံပြင် ***
=======================
.
ထီးလေး ... ဒီထီးလေးက ကျွန်မအတွက် အဖော်မွန်ပဲ .. ဟုတ်တယ် .. ကျွန်မ လမ်းလျှောက်ထွက်တိုင်း အမြဲမပါမဖြစ်။ လမ်းလျှောက်ထွက်တိုင်းအနောက်ကနေ လိုက်နှောင့်ယှက်တဲ့သူတွေကို ကြောက်ကြောက်လန့်လန့်နဲ့ ရင်ဆိုင်နိုင်ဖို့ဆိုရင် ဒီထီးလေး မပါရင် ဘယ်လိုလုပ်မလဲ ? ဒီထီးလေးကိုအားကိုးပြီး ရင်ဆိုင်ဖြေရှင်းရတာ .. တခါတလေ ညဘက် ကျွန်မ ပြန်လာတဲ့အချိန် လမ်းမှာတွေ့တဲ့ခွေးတွေက အတင်းထိုးဟောင်တာမျိုး အတင်းဆွဲသလိုမျိုးတွေ လုပ်လာပြီဆိုရင် ဒီထီးလေးနဲ့ ဝှေ့ယမ်းလိုက်မှ အနားကနေ ရှဲသွားတတ်တာမျိုး ဒီထီးလေးက တကယ်တော့ ကျွန်မအတွက် နွေမိုးဆောင် ဥတုသုံးခုလုံးအတွက် မရှိမဖြစ် အဖော်မွန်တစ်ယောက်လိုပါပဲ ..။
.
မိုးတွေအရမ်းသည်းနေရင်လည်း မိုးမစိုရအောင် ကာရံပေးတယ် ..။
နေတွေအရမ်းပူနေရင်လည်း နေပူဒဏ်သက်သာအောင် ကာရံပေးတယ်..။
ရှားရှားပါးပါး ဆောင်းတွင်းမှာ လေအေးအေးတွေ တိုက်လာရင်လည်း မတိုက်နိုင်အောင် ကာရံပေးတယ်..။
.
ထီးလေးအကြောင်းစဉ်းစားရင်းနဲ့ အဖေ့ကို သတိရမိသွားသည်။
.
အမြဲတမ်းအိမ်ကနေထွက်တိုင်း “ဒီနေ့နေတွေပူတယ်နော် .. ထီးမမေ့သွားနဲ့ဦး …”
“ဒီနေ့ မိုးရွာမယ်တဲ့ မိုးလေ၀သကနေ ကြေငြာထားတယ်နော် .. ထီးယူသွားဖို့မမေ့နဲ့ဦး သမီး ..”
.
နေ့တိုင်းမပြတ် အိမ်ကအမြဲထွက်တိုင်း သတိပေးလေ့ ရှိတတ်တဲ့ အဖေရယ်ပါ ..
.
ကျွန်မနဲ့အမြဲတမ်းရှိနေတတ်တဲ့ ဒီထီးလေးလိုပဲ .. ငယ်ငယ်လေးကတည်းက အမေမရှိတော့တဲ့ ကျွန်မ ဘ၀မှာအဖေကပဲ အမေ၊ အဖေကပဲ အဖေဖြစ်သည်။ ကျွန်မ ဘယ်လိုပဲ ဒုက္ခရောက်ရောက်၊ ဘယ်လိုပဲ ခံစားနေရပါစေဘဝမှာ တိုင်ပင်ဖော် တိုင်ပင်ဖက်က အဖေပင်ဖြစ်သည်။ ကျန်းမာရေး၊ အလုပ်ကိစ္စ၊ ပညာရေး၊ အချစ်ရေးနဲ့ ချစ်ရေးဆိုလာတဲ့ ကောင်လေးတွေရဲ့အကြောင်း၊  နောက်ဆုံး ကုန်ကုန်ပြောရရင်တောင် မိန်းမသားသဘာဝ ရာသီစက်ဝန်းကြောင့် ကိုက်ခဲတာမျိုး ဖြစ်နေရင်တောင် အဖေက ကိုယ်တိုင် ရေနွေးအိတ်တည်ပေး ဆေးတိုက်ပေး စသဖြင့် အကုန်လုံးကို အစစအရာရာ အဖေ့ကိုပဲတိုင်ပင်ဖြစ်သည် အဖေကပဲ ပြုစုခဲ့တာဖြစ်သည်။
.
နွေ မိုး ဆောင်း ရာသီဥတု (၃) ပါးလုံးသာမက ဘယ်အချိန်မဆို အဖေသည်သာ အားကိုးရာဖြစ်ခဲ့တဲ့ ကျွန်မဘဝမှာ အိပ်မက်ထဲတောင် ထည့်မမက်ချင်လှတဲ့ အဖေရဲ့ နောက်ဆုံးအချိန်ဆိုတဲ့ နေဝင်ချိန်ကို ရောက်ရှိလာပြီး ကျွန်မရဲ့ အသည်းနှလုံးတွေ ကြေမွတစ်စစီ ပျက်စီးပြီး အားကိုးရာမဲ့ ဖြစ်တဲ့အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ရတာဖြစ်သည်။ 
.
ဘဝကို တစ်ယောက်တည်း ကြံကြံခိုင် ရုန်းကန်ဖြတ်သန်းတဲ့နေ့ရက်တိုင်းနေ့ရက်တိုင်းမှာ မနက်မိုးလင်းလို့ အလုပ်သွားမယ် .. တစ်နေရာရာသွားမယ်ဆိုပြီး ပြင်လိုက်တိုင်း အိမ်ရှေ့တံခါးဝမှာ ထောင်ထားတဲ့ ထီးလေးကို ကောက်ယူလိုက်ပြီး အဖေ့ရဲ့ နေ့စဉ်ပြောတဲ့ စကားတွေကို နားထဲကို ပြန်လည်ကြားယောင်လာစေတာ အမှန်ပါပဲ ..။
.
ငူငူငိုင်ငိုင်နဲ့ ရုတ်တရတ်စဉ်းစားနေရာမှ လက်ထဲမှာ ကိုင်ထားတဲ့ ထီးကို တစ်ချက်ဖွင့်ကြည့်လိုက်ပြီး သက်ပြင်း တစ်ချက် ချမိလိုက်သည်။
.
ထီးတစ်ချောင်း အသစ်ဝယ်ရပေဦးမည် ..။
.
အော် .. တစ်နှစ်စာ ကုန်သွားတဲ့အခါမှာ နေ့စဉ်နေ့တိုင်းငါ့ကို ရာသီဥတုဒဏ်ကို ကာကွယ်ပေးရင်းနဲ့ သူတောင် ဆွေးမြေ့ပြီး ပြဲနေတဲ့နေရာလေးတွေတောင် ရှိနေပါရော့လား ... စဉ်းစားရင်း ဒီထီးလေး ကိုယ့်လက်ထဲကို ဘယ်လိုရောက်လာသလဲဆိုတာ ပြန်လည်တွေးမြင်ယောင်မိပြန်သည် ..။ မိမိအတွက်တော့ သူများတွေလို ထီးတစ်ချောင်းကို (၉) သိန်းကျော် (၁ဝ)သိန်းကျော်ဖို့မလိုအပ်ပေ။ နေဒဏ်၊ မိုးဒဏ်ကာကွယ်ပြီး အသုံးပြုရအဆင်ပြေဖို့ လိုအပ်တာဖြစ်သည်။
.
မနှစ်က ကျွန်မအမြဲတမ်း ဖုန်းဝယ်လေ့ရှိတဲ့ Win Mobile World ကနေ မိုးရာသီလက်ဆောင်ဆိုပြီး နှစ်တိုင်းပေးလေ့ရှိတဲ့အချိန်မှာ ဖုန်းတစ်လုံးဝယ်မိတဲ့ ကျွန်မအတွက် ဒီထီးလေးက လက်ဆောင်ရခဲ့တာပဲ ဖြစ်သည်။ ထီးသပ်သပ် ဝယ်ယူစရာမလိုအပ်တော့ပေ ...။
.
ဒီနှစ်လည်း အချိန်အခါမဟုတ် မိုးတွေ သည်းကြီးမည်းကြီး ရွာသွန်းလိုက်မှုကြောင့် လက်ရှိအသုံးပြုနေတဲ့ ဖုန်းလေးလည်း ရေဝင်ပြီး ဆက်သုံးလို့မရတော့ .. မိုးတွင်းမှာပဲ ဖုန်းထပ်ဝယ်ရဦးမဲ့ မိမိအဖြစ်ကို မိမိတွေးရင်းနဲ့ပဲ အလိုလိုပြုံးမိလေသည် ..။
.
အော် .. ဖုန်းတစ်လုံးဝယ်ရင်းနဲ့ လက်ဆောင် ထီးလေး တစ်ချောင်း ထပ်ရဦးမှာပါလား .. အဲ့ဒီ လက်ဆောင်ရတဲ့ ထီးလေးနဲ့အတူ တစ်နှစ်ပတ်လုံး ထပ်ပြီး ဖြတ်သန်းရဦးမှာပါပဲလေ ... :) :)
.
————————————————————————————-
.
ဟုတ်ကဲ့ .. ကျွန်တော်တို့ Win Mobile World အနေနဲ့ နှိုင်းယှဉ်လို့မရတဲ့ မိဘရဲ့ ဂရုစိုက်စောင့်ရှောက်မှု မေတ္တာတရားတွေကိုတော့ ပေးစွမ်းနိုင်ဖို့ရာ မတတ်နိုင်ပါဘူး ... ဒါပေမဲ့ .. ကျွန်တော်တို့ ဆိုင်မှာ ဝယ်ယူအားပေးတဲ့ မိတ်ဆွေတွေအတွက်တော့ နွေ၊ မိုး၊ ဆောင်း ဥတု (၃) ပါးလုံး အပြင် အခြားသော အနှောင့်အယှက်တွေကနေ ကာကွယ်ရာ အသုံးပြုနိုင်ဖို့အတွက် Smartphone တစ်လုံး ဝယ်ယူတိုင်း ထီးလေးတစ်ချောင်း မေတ္တာလက်ဆောင်အနေနဲ့ ပေးနေပြီဖြစ်ပါတယ်ခင်ဗျာ ...။ :) :)
.
.

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်