အဘကလည်း မြင်းတစ်ကောင်

အဘကလည်း မြင်းတစ်ကောင်
==================
တစ်ခါက ရွာလေးတစ်ရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးဟာ ငယ်ငယ်လေးကတည်းက ချူချာလှတယ်. . . . မိခင်ဖခင်တို့ ဟာ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပေါ့. . . သမီးလေးအတွက် ကြိုးစားလုပ်ကိုင်ရင်း သူတို့ဟာ စီးပွားတက်လာသတဲ့ . . . ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြတာပေါ့. . .
ပိုသမျှ ငွေတွေကိုလည်း ရွှေတွေ ၀ယ်ပြီး သူ့ အတွက် လက်၀တ်ရတနာ လုပ်ထားပေးတာ တစ်ဆင်စာတောင် ပြည့်သွားတာပေါ့. . . တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေ တတ်နိုင်ကြတာကိုး . . . ဒါပေမယ့် သူတို့ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့. . . အဖေကြီးဟာ လည်း ၀မ်းနည်းသလို၊ အမေကြီးဟာလည်း ဖြေမဆည်နိုင်ဘူးတဲ့. . .
"သြော်သမီးလေး ၊ လက်၀တ်ရတနာတွေကိုသော်မှ မ၀တ်သွားရပါကကော "ဆိုပြီးငိုတာပေါ့. . . .
ရက်တွေ အတော်ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး ၊ နေ့စဉ် ငိုကြွေးနေတာပဲတဲ့. . . ဒါကို ကြားသိတဲ့ အကြံသမားတစ်ယောက်ဟာ အခြေအနေကို အကဲခတ်နေတာပေါ့. . . .
တစ်ရက်မှာ အကြံသမားဟာ အဘိုးကြီးအပြင်သွားနေတုန်း အမယ်ကြီးထံကိုလာသတဲ့ . . သူဟာရိုးရိုးမလာဘူး . . . ဇာတ်ထဲက နတ်၀တ်တန်ဆာတွေ ငှား၀တ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲ၀င်ခဲ့ပါသတဲ့. . . . . အိမ်ထဲရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို "ဟယ် သင်လူသား ၊ သင်၏ သမီး အမှာစကားရှိခဲ့တာကြောင့် ငါရောက်လာရတယ်. . . ." လို့ ဇာတ်သံနဲ့ပြောတာပေါ့. . .
ဒီတော့ အမယ်ကြီးက "ဘာများမှာလိုက်လဲ အရှင်နတ်မင်း . . ". . . "တခြားတော့မဟုတ်ပါဘူး . . သင်၏ချစ်မငြီး ထိုသမီးလေးဟာ နတ်ပြညနတ်ရွာခြောက်ထပ်မှာ ကောင်းမွန်စွာနေထိုင်နေကြောင်းပါ." . . "သို့သော် သူ့မှာ လက်၀တ်ရတနာရွှေငွေတွေ မပါခဲ့တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်. "
ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေးအတွက် ရည်ရွယ်လုပ်ကိုင်ထားတဲ့ လက်၀တ်လက်စား အစုံလိုက်ကို ပေးလိုက်လေသတဲ့. . . အကြံသမားဟာ ပစ္စည်းရရခြင်း ရွာတောင်ဘက်က်ို ထွက်ပြေးသွား လေသတဲ့. . . အတော်လေးကြာတော့ အဘိုးကြီးပြန်ရောက်လာတယ်. . . . ဒီအခါ အမယ်ကြီးက "သတင်းကောင်းပြောရဦးမယ်တော်ရေ ၊ ကျုပ်တို့သမီးလေးက နတ်ပြည်ရောက်နေတယ်. ". . . "ဟင်ဘယ်လိုလုပ်သိလဲ ရှင်မရယ်. ". . "စောစောကပဲ နတ်သားတစ်ပါးလာပြောသွားတယ် . . ကျုပ်တောင်မှ သမီးမှာလိုက်တဲ့ လက်၀တ်လက်စားတွေ ထည့်ပေးလိုက်သေးတယ်. . . "
ဒါကိုကြားတော့ အဘိုးကြီးက အလိမ်မိပြီဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့. . ဒါပေမယ့် အမယ်ကြီးစိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ "ဘယ်ဘက်ကိုသွားသလဲလို့ သာ "မေးတယ် . . တောင်ဘက်ကို လို့ အဘွားကြီး က ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်းစီးကာ လိုက်သွားလေတယ်. . . ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်၀တ်နတ်စားနဲ့ လူတစ်ယောက်ကို လှမ်းတွေ့တာပေါ့
အဲဒီလူက နောက်ကမြင်းနဲ့လိုက်လာတဲ့ အဘိုးကြီးကိုလည်းတွေ့ရော ပြေးတော့တာပဲ တဲ့ . . အဘိုးကြီးကလိုက် . . . သူက ပြေးပေါ့့လေ. . . ဒါပေမယ့် မြင်းကလူထက်မြန်တော့ မလွတ်နိုင်မှန်း သိပြီ ချုံတောထဲ၀င်ပြေးပြီး ပုန်းနေလိုက်သတဲ့. . အဘိုးကြီး ဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့. .
ဒီအခါ ပုန်းနေသူက ချုံတစ်ဖက်ကထွက်လာပြိး အဖိုးအို ရဲ့ မြင်းကိုစီးကာ ထွက်ပြေးသွားလေသတဲ့. . . မြင်းနဲ့ပြေးသွားတဲ့ လူလိမ်ကို မမှီနိုင်တော့တဲ့အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့
"သမီးကို ပြောလိုက်ပါ. . သမီးအတွက် အဘလည်း မြင်းတစ်ကောင် ပေးလိုက်ပါတယ်လို့ "
"မိမိရဲ့ အားနည်းချက်ကို တစ်ဖက်သားသိအောင် မလုပ်ပါနဲ့ "
"ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်တယ်"
"သဘာ၀ကို မလွန်စေနဲ့ "
"သဘာ၀လွန်ဆိုတာ တကယ်တော့ မရှိဘူး အလိမ်ခံရတတ်တယ်"
မြန်မာ့ရိုးရာ ပုံပြင်များ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်