ပုံပြင်-(၂)
ပုံပြင်-(၂)
တစ်ခါက ကျီးတစ်ကောင်သည် တောထဲတွင်ပင်နေရ၍ မိမိဘဝကို မိမိ စိတ်အပျက်ကြီး ပျက်နေမိသည်။
တစ်နေ့သောအခါ ကျီးသည် ငန်းဖြူတစ်ကောင်နှင့် ဆုံမိလေသည်။ ကျီးသည် ငန်းကိုကြည့်ပြီး
" ဒီ...ငန်းဟာ ဖြူဆွတ်နေတာပဲ။ ငါကတော့ အလွန်မဲတယ်။ ဒီငန်းဟာ ဒီကမ္ဘ္ဘာမှာ အပျော်ဆုံးဖြစ်မှာပဲ"
ဟု တွေးမိပါသည်။
ထို့ကြောင့် ကျီးသည် ငန်းဖြူအား
"မင်းဟာ သိပ်လှတာပဲ။ မင်း... ဒီကမ္ဘ္ဘာမှာ နေရတာ အရမ်းပျော်မှာပဲနော်"
ဟု ပြောလေသည်။
ထိုအခါ ငန်းဖြူက ကျီးအား
" အမှန်တစ်ကယ်တော့ ငါ... ကြက်တူရွေးကို မတွေ့သေးခင်က ငါ့ကိုယ်ငါ အလှဆုံးထင်ခဲ့တာ။ ကြက်တူရွေးတွေဟာ ကာလာနှစ်မျိုးနဲ့ အရမ်းလှတယ်။ ငါတော့ ဒီကမ္ဘ္ဘာမှာ ကြက်တူရွေးတွေက အပျော်ဆုံးလို့ ထင်တာပဲကွာ"
ဟု ပြောလေသည်။
ထို့ကြောင့် ကျီးသည်ကြက်တူရွေးအား ဒီကမ္ဘ္ဘာမှာ အပျော်ဆုံး ဟုတ်မဟုတ်မေးရန် ကြက်တူရွေးဆီသွားလေသည်။ ထိုအခါ ကြက်တူရွေးက
" ငါလေ ဒေါင်းကို မတွေ့ခင်အထိတော့ အပျော်ဆုံးဖြစ်ခဲ့တာပေါ့။ ငါ့မှာက နှစ်ရောင်ပဲရှိတာလေကွာ။ ဒေါင်းတွေမှာက ကာလာစုံပါကြတယ်ကွ"
ဟု ကျီးကို ပြောလိုက်ပါ သည်။
ထို့ကြောင့် ကျီးသည် ဒေါင်းအားအပျော်ဆုံးဟုတ်မဟုတ် မေးရန် တိရစ္ဆာန်ဥယျာဉ်ထဲရှိ ဒေါင်းထံသွားရောက်လည်ပတ် လေသည်။ တိရစ္ဆာန်ရုံရောက်တယ်ဆိုရင်ပဲ ဒေါင်းနားမှာ ထောင်ပေါင်းများစွာသော လူတွေက ဒေါင်းအလှအား ရှုစားနေကြ ပါသည်။ လူတွေစဲသွားသောအခါ ကျီးက ဒေါင်းနား ကပ်လာပြီး
"အဆွေဒေါင်း...သင်ဟာ သိပ်လှတာပဲ။ ထောင်ပေါင်းများစွာသော လူတွေကပင် သင့်အလှကို လာကြည့်ကြတယ်။ လူတွေများ ငါ့ကို တွေ့ရင် ချက်ခြင်းပဲ ရှူး...ရှူး...ဆိုပြီး နှင်လွှတ်ကြတယ်။ အဆွေဒေါင်း...မင်းဟာ ဒီကမ္ဘာမှာ အပျော်ဆုံး ဖြစ်နေမှာပဲနော်"
ဟု ပြောလေသည်။
ထိုအခါ ဒေါင်းက
" အဆွေကျီး... ကျွန်ုပ်ဟာ သင် ပြောသလိုပဲ ဒီကမ္ဘ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် အလှဆုံးနဲ့အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အဆွေကျီးရယ်... ကျွန်ုပ်ဟာ ဒီအလှကြောင့်လည်း တစ်နေကုန် တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲမှာ နေရတယ်။ ´´
``အဆွေကျီး...ငါဟာ တိရစ္ဆာန်ရုံရောက်ကတည်းက စူးစမ်းမိတယ်။ ဒီ တိရစ္ဆာန်ရုံရဲ့ လှောင်အိမ်ထဲ မရှိတာဆိုလို့ ကျီးပဲရှိတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်တွေတုန်းကတောင် ငါ... စဉ်းစားမိသေးတယ်။ ငါသာ...အသင်ကျီးဖြစ်ခဲ့ရင် သိပ်ပျော်မိမှာပဲ။ ငါ...ကြိုက်တဲ့နေရာသွားပြီး တွန်ကျူးမိမှာပဲ ...´´
ကျွန်တော်တို့ ကိုယ့်ဘဝကိုယ် သိမ်ငယ်နေဖို့မလိုသလို...
အလိုဆန္ဒတွေနောက် ပင်ပန်းဆင်းရဲ စိတ်ဒုက္ခခံနေဖို့မလိုပါဘူး...။
ကိုယ့်ရဲ့လက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် အေးအေးချမ်းချမ်းတည်ဆောက်နေထိုင်နိုင်ရင်ပဲ ပြီးပြည့်စုံ ရောင်ရဲနိုင်ရပါမယ်။
အလိုဆန္ဒတွေနောက် ထပ်ကြပ်မကွာ လိုက်နေရင်တော့ ဘယ်တော့မှပြီးပြည့်စုံနိုင်မှာမဟုတ်သလို
အေးချမ်းနိုင်မှာလည်းမဟုတ်ပါဘူး...။
(ကျွန်တော်ဖတ်ဖူးသော ၊ ကြားနာဖူးသော ပုံပြင်များထဲမှ ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည်။
Blog တစ်ခုမှ ဖတ်ဖူးသောပုံပြင်လေးတစ်ပုဒ်ပါ။)

Comments
Post a Comment