အင်ဂျင်နီယာ ပုံပြင်
အင်ဂျင်နီယာ ပုံပြင်
--
တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်။
ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်
နတ်ပြည် - ငရဲပြည် အမြန်လမ်းမကြီးကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။
ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… ။
အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို
တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်…။
.တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။
သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။
သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… ။
အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။
သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။
သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…။
.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။
သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။
နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။
ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။
အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… ။
သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။
ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ။
ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…။
သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။
ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ်
ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”
ဟု တိုင်ကြားလိုက်လေသည်…..…။
ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။
သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း
ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။
နတ်မင်းကြီးရဲ့ အဖြေစကားကတော့….
“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး
စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…
ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး….
ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက
အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…
ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…
ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို
ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့
နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”
ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..။
ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။
ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……။
(အင်ဂျင်နီယာ ဦးလေးကြီး တစ်ယောက်ပြောပြသော ပုံပြင်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်…
ကိုယ်ပိုင်အတွေးမဟုတ်ပါ… ကော်ပီသာဖြစ်ပါသည်…
မည်သို့ပင် ဆိုစေကာမူ ငရဲမင်းကြီးအား မျက်နှာရစေသော အင်ဂျင်နီယာများ ကိုယ်စား ဂုဏ်ယူမိပါသည်… အင်ဂျင်နီယာ လူဆိုးများ လိမ္မာကြကုန်လော့…)
(ဖိုးဇော်)
#Credit
Lwin Pyin

Comments
Post a Comment