၀ါးပင်

၀ါးပင်
=======
ခရစ်ယာန်ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ အယူအဆလေးက အရမ်းကောင်းလို့တင်ပေးလိုက်ပါတယ်။
တစ်ခါက လူတစ်ယောက်ဟာ သူ့ဘ၀ကို လက်လျှော့ချင်နေပါတယ်။ အလုပ်အဆင်မပြေမှုတွေ ဆက်ဆံရေးအဆင်မပြေတာတွေကြောင့် သူ့ဘ၀ကနေ သူလွတ်မြောက်ချင်စိတ်တွေပေါင်နေပါတယ်။
ဒါနဲ့သူ့ဘဝနေထွက်ပေါက်ဖြစ်အောင်လို့ အိပ်ဆေးတွေ၀ယ်လိုက်ပါတယ်။
အိပ်ဆေးတွေ မသောက်ခင်မှာ သူဟာဘုရားသခင်ကို တမ်းတလိုက်ပါတယ်။" ကျွန်တော့်ဘ၀ကို ကျွန်တော်အရှုံးပေးလိုက်ပါပြီ" အဲဒီအချိန်မှာ အလင်းတန်းတစ်ခုကျလာပြီးတော့ သူ့ကို မလုပ်ရန်တားပါတယ်။ ထိုလူကလဲ ခေါင်းမာတယ် " တကယ်လို့ ဥပမာကောင်းကောင်းပေးနိုင်ရန် အသင်ပြောတဲ့အတိုင်း ကျွန်တော် မသတ်သေတော့ဘူး "အဲဒါနဲ့ အလင်းတန်းကြီးက ပုံပြင်တစ်ပုဒ်ကို ပြောပြပါတော့တယ်။
" ဘုရားသခင်ဟာ တစ်ခါတော့ ဝါးပင်နဲ့ မြက်ပင်တွေကို အတူစိုက်ခဲ့ပါတယ်။ ဝါးမျိုးစေ့တွေနဲ့ မြက်မျိုးစေ့တွေကို အတူတူချထားလိုက်တယ်။ ဒါပေမယ့် တစ်လကြာတဲ့အခါမှာ ဝါးပင်တွေက မပေါက်သေးဘူး။ မြက်ပင်တွေကတော့ တော်တော်ရှည်နေကြပြီ
ဒီလိုနဲ့နှစ်လကြာသွားတယ် ဝါးပင်တွေကတော့ မကြီးထွားလာဘူး မြက်ပင်တွေကတော့ ပိုပိုများလာတယ်။
သုံးလကြာသွားတယ်။ ဝါးပင်တွေက အညှောင့်တောင်မပေါက်သေးဘူး။ မြက်တွေက ထူပိန်းနေပြီ
လေးလကြာတဲ့အခါမှာ ဝါးပင်တွေက စပေါက်လာတယ်။မြက်ပင်ရှည်တွေက ဝါးပင်ပေါ်မှာအုပ်မိုးနေတယ်။
ဒီလိုနဲ့ခြောက်လကြာတဲ့အခါမှာ ဝါးပင်တွေက မြက်ပင်တွေထက် အဆ ၂၀ လောက်ရှည်ပြီးတော့ စီစီညီညီနဲ့ လှပနေကြတယ်။
မှတ်လော့ အသင်လူသား မြက်ပင်နဲ့ဝါးပင်ဟာ ရပ်တည်မှုချင်းမတူကြဘူး။ဒါကြောင့်မို့ မြက်ပင်ရှည်တာကို ကြည့်ပြီး စိတ်ဓါတ်ကျနေရင် ဝါးပင်တွေရှည်လာမှာမဟုတ်တော့ဘူး "
ပြောပြီးနောက် အလင်းရောင်လဲပျောက်ကွယ်သွားတယ်။ ထိုလူလဲ အိပ်ဆေးတွေ မသောက်ဖြစ်တော့ဘူး
#Credit
မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်