သူခိုးဖမ်းနည်
" သူခိုးဖမ်းနည်း " ဖတ်သာကြည့်ကြပါတော့....
တစ်ခါတုန်းကပေါ့ဗျာ... တောရွာကြီးတစ်ရွာမှာ အလွန်တရာမှချမ်းသာပြီး အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူဌေးကြီး တစ်ရောက်ရှိတယ်ဗျ ။
သူဌေးကြီးဟာပစ္စည်းဥစ္စာချမ်းသာပင်မဲ့ ဇနီးမယားတော့မရှိဘူး တစ်ရောက်ထဲနေတယ် လိုအပ်မှသူများကိုခေါ်ခိုင်းလေ့ရှိတယ်။
တစ်နေ့ပေါ့ဗျာ သူဌေး ကြီးဟာ အရေးကြီးကိစ္စတစ်ခုနဲ့ ရက်အကြာကြီးခရီးတစ်ခုသွားဘို့ အကြောင်းပေါ်လာသ တဲ့ဗျ ခရီးသွားလေ့မရှိတဲ့သူဌေးကြီးဟာ ခရီးရှည်သွားရမယ်ဆိုတော့
သူရဲ့ဥစ္စာပစ္စည်း တွေကိုစိတ်မချဘူးလေ သူများအပ်ခဲရင်လဲ စိတ်မချ ထားခဲရမှာလဲစိတ်မချသယ်လဲမသွား နိုင်ဆိုတော့ သူဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားနေပါတယ်။
ဒီလိုနဲ့စဉ်းစားရင်းသူဌေးကြီးဟာ အကြံတစ်ခုရပါတော့တယ် အဲ့ဒိအကြံကိုလက်တွေ့ အကောင်အထည်ဖေါ်ပါတော့တယ် သူရဲ့ရွှေတွေငွေတွေကို အားလုံးမြေကြီးထဲမြုပ်ခဲ့ ပါတယ်
ရွှေတွေငွေတွေထားတဲ့အခန်းထဲမှာတော့ သူနဂိုအတိုင်းအားထားခဲ့ပါတယ်. ရွှေငွေထည့်တဲ့သေတ္တာကြီးလဲဒီအတိုင်းထားခဲ့ပါတယ် သူဟာခရီးသွားခါနီးမှာတော့ အိမ်နီးနားချင်းတွေကိုမှားထားခဲ့ပါတယ်
ကျွန်တော်ခရီးသွားလို့ အိမ်ထဲကတစ်ရောက် ရောက်အော်သံကြားရင် ဝုိင်းကြည့်ပေးကြပါလို့ မှားထားခဲ့သတဲ့ သူဌေးကြီးကတော့ အေးအေးဆေးဆေး သူခရီးကိုထွက်သွားပါတော့တယ်။
သူဌေးကြီးသူအိမ်မှာမရှိဘူးခရီးသွားတယ်ဆိုတာကို ခပ်တုန်းတုန်းသူခိုးတစ်ရောက်က ကြားပါတယ် ကြားတော့သူဌေးကြီးမရှိတုန်း သူအိမ်တက်ခိုးရင်တော့ငါအများကြီးရမှာ
လူရှိတဲ့အိမ်ခိုးတာထက် လူမရှိတဲ့အိမ်ခိုးတာပိုကောင်းတယ် သူဌေးအိမ်ဆိုတော့ ငါသွား ခိုးရင်အများကြီးရမှာပဲဆိုပြီး အဲဒိညမှာပဲ သူခိုးဟာသူဌေးကြီးအိမ်ကိုသွားခိုးပါတော့ တယ် သူဌေးကြီးအိမ်ထဲရောက်တယ်ဆိုရင်ပဲ
ရွှေတွေငွေတွေကိုသူရှာပါတယ် တစ်နေ ရာမှာတော့ အင်မတန်ကြီးမားပြီး သော့အသေအချာခတ်ထားတဲ့ သေတ္တာကြီးတစ်လုံး ကိုသူတွေ့ပါတယ် ဒါနဲ့အဲဒိသေတ္တာကြီးကို သူဖွင့်ပါတယ် သေတ္တာကြီးပွင့်သွားတယ်ဆို ရင်ပဲ
သူအရမ်းအံ့သြသွားတယ် ဘာကြောင့်လဲဆိုတော့ သေတ္တာဟာ သော့အသေအချာ ခတ်ထားပင်မဲ့ ရွှေငွေတော့ရှိမနေပါဘူး အဲဒိသေတ္တာထဲမှာ သူတွေရတာကတော့ ပေပရပိုက်တစ်ခု၊ မြေအိုးတစ်လုံး၊ ဖန်ခါးခြောက်တစ်ဗူး၊
ဆီးဖြူသီးခြောက်တစ်ဗူး၊ လုံး ချောနေတဲ့ ကျောက်စရစ်ခဲတစ်ခဲ၊ အင်းကွက်တွေ ရေးထိုးထားတဲ့ ဓါးမတစ်ချောင်း၊ ကနုတ် ပန်းတွေပါတဲ့ မှန်ကြီး တစ်ချပ်၊ မီးသွေးခဲ တစ်ခဲတို့ပဲ ဖြစ်ပါတယ်။
ဒါနဲ့့သူခိုးလဲ စိတ်၀င်စားသွားတယ် ဘာများလဲပေါ့ ပေပရပိုက်ကို ဖက်ကြည့်တဲ့ အခါမှာအောက်ပါအတိုင်းရေးထားတာတွေ့ရပါတယ်..။
.... ဤအရာသည် ငါတို့မျိုးရိုးစဉ်ဆက် ဆက်လက်ထိမ်းသိမ်းလာခဲ့သော အမွေအနစ် ဖြစ်သည် မည်သူတစ်ဦးတစ်ရောက်ကိုမျှလက်ဆင့်မကမ်းရ အထူးသဖြင့် သူခိုးဓါးပြများ လုံး၀မသိစေရပါ..
.အောက်ပါနည်းအတိုင်း တသဝေမတိမ်းပြုလုပ်ပါ ဤသေတ္တာအတွင်းရှိ မှော်ဓါတ်ရှင် မှန်ကြီးပေါ်တွင် မှော်မင်ဖြင့် ရေးသားထားသော မိသားစုပိုင် ရတနာသိုက်ရှိရာနေရာ လမ်းညွှန်စာကို မြင်ရပေမည်။
ရတနာပစ္စည်းများ လှည်းခုနစ်စီးတိုက်စာရှိသဖြင့် မှော်အတတ် ဖြင့် ရှေးဘိုးဘွားများ ဝှက်ထားခဲ့ခြင်းဖြစ်သည်။ သို့မှသာလျှင် ရန်သူမျိုးငါးပါးတို့၏ ဘေးမှ ကင်းလွတ်နိုင်မည်ဖြစ်သည်။
အောက်ပါအချက်အလက်များကို သားစဉ်မြေးဆက် ထိမ်းသိမ်းကြပါ ကုန်...
(၁)ပထမဦးဆုံး မိမိ၏ကိုယ်အတွင်း မှော်ဓါတ်ကိန်းဝပ်ရန် ကျင့်ဆောင်ရမည်မှာ မိမိဝတ်ထားသော အဝတ်များကို ချွတ်၍ မြေအိုးထဲထည့်ကာ ပြောင်းပြန်လုပ်ကာအုပ်ထားပါ...အုပ်သောအခါ အသက် အောင့်လိုက်ပါ။
(၂) မိမိ၏ နဖူးပေါ်တွင် (အ) အက္ခရာကို မီးသွေးနှင့်ရေးပါ..
. (၃) ရင်ဝပေါ်တွင် (ဝ) အက္ခရာကိုရေးပါ..
(၄) တင်ပါးနှစ်ခုအကြားတွင် ကျောက်ရစ်ခဲကို တံတွေးစွတ်ပြီးညှပ်ထားပါ.... ပြီးလျှင်.. အရပ်လေးမျက်နှာဘက် တကြိမ်စီလှည့်ကာ အောက်ပါမန္တာန်ကို ရှူသက်တခုတည်းမှာ သုံးကြိမ်ရွတ်ပါ၊ ပြီးလျှင် သုံးကြိမ်ခုန်ပါ... အရှေ့ အရပ်မှ စတင်ပါ.
မန္တာန်ရွတ်ပြီး ခုန်ရာဝယ်ကျောက်စရစ်ခဲ ပြုတ်ကျသွားလျှင် ကျင့်စဉ်ကို အစမှ ပြန်စပါ။ ဥပမာ အရပ်သုံးမျက်နှာအရောက် ခုန်စဉ်မှော်ကျောက်ခဲပြုတ်ကျသော်.......အရှေ့အရပ်မှ ပြန်စပါ....
"ဥဏ မုဏ ပုဏ ဘု... ယုယသမျှ သုခရှု.. ဂုဏ စုဏ ဝုဏ ဓု... သုတရှိသမျှ ပုသမျှထု ဇီးဖြူ ဖန်ခါးသောက်သော်ငြား ဓါးပူကပ်ကမပူပေ... ရှိသမျှရွှေငွေ ပေါ်လာစေ ဒိဌာန် အိဌာန် အဘိဓါန် ယုတ္တိတန်တန်ထွေ"
အရပ်လေးမျက်နှာ ကျင့်စဉ်ပြီးသည်နှင
(၁) ဇီးဖြူသီးစား ရေသောက်ပါ။
(၂) ဖန်ခါးသီးစား ရေသောက်ပါ။
(၄) မှော်ဓါးမကို မီးပူပေးပါ။ မှော်ဓါးမကို မီးပူပေးပြီးနောက် မြေပြင်ပေါ်တင်ထားပါ.. မှော်မျက်ရှင် မှန်ကြီးကို မှော်ဓါးမနှင့် မလှမ်းမကမ်း ရှေ့တည့်တည့်တွင် ထောင်ထားပါ ထို မှော်ဓါးမမီးဖုတ်ပေါ်သို့
(စတုမဓု သိဒ္ဓိစု )ဟုရွတ်ကာ အသာအယာ ထိုင်ချပါ လုံးဝပူလောင် မည်မဟုတ်ပါ...ရဲရဲကြီးထိုင်ချပါ။ ထိုင်လိုက်သည်နှင့် မိမိရှေ့ရှိမှန်ပေါ်တွင်အကုန်တွေ့ရပေမည်။ အထက်ပါအချက်အလက်များအား သားစဉ်မြေးဆက် ဆက်လက်
ထိမ်းသိမ်းကြပါရန် ဤ ပေပရပိုက်ဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်..... === ဘိုးဘွားအစဉ်အဆက်များ === ဟူသတည်း သူခိုးကစာဖက်ပြီးတော့ သူတော်တော်လေးစိတ်၀င်စားသွားပါတယ
် ဒီအကြောင်း အရာတွေ တကယ်ဟုတ်မဟုတ် စမ်းသပ်ချင်တဲ့ စိတ်ပေါ်လာပါတယ် နောက်တစ်ခုက သူခိုးဓါးပြများ မသိစေရ ဆိုပင်မဲ့ သူကံကောင်းလို့ဒါကိုတွေ့တယ်လို့ သူထင်လာပါတယ်
ဒါနဲ့လက်တွေ စမ်းသပ်ပါတော့တယ်။ အရပ်လေးမျက်နှာ ကျင့်စဉ်ကို အရင် ပြုလုပ်ပါတယ်။ သူခိုးရဲ့ စိတ်ထဲမှာ အလွန်ပင် တန်ခိုးပါဝါတွေတက်လာတယ်လို့ ခံစားမိတယ်။ ပီတိတွေ ဖြာဝေနေတယ်။
ဇီးဖြူသီးကိုစားပြီး ရေသောက်ပါတယ် နာက်တစ်ခု ဖန်ခါးသီးစားပြီး ရေ သောက်ပါတယ်(သူဌေးကြီးကသူအကြံနဲ့သူအားလုံးစီစဉ်ထားခဲ့တာလေ) ရွှေငွေရလိုဇောနှင့် ဓါးကိုမီးဖုတ်ပါတော့တယ်
မီးဖုတ်လို့ဓါးကြီးတအား ရဲလာတဲ့အခါလဲကြရော သူခိုးဟာကြမ်းပြင်ပေါ်ချပြီး ဓါးမရှေ့မှာ မှန်ကြီးကို ထောင်လိုက်ပါတယ်။ မှန်ကြီးကို သေချာစိုက်ကြည့်ရင်း (စတုမဓု သိဒ္ဓိစု) ဂါထာရွတ်ကာဓါးပေါ်ဖင်ထိုင်ချလိုက် ပါတော့တယ်...
အဲဒိလို့ထိုင်လိုက်တဲ့အခါမှာတော့....အားးးးးးးးးးးးးးးးးးးးးးးးးးး ထိမ်းမနိုင် သိမ်းမရ အော်သံကြီးတစ်ခုထွက်လာပါတော့တယ် .။ မှန်ကြီးပေါ်မှာတော့ ရတနာ သိုက်ကိုပြတဲ့ မှော်လမ်းညွှန်ကိုတော့ သူ့ခမျာ မတွေ့လိုက်ရပေမယ့်...
အပူလောင်သွားတဲ့အခါ ငယ်သံပါအောင် အော်လိုက်ရင်း ကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးပန်းဆိုးကြီး ဖြစ်သွား တဲ့ သူ့မျက်နှာကြီးကိုသာ သူမြင်လိုက်ရပါတော့တယ်.......... ပတ်၀န်းကျင်က အော်သံကြားလို့သူဌေးကြီးအိမ် ဝုိင်းလိုက်တော့
သူခိုးကို မိသွားပါတော့ တယ်.....................
မှတ်ချက်။ ။ မူရင်း ပိုစ်ရှင်၏ ရေးသားချက်အချို့က ယုတ္တိတန်စရာ အားနည်းချက်များရှိနေသဖြင့်
စာဖတ်ကောင်း ရန်အတွက် ရောရောသမမွှေမှပြန်လည်ပြင်ဆင်ကာ ဖြည့်ဆွက်ရေးသားကာ
ရောရောသမထား လိုက်ရပါသည်... (ပိုစ်ရှင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်)
ရေးသားသူ
mg soe
Credit : http://chittalhote.blogspot.co.uk/
#Doemyanmar

Comments
Post a Comment