မေတ္တာပေးမှ မေတ္တာရ
မေတ္တာပေးမှ မေတ္တာရ
==============
ငယ်စဉ်က ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ တစ်နေ့တော့ ဗြဟ္မဒတ်မင်းကြီးဟာ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်တယ်။ သူ့ကို ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြသလဲဆိုတာ သိချင်လို့ပါ။ ဈေးတစ်နေရာမှာ သူတောင်းစား တစ်ယောက်ကို ရုပ်ဖျက်လာတဲ့ ဘုရင်က
“ဟယ် … သင်တို့ တိုင်းပြည် မင်းလုပ်ပြီး အုပ်ချုပ်တဲ့ဘုရင် ညံ့ဖျင်းလှပါလား။ တောင်းစားသူများ ရှိရသလားကွဲ့” လို့ ပြောလိုက်တယ်။ ဒီတော့ သူတောင်းစားက
“အလို … သင်ဘယ်တိုင်းဌာနီကပါလိမ့်။ ငါတို့နိုင်ငံမှာ မျိုးရိုးအရ တောင်းစားသူသာရှိသကွဲ့။ မရှိလို့ တောင်း စားသူ မရှိပါဘူး။ ဒါကို သင်မသိရော့သလား။ ငါတို့ဘုရင် သိက္ခာကျအောင်ပြောတဲ့ကောင် သေပေတော့” ဆိုပြီး တောင်ဝှေးနဲ့လိုက်ရိုက်လို့ ဘုရင်ထွက်ပြေးရတယ်။
ဗြဟ္မဒတ်မင်းလည်း ကျေနပ်တာပေါ့။ ဒါနဲ့ တစ်နေ့တော့ ကျေးလက်ဘက်ကို စနည်းနာထွက်မယ်ဆိုပြီး ရကထားထိန်းနဲ့ နှစ်ယောက်တည်း ထွက်ခဲ့တယ်။ ကျေးလက်က ပြည်သူတွေကလည်း
“ငါတို့ မင်းကြီး သီလပြည့်စုံ စပါးတွေတောင်လိုပုံ” ဆိုပြီး သီချင်းတွေ သီဆိုကာပျော်ရွှင်နေကြတာကိုကြည့်ပြီး ပီတိဖြစ်ကာ ပြန်ခဲ့ကြတယ်။
သူတို့ အပြန်လမ်းမှာ တောင်ကြားလမ်းလေးတစ်ခုရောက်တော့ ရှေ့ကလာတဲ့ လှည်းတစ်စီးနဲ့ မျက်နှာချင်းဆိုင် တိုးမိတယ်။ အဲဒီမှာ ရထားထိန်းနှစ်ယောက် စကားပြိုင်ကြတယ်။
“ဟယ် … ကောသလမင်းကြီး ကြွချီလာတာမသိသလော” လို့ တစ်ဘက်ကပြောလိုက်တော့ တစ်ဘက် ကလည်း “ဟဲ့ … ငါတို့ ဘုရင် ဗြဟ္မဒတ် ကြွချီလာတာ မသိသလော” လို့ပြန်ပြောတယ်။
ဘယ်သူမှ လမ်းဘေးမဆင်းပေးကြဘူး။ ဘုရင်အချင်းချင်းဖြစ်နေကြတာကိုး။ ဒါနဲ့ ကောသလ ရထားထိန်းက “အသက်ကြီးသူ ဖယ်ပေးရမယ်” လို့ပြောပြီး အသက်ပြိုင်တော့ အသက်ချင်းတူနေတယ်။ နယ်မြေပိုင်ဆိုင်မှု ပြိုင်တော့လည်း အတူတူပဲ။ တန်ခိုးအာဏာ ပြိုင်တော့လည်းတူ။ စည်းစိမ်ဥစ္စာပြိုင်တော့လည်းတူ၊ ဆွေမျိုး အသိုင်းအဝိုင်းပြိုင်တော့လည်းတူနေကြတယ်။ နောက်ဆုံး စိတ်ထားပြိုင်ဖို့ ဆုံးဖြတ်ကြတယ်။ ကောသလမင်းရဲ့ ရထားထိန်းက စပြောတယ်
“ငါတို့ဘုရင် ကောသလဟာ အင်အားကို အင်အားနဲ့နှိမ်တယ်။ သူကောင်းရင် ငါမဆိုးဆိုတဲ့မူကို လက်ကိုင်ထား တယ်။ အကြမ်းကို အကြမ်းနဲ့သာ တုံ့ပြန်တယ်။ တရားရှင်ဖြစ်လို့ ဘာလုပ်လုပ် တရားမျှတစွာလုပ်တယ်။ အဆိုးကို အဆိုးနဲ့ပဲ ရင်ဆိုင်တယ်” လို့ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ ဗြဟ္မဒတ်မင်းကြီးရဲ့ ရထားထိန်းက
“ငါတို့ မင်းကြီးသည် တစ်ဘက်က အင်အားသုံးလာလျှင် မေတ္တာဖြင့် အနိုင်ယူတယ်။ သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ်တော်တိုင်က အမြဲကောင်းနေအောင် ကြိုးစားတယ်။ အကြမ်းကို အနုဖြင့်သာ တုံ့ပြန် တယ်။ တရားရှင်ပေမယ့် မတရားရင် ဝေဖန်လို့ရတယ်။ အဆိုးကို အကောင်းနဲ့ ရင်ဆိုင်တယ်။ ပြည်သူတွေကို မေတ္တာပေးပြီး မေတ္တာပြန်ယူနိုင်အောင် အမြဲကြိုးစားတယ်” လို့ပြောလိုက်တယ်။
အဲဒီအချိန်မှာ ကောသလမင်းက ရထားပေါ်ကဆင်းလာပြီး ဗြဟ္မဒတ်မင်းကြီးကို လက်အုပ်ချီတယ်။ ကောသလရဲ့ ရထားထိန်းလည်း လမ်းဘေးကို ချပေးလိုက်တယ်။ ဗြဟ္မဒတ်မင်းရဲ့ ရထားထိန်းက ဆက်မောင်း သွားတယ်။ ဗြဟ္မဒတ်မင်းကြီးက ကောသလကို
“မင်းကြီး ပြည်သူတွေကို မေတ္တာပေးပြီး မေတ္တာပြန်ရအောင် ကြိုးစားပါ” လို့ ပြောလိုက်တယ်။ ကောသလက
“အသင်မင်းကြီး ကျွန်ုပ်၏ မေတ္တာကိုပါ ရသွားပါပြီ” လို့ပြောလိုက်တယ်။
၂၇.၃.၂၀၁၆
#Credit
Written by တင်ညွန့်

Comments
Post a Comment