မိုနာလီဇာပုံပြင်**
*
တခါတုန်းက ပေါလ်ဆိုတဲ့ ပြတိုက်စောင့် တစ်ယောက်ရှိခဲ့တယ်တဲ့..။
သူအလုပ်လုပ်တဲ့ပြတိုက်မှာ မိုနာလီဇာ ပန်းချီကား အပါဝင် တခြားတန်ဖိုးကြီး ရှေးဟောင်းလက်ရာတွေ ပြသထားတယ်။
တကယ့်အဖိုးတန် အစစ်မှန်တွေဆိုတော့ ပြတိုက်ရဲ့လုံခြုံရေးစနစ်တွေက အလွန်ကောင်းတာပေါ့။
သေချာတာကတော့ အတွင်းလူ အကူအညီမပါပဲ ပြတိုက်ကို ဖေါက်ထွင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဒီလိုနဲ့ တစ်နေ့မှာ လူတစ်ယောက် ပေါလ် ဆီကို
ရောက်လာပြီး မိုနာလီဇာပန်းချီကားကို ခိုးယူပေးဖို့ ဒေါ်လာသုံးသောင်းနဲ့ ကမ်းလှမ်းတယ်။
အဲဒီတုန်းက မိုနာလီဇာပန်းချီကားရဲ့ တန်ဖိုးရင်းကမှ ဒေါ်လာသုံးသောင်းလောက်ပဲ တန်တယ်တဲ့။
နောက်ဆုံးမှာ ပေါလ်ဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ် ဆိုပါတော့…။
မိုနာလီဇာပန်းချီကားကို ခိုးယူဖို့ အမျိုးမျိုးကြိုးစားနေတဲ့ပေါလ်ဟာ တစ်နေ့မှာတော့ အောင်အောင်မြင်မြင်ခိုးယူလိုက်နိုင်တယ်။
အဲဒိနောက်မှာတော့ ပေါလ်ဟာ သူ့ကိုခိုင်းလိုက်တဲ့လူ လာအယူကိုပဲ စောင့်နေခဲ့တာပေါ့။
မိုနာလီဇာပန်းချီကားပျောက်ဆုံးသွားတယ်ဆိုတဲ့
သတင်းဟာ တကမ ္ဘာလုံး ပျန့်သွားတယ်။
ဒါပေမယ့် ပေါလ် ဆီကို သူ့မိတ်ဆွေဟာ ပန်းချီကား လာမယူပါဘူး။
ဒါကြောင့် သူ ခိုးတာ သိသွားမှာ စိုးရိမ်တဲ့ ပေါလ်ဟာ မိုနာလီဇာပန်ချီကားကြီးကို သူ့ရဲ့မြေအောက်ခန်းထဲမှာ ဝှက်ထားပြီး ဟန်မပြတ် ပြတိုက်မှာ အလုပ်ဆက်လုပ် နေခဲ့ပါတယ်။ ပေါလ်အတွက် တစ်ခု
ကံကောင်းတာက ဘယ်သူမှ သူ့ကို သံသယမဝင်ကြတာပဲ…။
ဒီလိုနဲ့
နှစ်လလောက်ကြာသွားပြီးချိန်မှာတော့
ပေါလ် ဆီကို စာတိုက်ကတဆင့် ပါဆယ်တစ်ထုတ် ရောက်လာတယ်။
ပေါလ် ဖွင့်ကြည့်လိုက်တော့
ဒေါ်လာသုံးသောင်းနဲ့ စာတစ်စောင်ဖြစ်နေတယ်။
သူ့ကို ပန်းချီကား ခိုးခိုင်းတဲ့သူ ဆီကပေါ့...။
''သို့
မိတ်ဆွေကြီးပေါလ်
တချိန်တုန်းက မိတ်ဆွေကြီးကို မိုနာလီဇာ ပန်းချီကား ခိုးခိုင်းတဲ့ ကျွန်တော့်ကို လာမယူလို့ ခင်ဗျား စိတ်နာ နေမှာပဲနော်။
အဲ့ဒိအတွက် တောင်းပန်ပါတယ်ဗျာ။
တကယ်တော့ ကျွန်တော်ဟာမိတ်ဆွေကြီးလက်ထဲက
မိုနာလီဇာပန်းချီကား အစစ်ကို စိတ်မဝင်စားပါဘူး။
အံ့သြသွားသလားဗျာ!
ကျွန်တော်မှာ မိတ်ဆွေကြီးနဲ့
မတွေ့ခင်ကတည်းက မိုနာလီဇာပန်းချီကားအစစ်နဲ့
ခွဲမရအောင်တူတဲ့ ပန်ချီကားအတုဆယ်ကားထက်မနဲ ရှိပြီးသားပါ။ ဒါပေမယ့် ပြတိုက်မှာ အစစ်ရှိနေမှတော့
ကျွန်တော့်ပန်းချီကားတွေ ဘယ်လောက်တူတူ အတုဖြစ်နေဦးမှာပဲလေ။
ဒါကြောင့် ''အစစ်ပျောက်သွားပြီ ''ဆိုတဲ့ သတင်းသာ ကျွန်တော်လိုချင်တာ အစစ်ပါ။
မိတ်ဆွေကြီးကလည်း ကျွန်တော်အလိုရှိတာကို
ဖြည့်စည်းပေးနိုင်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။
အခုမိတ်ဆွေကြီးဒီစာကို
ဖတ်နေချိန်မှာ ကျွန့်တော့်လက်ထဲက မိုနာလီဇာပန်းချီကားအတုတွေကို ကမ ္ဘာတစ်ဝှမ်း
အစစ်ဆိုပြီး ဆယ်ကားထက်မနည်း တပြိုင်နက်တည်း ရောင်းချပြီးလို့ ကျွန်တော်ဟာ မီလျံနာတစ်ဦးဖြစ်နေပါပြီ။
ကျွန်တော့်ကတိအတိုင်း မိတ်ဆွေကြီးအတွက် ဒေါ်လာသုံးသောင်းထည့်ပေးလိုက်ပါတယ်။
မိတ်ဆွေကြီးလက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကြီးကိုတော့ ကျွန်တော့်ရဲ့နောက်ကျမှုကို ခွင့်လွတ်စေဖို့ လက်ဆောင်လို့သာ
သဘောထား လိုက်ပါတော့ခင်ဗျာ။
မှတ်ချက်။လိပ်စာအစစ်ထည့်မပေးလိုက်တာကိုတော့ မိတ်ဆွေကြီးနားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။
မိတ်ဆွေကြီးရဲ့

Comments
Post a Comment