စကားအသုံးအနှုန်းအရေးကြီးပုံ
စကားအသုံးအနှုန်းအရေးကြီးပုံ
==================
တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ အိပ်မက်ဆန်းတစ်ခုမက်တယ်...
သူ့ရဲ့သွားတွေ အကုန် ကျွတ်ထွက်ကုန်တယ်လို့ အိပ်မက်မက်တယ်...
အိပ်မက် အတိတ်နိမိတ်ကောက်တတ်တဲ့ အမတ် ၂ယောက်ကို ခေါ်လာပြီး သူ့ အိပ်မက်အကြောင်းကို အတိတ်နိမိတ်ဖတ်ခိုင်းတယ်...
ပထမ အမတ်က
"အရှင်ဘုရင်ဟာ အရှင်ရဲ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံး သေဆုံးပြီး မှ အရှင်နတ်ရွာစံပါလိမ့်မယ်... အဲဒီအချိန်မှာ ဆွေမျိုးတစ်ယောက်မှ ကျန်မှာ မဟုတ်ပါဘူး..."
ဘုရင်ဟာ ဒီစကားကို ကြားပြီး ဒေါသ ထွက်တော်မူသတဲ့... အဲဒီအမတ်ကို ကြိမ်ဒဏ် တစ်ရာ ရိုက်စေ ဆိုပြီး အပြစ်ပေးလိုက်တယ်...
ဒုတိယအမတ်ကတော့
"အရှင်ဘုရင် ဟာ အရှင်တို့ အမျိုးတော်တွေ ကြားမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ်..."
ဘုရင်ဟာ ဒီစကားကြားပြီး ပျော်ရွှင်ကာ ဆုတော်ငွေများ ချီးမြှင့်လိုက်လေ သတဲ့...
တူညီတဲ့ စကား... တူညီတဲ့ အဓိပ္ပာယ်... ပြောပုံဆိုပုံ တင်ပြပုံ မတူညီတာနဲ့ အကျိုး အာနိသင်ဟာ မတူညီတော့ပါဘူး...
Zane
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments
Post a Comment