ပြဿနာ

ပြဿနာ(ဂျပန်ပုံပြင်)
ရှေးခေတ် ဂျပန်ပြည်မှာ ဘုန်းတော်ကြီးတစ်ပါးရှိတယ်။ သူက အလွန်စိတ်တိုတယ်။ ဘာတစ်ခုမှ သည်းညည်းမခံနိုင်။ သူ့ကျောင်းအနီးမှာဖက်ယားပင်ကြီး တစ်ပင်ရှိတော့ အဲဒါကို အစွဲပြု ပြီး အနီးအနားက လူတွေ က သူ့ကို ဖက်ယားပင်ဆရာတော်လို့ ခေါ်ကြတယ်။ အဲလိုခေါ်သံ မကြာခဏ ကြားရတော့ သူဒေါသ ထွက်ပြီး တစ်နေ့မှာ ဖက်ယားပင်ကြီးကိုခုတ်ပစ်တယ်။ သစ်ပင်ကြီးခုတ်တော့ ငုတ် ချည်းကျန်တဲ့အခါ လူတွေက သစ်ငုတ်တို ဆရာတော်လို့ ပြောင်းခေါ်ကြတယ်။ ဒါကိုကြားတော့ မခံမရပ်နိုင် ဖြစ်ပြန်ပြီး ဒီလောက်တောင် ရှိတာကွာဆိုပြီး သစ်ငုတ်ကိုပါတူးထုတ်ပစ်လိုက်တယ်။ ငုတ် မရှိတဲ့ အခါ လူတွေက တစ်မျိုးပြောင်း ခေါ်တယ် “ ငုတ်တူးဆရာတော်” ဆိုပြီး။ ဒီလိုအနေအထားမျိုးမှာ ဆက်လုပ်လေ ရှုံးလေပဲ။
ပြဿနာဆိုတာ ကိုယ်ကပြဿ နာ လို့ ခံယူမှ ပြဿ နာဖြစ်တယ်။ စိတ်အေးအေး ထားမယ်ဆိုရင် ကိစ္စအတော်များများဟာ အသေးအမွှားသာ ဖြစ်တယ်။ ကိုယ်ကပုံကြီးချဲ့ ခံစားနေသမျှ အသေးအမွှားက အဆမတန်ကြီးထွားပြီး ကိုယ့်ကို ပိုပြီး ဒုက္ခပေးတော့တယ်။
#Credit
စာဖတ်သူအပေါင်းစိတ္တသုခ၊ကာယသုခနှစ်ဖြာသောသုခနှင့်ပြည့်စုံကြပါစေကြောင်း

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်