မိန်းမ ....မိန်းမ.....
မိန်းမ ....မိန်းမ.....
,ရှေးတုန်းကပေါ့ တက္ကသိုလ်ပြည်ကနေ ပညာသင်ပြီးပြန်လာတဲ့ မင်းသားလေးတစ်ပါးဟာ ရွာတစ်ရွာရဲ့ ထိပ်အရောက်မှာ ရေဆာလှတာကြောင့် မိန်းမပျိုလေးတစ်ဦး ရေခပ်နေတဲ့ ရေတွင်းဆီသွားကာ-
“နှမ။ ရေတစ်ပေါက်လောက် သောက်ပါရစေ”
“ရပါတယ် မောင်ကြီး လာသောက်ပါ။ သြော်….ဒါနဲ့ မောင်ကြီးက ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ”
“တက္ကသိုလ်ပြည်က ပညာသင်ပြန်လာပြီး ကျွန်ုပ်ရဲ့မြို့ကိုပြန်မလို့ပါ”
“စပ်စုတယ်တော့ မထင်ပါနဲ့၊ သိချင်လို့ မေးပါရစေ.. မောင်ကြီးက တက္ကသိုလ်မှာ ဘယ်ပညာကို အဓိကထားပြီးသင်ခဲ့တာလဲ”
“မိန်းမတို့ရဲ့မာယာနဲ့အမူအကျင့်တွေကို အဓိကထားပြီး ကျမ်းကုန်အောင်သင်ခဲ့ပါတယ်” “မိန်းမတို့မာယာနဲ့ အမူအကျင့်တွေကို မောင်ကြီးဘယ်လောက်သင်သင် အကုန်တတ်မယ် မထင်ပါဘူး”
“တတ်ပါတယ်နှမငယ်။ မောင်ကြီးက မိန်းမတွေရဲ့ အကြောင်းကို ပိုပြီးသိချင်လို့ ဒီပညာရပ်ကို အဓိကထားပြီး သင်ခဲ့တာပဲ”
“ဒါဆိုရင်စမ်းကြည့်လို့ရမလား”
“နှမငယ်စမ်းကြည့်မယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်” မင်းသားလေးရဲ့ စကားဆုံးတာနဲ့ မိန်းမပျိုလေးက-
“ကယ်ကြပါအုံးရှင်…ကျွန်မကို လူတစ်ယောက်က မတရားပြုကျင့်နေပါတယ်” ဟု အော်လိုက်တော့ ရွာနီးချုပ်စပ်က လူတွေဟာ တုတ်တွေ ကိုင်ပြီး တအားပြေးလာကြပါရော။ ဒီတော့မှ မင်းသားလေးခမျာ ကြောက်လန့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားပြီး-
“ နှမငယ် မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဟိုမှာ ငါ့ကိုသတ်ဖို့ ပြေးလာနေကြပြီ။ ပြေးလို့လဲ လွတ်မယ်မထင်ဘူး”
“သြော်…. ဒါကတော့ မောင်ကြီးသင်လာတဲ့ မိန်းမကျမ်းထဲက ပညာကိုထုတ်သုံးပြီး လွတ်အောင်လုပ်လေ”
“ကဲ..နှမငယ် မိန်းတို့မာယာနဲ့အမူအကျင့်ကို အကုန်တတ်အောင် မသင်နိုင်ခဲ့ဘူးလို့ ၀န်ခံပါတယ်။ ဟို…ပြေးလာတဲ့ လူတွေရဲ့ရန်ကလွတ်အောင် ကယ်ပါအုံး”
“ ကဲ…ဒါဆိုရင်…ရှင်ဒီရေပုံးကြိုးကို ကိုင်ပြီး ရေတွင်းထဲဆင်းလိုက်ပါ” မိန်းမပျိုလေးရဲ့ စကားအဆုံးမှာ မင်းသားလေးဟာ ရေပုံးကြိုးကိုဆွဲပြီး ရေတွင်းထဲဆင်းလိုက်ရသတဲ့။
ပြေးလာတဲ့လူတွေ ရေတွင်းနားလဲရောက်ရော-
“ ဟေ့….မိန်းကလေး စောစောက မင်းဆီကအော်သံကြားလို့ တို့ပြေးလာကြတာ။ မင်းဘာဖြစ်လို့လဲ”
“ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ လူတစ်ယောက် ကျွန်မဆီမှာ ရေတောင်းသောက်ရင်းနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး ရေတွင်းထဲကျသွားလို့ လှမ်းအော်ပြီး အကူအညီတောင်းတာပါ” မိန်းမပျိုလေးရဲ့ စကားအဆုံးမှာ ပြေးလာတဲ့လူတွေက ရေတွင်းထဲရောက်နေတဲ့ (သူတို့အထင်ကတော့ ရေတွင်းထဲကျနေတယ် ပေါ့ဗျာ) မင်းသားလေးကို ဝုိင်း၀န်းဆယ်တင် လိုက်ကြသတဲ့။
တစ်ခဏတာအချိန်လေးအတွင်းမှာ တောသူမိန်းမပျိုလေးတစ်ယောက်က သူ့လို မင်းသား တစ်ယောက်ကို လူတွေကရိုက်နှက် သတ်ဖြတ်ချင်အောင်၊ သနားပြီး ကယ်တင်ချင်အောင် လုပ်ပြလိုက်တာကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ရတဲ့ မင်းသားလေးကတော့ သူ့ကိုယ်သူ မိန်းမကျမ်းကျေသူလို့ နောင်သောအခါ ပြောမယ််မထင်တော့ဘူး.........................................။
#Credit_Ko_YehLinHtun_Htuntun

Comments
Post a Comment