ခမောက်ရောင်းသမား ပုံပြင်
ခမောက်ရောင်းသမား ပုံပြင်
°°°°°°°°°°°°°°°°°°°°°°°°°°°°
တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး
စျေးကိုသွားရောင်းတယ်….။
ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်ကဝါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။
နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။
လမ်းတစ်၀က်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီ…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့အေးမြသွားတယ်..
ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီး
ညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်းသူအိပ်ပျော်သွားတယ်…။
အိပ်ယာက နိုးလို့ ကြည့်လိုက်တော့..သူ့ခြင်းတောင်းထဲမှာခမောက်တွေ တစ်လုံးမှမရှိတော့ဘူး..။
သူ့ရင်ဘတ်မှာကပ်ထားတဲ့သူ့ခမောက်ပဲကျန်တော့တယ်…
ခမောက်တွေဘယ်ပျောက်သွားသလဲ လိုက်ရှာတော့ ညောင်ပင်ပေါ်က
မျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။
အဲဒီခမောက်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။
သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျင့်ရှိတော့
ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်…။
နာရီ၀က်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။
သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး
မျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ခမောက်ကိုချွတ်ပြီးခေါင်းကုတ်ပြတယ်…။
မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။
ဒါနဲ့ပူလွန်းလို့ခမောက်တောင်မကိုင်ချင်တဲ့ပုံစံနဲ့
သူက ခမောက်ကိုမြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။
မျောက်တွေကလည်းသူလုပ်တာမြင်ပြီးသူတို့လက်ထဲက
ခမောက်တွေကို ပစ်ချလိုက်ကြတယ်…။
ဒီတော့မှသူဟာမျောက်တွေပစ်ချတဲ့ခမောက်တွေ အလျင်အမြန်ကောက်ပြီးခြင်းထဲထည့်လိုက်တော့တယ်…။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ခမောက်အားလုံးကို သူပြန်ရလိုက်သတဲ့…။
နောင်နှစ်ပေါင်း(၂၀)ကြာတဲ့အခါစောစောက ခမောက်ရောင်းသမားကြီးရဲ့
မြေးကလေးက ခမောက်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ခမောက်တောင်းကိုချပြီးအနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်းအိပ်ပျော်သွားတယ်…။
အိပ်ရာက နိုးတော့ခြင်းထဲက ခမောက်တွေမရှိတော့ဘူး…။
ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ်ရောက်နေတယ်…။
ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီးသူ့အဘိုးနည်းအတိုင်း ခမောက်တွေပြန်ရအောင် ကြိုးစားတယ်…။
သူက ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။
မျောက်တွေကလည်းသူ့လိုလိုက်လုပ်တယ်..။
သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ခမောက်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။
နောက်ဆုံးမှာ သူကလက်ထဲက ခမောက်ကိုလွှင့်ပစ်လိုက်တယ်…။
ပြီးတော့သူ့လိုခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။
ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။
သူလည်းအံံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။
´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း
ဖြေရှင်းဖို့တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။

Comments
Post a Comment