အသစ်လာ အဟောင်းကိုမေ့
အသစ်လာ အဟောင်းကိုမေ့
===============
တစ်နေ့မှာ ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်. . . ညနေချိန်ရောက်တော့ အဲဒီတောင်ဆိတ်တွေကိုပါခေါ်ပြီး သူနေတဲ့ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်. . .
နောက်တစ်နေ့မှာ ရာသီဥတုက အတော်လေးဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး. . . သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့. . .
ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာ၀ရုံလေးပဲ ကျွေးပြီး အသစ်ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်. . .
ရာသီဥတုသာယာတဲ့အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်. . .တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်းထွက်ပြေးသွားပါရော. . . . ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်. . .
အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက. . . . " ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီရောက်လာခဲ့တယ်. . . ဒီတုန်းက ခင်ဗျားရဲ့ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်းကျွေးထားတယ်. . . ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးရလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ . . . " လို့ပြောခဲ့ပါတယ်. . . .
(မိတ်ဆွေဟောင်းတွေထက် မိတ်ဆွေသစ်ကျွန်ုပ်တို့ကို ပိုမို အရေးတယူပြုစုခံရမယ်. . . . ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေဖြစ်သွားတဲ့ အခါမှာတော့. . အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာလိမ့်မယ်. . . အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်. . )
အီစွတ်ပုံပြင်
ရေးသားသူ may16
#Credit
ယဉ်ကျေးလိမ္မာနှင့် (၃၈)ဖြာမင်္ဂလာ ပုံပြင်များ

Comments
Post a Comment