လူနှစ်ယောက်ပုံပြင်
တစ်ခါတုန်းက ရှင်ဘုရင်တစ်ပါး ရှေ့မှောက်သို့ လူနှစ်ယောက်ရောက်ကြသည်။ ရှင်ဘုရင်က
`မောင်မင်းတို့ အထဲက ကြိုက်တဲ့တစ်ယောက်က ကျုပ်ဆီမှာ လိုရာဆုတစ်ခုတောင်းပါ။ အဲဒီလူကို သူတောင်းတဲ့အတိုင်းပေးမယ်။ ကျန်တဲ့လူကိုတော့ ပထမလူထက် နှစ်ဆပေးမယ်´
ဟု ဆိုလိုက်သည်။
ပညာရှိ နှိပ်စက်နည်းဖြင့် နှိပ်စက်လိုက်ခြင်းပေတည်း။
သို့သော် ဘယ်လောက်အထိ နှိပ်စက်ခံသွားရသနည်းဟူသည်က အဲသည် လူနှစ်ယောက်၏ စိတ်ဓာတ်ပေါ်၌ မူတည်ခဲ့သည်။
သည်ပုံပြင်ထဲမှ လူနှစ်ယောက်အနက် တစ်ယောက်သည် လောဘကြီးသူဖြစ်၍ ကျန်တစ်ယောက်က မနာလိုစိတ် ကြီးမားသူဖြစ်သည်ဟု ပုံပြင်ဆရာက ကြိုပြောထားပါသည်။
ဘုရင်က ကဲ.... ဘယ်သူတောင်းမလဲ ဟု မေးသည့်အခါ သူတို့ရုတ်တရက် မဖြေနိုင်။ လောဘသမား က သူနှစ်ဆရချင်သည်။ မနာလိုသူကလည်း တစ်ဖက်လူပိုရသွားမှာ နည်းနည်းလေးမျှ မလိုလား။ သို့သော် ဘုရင်ရှေ့မှာ အကြာကြီး တစ်ယောက်ကို တစ်ယောက်လွှဲနေ၍ မရတော့ နောက်ဆုံးတွင် မနာလိုသူက မလွှဲသာ မရှောင်သာ တောင်းရတော့သည်။
`` ကျွန်တော်မျိုးရဲ့ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပေးတော်မူပါ ဘုရား ´´ ဟူ၍..။
========================================================================
ဒီပုံပြင်လေးကို ဖတ်ပြီး ကျွန်တော့်ရဲ့ စိတ်ခံစားမှုမှာ လူတိုင်းကတော့ ကိုယ့်အတွက်ကို စဉ်းစားတတ်ကြသူ ချည်းပဲ၊ ကိုယ့်အတွက် ပြည့်စုံမှသာလျှင် တခြားသူအတွက် စဉ်းစားပေးတတ်ကြသည်။ ပြီးလျှင် လူတိုင်းမှာ ပေတံ တစ်ချောင်းရှိသည်။ ထိုပေတံ မှာ ` ငါ ´ ဖြစ်ပါသည်။ ကျွန်တော့်ခံစားမှုမှာ တခြားသူများနှင့် တိုက်ဆိုင်ခြင်းမရှိလျှင် ခွင့်လွှတ်ကြပါကုန်..၊ ငယ်ရွယ်သူစိတ်မို့ ရင့်ကျက်မှုလေး လိုသေးပါသည်။ ကျေးဇူးတင်ပါသည်။
Comments
Post a Comment