ကိုယ်တန်ရာဘဲ ရမယ်
"" ကိုယ်တန်ရာဘဲ ရမယ် ""
*****************
မှတ်သားမိသမျှ ပုံပြင်များ ( ၉ )
တရံရောအခါက -----
တိုင်းပြည်တခုမှာ ဘုရင်ကြီး ကံတော်ကုန်
တော့ ---
မူးကြီးမတ်ရာ သေနာပတိတို့အနေဖြင့်
နောက် မင်းလောင်းတင်မြှောက်ဘို့အရေး
ဆွေးနွေးတိုင်ပင်ကြတယ် ------
" အို --- ညီနောင်သွေးချင်း အမတ်မင်းတို့
တိုင်းပြည် အုပ်ချုပ် စိုးစံတော်မူသော
ဘုရင်မင်းမြတ်သည်ကား
ကံတော်ကုန်လေပြီ--
ကံတော်မကုန်လွန်ခင် အိမ်ရှေ့မင်းအရာ
ရွေးချယ်တင်မြောက်ထားခြင်းကား မရှိချေ ---
နီးစပ်ရာအား မင်းလောင်းအဖြစ် ရွေးချယ်တင်မြှောက်ပါက
အချင်းချင်း " သူတလူ ငါတမင်း " စိတ်ဝမ်းကွဲပြီး ပြည်သူများမှာ မြေစာပင်ပမာ ဖြစ်ချေလိမ့်မည် -----
သို့အတွက်ကြောင့် -----
ရှေးရိုး အစဉ်အလာအတိုင်း မင်းလောင်းရွေး
ချယ်မှသာ သင့်ပေလိမ့်မည်
မင်းလောင်းရွေးချယ်ရာတွင် ----
" ဆင်းရဲချမ်းသာ " "ပညာရှိ ပညာမဲ့ "
ရွေးချယ်ခြင်းထက်
" ဘုန်းကံ " အတိုင်း " ဗျိုင်းနား" သူကို
" ဘုရင်"" အဖြစ်ရွေးချယ် တင်မြှောက်ပါက မည်သူမျှ အငြင်းပွားဖွယ်ရာမရှိ
သင့်မြတ်ပေစွတကား ""
လို့ တညီ တညွတ်တည်း ဆုံးဖြတ်ရင်းဖြင့်
" မင်းလောင်း " ရွေးချယ်ပွဲ အတွက်
" လှည်း နေ လှေအောင်း မြင်းဇောင်းမကျန်" မောင်းကြေးနင်းခတ်လို့ ဆော်သြလိုက်ပါ
တော့တယ်
ယင်းအချိန်ဝယ် ---
" လယ်တောတဲ " တစ်ခုမှာ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေရတဲ့
သူဆင်းရဲ သားအဖ ဟာ မောင်းကြေးနင်း
ခတ်သံကို ကြားတာပေါ့ ===
"" အို ဖခင် သားတို့မှာ ထွန်ယက်စိုက်ပျိုးရသည်မှာ တနေဝင် တနေထွက် ပင်ပန်းလှသော်လည်း အကျိုးရယ်မရှိချေ
ဤတိုင်းပြည်မှာ ဘုရင်ကြီး နတ်ရွာစံ ကံတော်ကုန်သည့်အတွက် ဘုရင်တစ်နေရာ လိုအပ်လျှက် ရှိပေသည် ။
ဝင်ရောက်ရွေးချယ်ခံရလျှင် ကောင်းပေစွ
ဖခင် လို့ပြောလိုက်ပါတယ်
"" အဖိုးအို "" မှ အမောင် သားငယ် ----
ကိုယ်နဲ့ တန်ရာကိုသာမှန်းပါ
ဒို့သားအဖ ရဲ့ ပညာသည်ကား နတ္ထိ
ဥစ္စာသည်ကားမရှိ
လယ်သမားတို့ အဖို့ အဘယ်နည်းနဲ့မျှ
"မင်းလောင်း " ဖြစ်ဖွယ်ရာ မရှိ စိတ်အပင်
ပမ်း မခံသင့်ပါ """"'
"" အို ---ဖခင် မောင်းကြေးနင်း ခတ်သံကို
သေချာစွာ နားထောင်ပါလော့ ----
""ပညာရှိ ပညာမဲ့ ""ကို ရွေးချယ်ချင်းသည်ကားမဟုတ် """
"'ဘုန်းကံ " ရဲ့ အဆုံးဖြတ်ကို ခံယူရမည်ဖြစ်သည့်အတွက် မိမိတို့ အတွက်အရှုံးမရှိချေ """
ဖခင်လည်းပြောမရသည့် အဆုံး သားရဲ့ ဆန္ဒအတိုင်း ပုဆိုးစုတ်လေး ပုခုံးတင်လို့
နန်းရင်ပြင်ရှိရာသို့ ထွက်လာခဲ့ပါတယ် --
လမ်းလျှေlာက်ရင်း " သားဖြစ်သူ" မှ ----
အကယ်၍ သာ ကံအကြောင်းတရားကြောင့် " ဖခင် " ထံ" ဗျိုင်း "" နားခဲ့သော် ဘုရင်
ဖြစ်ပေလိမ့်မည်
ဘုရင်ဖြစ်စဉ် တိုင်းပြည်အား အဘယ်ကဲ့သို့သော စီမံအုပ်ချုပ်ပါမည်နည်း ဖခင် """"
လို့မေးလိုက်ပါတယ် =====
"" အဖိုးအို ""မှ
"""" အကြောင်းသင့်လို့ ဘုရင်တင်မြှောက်ခံရလေသော်
အမျိုးဘာသာ သာနာအတွက် တဖက်တ
လမ်းက ဆောင်ရွက်ရင်း
တိုင်းပြည်ကိုလည်း ယခုလက်ရှိထက် ပိုမို ဖွံ့ဇြိုး တိုးတက်စေချင်းငှာ ဆောင်ရွက်ပါ့မယ်
"" ပြည်သူပြည်သားများ အပူသောကကို မိမိအပူသောက အနေနဲ့ ကိုယ်ခြင်းစာတရားဖြင့် မျှဝေ ခံစားပြီး ရင်ဝယ်သားကဲ့သို့ စီမံ အုပ်ချုပ်မယ် """လို့ သူ့ရင်ထဲက
အတွေးကို " သားငယ် "အား ပြောပြလိုက်ပါတယ် ။
အဖိုးအိုက ----
ဖခင်ကို မေးတာတော့ ဟုတ်ပါပြီ ---
အကယ်၍ " သားငယ် " မင်းဖြစ်ခဲ့သည်ရှိ
သော် အဘယ်ကဲ့သို့ အုပ်ချုပ်မည်ဟု စိတ်ဝယ်ကြံဆထားသနည်း ======
သားငယ်က ---
ယခင် အတိုင်း စီမံ ဆောင်ရွက်ခဲ့သည် ရှိသော် ပျင်းရိဖွယ်ရာ တကား --
တိုင်းပြည် အုပ်ချုပ်ရာဝယ် ယခင်က မတူ
သော လုပ်ဆောင်ခြင်းမျိုးနဲ့ ဆောင်ရွက်ပါက ပြည်သူများဟာလည်း အမြင်ထူးများ ရရှိပါလိမ့်မည်
မိမိသဘောရှိသည့် ဆန္ဒလျှောက်သာ
" မိမိအကြံ မိမိ ဘုန်းကံ "" ဖြင့်သာ အုပ်ချုပ်ပါမည်
ဟုပြောလိုက်ပါတယ်
မကြာမှီ နန်းရင်ပြင်ကို ရောက်ရှိချိန်ဝယ် မိမိတို့ကဲ့သို့ မင်းလောင်း အခွင့်အရေးအတွက် မြောက်များစွာသောလူများ ရောက်ရှိနေပေပြီ ---
သင့်လျှော်သော တနေရာမှာ သားအဖနှစ်ယောက် နေရာယူ လိုက်ကြပါတယ်
ထိုစဉ် ----
" ဗျိုင်း " တစ်ကောင်ဟာ
တောင်မှ မြောက် အရှေ့မှ အနောက်
ပျံသန်းနေပုံကို သူ့အပေါ်နား နိုး
ကိုယ့် အပေါ်နားနိုးနဲ့ မျှော်လင့်နေချိန်မှာတော့ ----
မမျှော်လင့်ဘဲ လယ်တောက လုလင်ငယ်အပေါ်မှာ " ဗျိုင်း " က လာနားပါတော့တယ် ---
မူးကြီးမတ်ရာတို့လည်း မိမိတို့ ယခင်ဆုံးဖြတ်ချက်အတိုင်း "" ဗျိုင်း ""နားသော လုလင်ငယ်အား ဘုရင် အဖြစ် တင်မြှောက် လိုက်ပါတယ် ---
လုလင်ငယ်ရဲ့ အတွေးမှာတော့ ----
ငါ့ ဘုန်းကံကြောင့် ဘုရင်ဖြစ်ချေပြီ
ယခင် မင်းအဆက်ဆက် အုပ်ချုပ်ခဲ့သောတရားစီရင် ဆုံးဖြတ်ချက်များကို ငါလက်မခံနိုင်
ငါ့ရဲ့ ဘုန်းကံဖြင့် အရာရာ အောင်မြင်စေရန် အတွက် စီမံခန့်ခွဲမည်ဟုတွေးလျှက် ----
မင်းကြီးမတ်ရာများ ---
ငါ့ ၏ ဘုန်းကံကြောင့် ဘုရင်ဖြစ်ချေပြီ
ဤတိုင်းပြည် ကိစ္စအဝဝကို ငါကိုယ်တော်မြတ်ကိုယ်တိုင် စီမံဆောင်ရွက်ပါက သင့်မြတ်ပါ၏လော """
"""သင့်မြတ်လှပါသည် အရှင်မင်းကြီး ""
""ကောင်းပေပြီ ---ငါ့၏ ထံပါးဝန်းရံ ခစား
နေသော ""ပညာရှိအမတ်ချုပ်ကြီး ""
မင်းမှုထမ်းသက် အဘယ်မျှရှိပြီလဲ သံတော်ဦးလျှေက်တင်တော်မူစမ်း """
"""မှန်ပါ -- ဘုရင် သုံးဆက်တိုင် မင်းမှုထမ်းပြီးကြောင်းပါ ဘုရား ""
"""အင်း -- ဒါဆိုရင် ကြာပေပြီ တကား ----
"" တံခါးစောင့် "" အား " ပညာရှိအမတ် ""
ချုပ် ကြီး နေရာ
""'ပညာရှိအမတ်ချုပ်ကြီး"" အား
""တံခါးစောင့်နေရာ ""
ပြောင်းလဲ တာဝန် ထမ်းဆောင်စေ ""
၄င်းနောက် ---
"" စစ်သေနာပတိ "က "" ထီးတော်မိုး ""
"" ထီးတော် မိုး " က "" စစ်သေနာပတိ ""
""'ဘဏ္ဍာရေး ဝန်ကြီး "" က "" ဆင်ထိမ်း""
"'ဆင်ထိမ်း "" က "" ဘဏ္ဍာရေးဝန်ကြီး ""
တာဝန်များ အသီးသီး ပြောင်းလဲ ထမ်းဆောင်စေ လို့ အမိန့်တော် ချမှတ်လိုက်ပါတယ် ။
၄င်းနောက် တိုင်းပြည်တွင်းမှာလဲ ---
""'တိုက် " ပေါ်က " တဲ" ပေါ်ရောက်
" တဲ " ပေါ်က " တိုက် "ပေါ်ရောက်
" သူဌေးကတော် " ဟာ
"" ဆင်းရဲသား မယား """
""" ဆင်းရဲသား မယား "" ဟာ
"" သူဌေးကတော် """"
ပြောင်းလဲ နေထိုင်ကြစေ -----
မူးမတ် အပေါင်းတို့မှလည်း
ဘုရင်ဟာ ထင်ရာမြင်ရာ ဆုံးဖြတ်ချက်များသည် မသင့်လျှော်မှန်း သိသော်လည်း အမျက်တော်ရှနိုင်သည့်အတွက်
မူးမတ်များမှာ မလျှောက်တင်ဝံ့ပေဘူး ===
ယခုအတိုင်းသာ ရှေ့ဆက်လက် စီမံဆောင်ရွက်သော်
များမကြာမှီ တိုင်းပြည် ပျက်ပေရော့မည်
ငါ့တို့လျှောက်တင်သော်လည်း အချည်းအနှီးသာ ဖြစ်ပေလိမ့်မည်
မတော်က မင်းပြစ်မင်းဒဏ်တောင် သင့်နိုင်ပေသည်
တစ်ခု ရှိသည်ကား ------
ဘုရင်မင်းမြတ် ၏ ဖခမည်းတော်
လယ်စောင့် " အဖိုးအို "အား အကျိုးအကြောင်းပြောပြီး အကူအညီတောင်းခံမှ သင့်ပေမည်ဟု တိုင်ပင်ဆွေးနွေးလျှက် လယ်စောင့် အဖိုးအိုအား ဖြစ်ကြောင်းကုန်စင်
ပြောပြလိုက်ပါတယ် ။
အဖိုးအိုမှ ----
မူးကြီးမတ်ရာများအနေဖြင့် တိုင်းပြည်အ
တွက် အကူအညီတောင်းခံခြင်းဟာ
မှန်ပေသော်လည်း ---
ဖခင် အရင်းဖြစ်တဲ့ အကျွန်ုပ်ကိုယ်တောင်
သား ဘုရင်ဖြစ်သော်လည်း သူ့ ဘုန်းကံကြောင့်ဖြစ်ချေသည်
အကျွန်ုပ်နဲ့မဆိုင် ဆိုတဲ့အတွေးနဲ့ နန်းတွင်းသို ခေါ်ယူစောင့်လျှောက်ခြင်းကား အလျှင်းမရှိ
မင်းစည်းစိမ် ရစ်မူးလို့ ငယ်စဉ် ဆင်းရဲသားဘဝကိုမေ့နေလေပြီ
သို့သော်လည်း တိုင်းပြည်အတွက်မို့
အကျွန်ုပ် ၏ သင့်လျှော်မှန်ကန်သော လျှောက်ထားမှုအား နားထောင်းရင်ကောင်းပေစွလို့
ဖခင်ဟာ နန်းတော်တွင်းသို့ မူမတ်များနဲ့အတူလိုက်ပါခဲ့ပါတယ် ----
ဘုရင်နှင့်တွေ့လေသော် ဖခင်မှ ---
သားတော် -----
ဖခင်ဟာ ကလေးအရွယ်ကအစ
ယခု ဘုရင်ဖြစ်သည့်အရွယ်အထိ ပြုစုစောင့်လျှောက်သောကျေးဇူးတရားအား
ထောက်ထားသောအားဖြင့်
ယခု " ဖခင် "ပြောမည့် စကားကို သေချာစွာစဉ်းစားပေးစေချင်ပါသည် -------
မိမိဘုန်းကံ နှင့် ရှေးရေစက် အကြောင်းတရားကြောင့် ဘုရင်ဖြစ်ခဲ့သည်မှာ မှန်သော်လည်း
ကိုယ့်ရဲ့လက်အောက်ငယ်သား မင်းမှုထမ်းနဲ့တကွ
တိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားကဲ့သို့ ကြောသား ရင်သား မခွဲခြားဘဲ တိုင်းပြည်ရှေ့ရေးကို အတွေ့အကြုံ ရင့်ကျက်သော မူးကြီးမတ်ရာ တို့နှင့် တိုင်ပင်ပြီး
စီမံဆောင်ရွက်သင့်ပါသည်
မိမိတစ်ဦးတည်း စီမံဆောင်ရွက်ရသည့် ကိစ္စရပ်များ ရှိသလို
အများ၏ အကြံဥာဏ်အားဖြင့်လည်း အကောင်အထည်ဖေါ်ဆောင်ရွက်ရသည်များလည်း ရှိပါ၏ ====
ယခုတော့ -----
အမောင်သားငယ်၏ လွဲမှားသော စီမံ အုပ်ချုပ်မှုများကြောင့် မူးမတ်များနှင့် တကွ
ပြည်သူပြည်သားများ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်နေသည့်အတွက် သတိပြုဆင်ချင်ပါလော့
ဖခင်၏ စကားအဆုံးမှာတော့ ဘုရင်ကြီးက
အို---- ဖခင် -----
သားတော်သည် ဤတိုင်းပြည်ကို
"" အကောက်ကြံသောနည်းဖြင့် ""
သိမ်းပိုက် ရယူထားသည်ကား မဟုတ် """
မင်းလောင်းတို့ ၏ စည်းမျဉ်း စည်းကမ်း
အတိုင်း ဘုန်းတံခိုး၏ အစွမ်းကြောင့်
ဘုရင်ဖြစ်ခဲ့ပေသည်
မလျှော်ကန်သော ဆောင်ရွက်မှုသည်ကား အလျှင်းမရှိချေ မိမိဆောင်ရွက်သော ယခု ကိစ္စသည်ကား မှားရွင်းခဲ့သည်ရှိသော်
မိမိမှာ သော်ကား အပြစ်မရှိ
တောင်သူ လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကြောင်း အမှုပြုခဲ့သောကြောင့်
တောင်သူအတွေးမျှသာလျှင် တွေးတတ်ပေလိမ့်မည်
မင်းကျင့်တရားနဲ့ညီစွာ အဘယ်သာလျှင်
အုပ်ချုပ်မှုစွမ်းရည် မပြည့်စုံနိုင်---
သားတော်ကိုသာလျှင် အပြစ်တင် မစောပါလေနှင့်
ဤတိုင်းပြည် အတွင်း၌ ရှိကြကုန်သော
မူးကြီးမတ်ရာ သေနာပတိကအစ ပြည်သူ
အဆုံး
သူတို့၏ ကံအကြောင်းတရား စီမံရာကိုသာ သူတို့ " ခံစား စံစား" ကြရပါမည်
မင်းကောင်း မင်းမြတ်နဲ့ ထိုက်တန်သော
ပြည်သူများဖြစ်ပါက ----
မင်းကျင့်တရားနဲ့ အညီ အုပ်ချုပ်မှုစွမ်းရည်ရှိသော ဖခင် ထံ၌သာ ဤ " ဗျိုင်းဟာ
နား "" ပေလိမ့်မည် ။
ယခုသော်မူကား ------
အဘယ့်ကြောင့်
စွမ်းရည် ပြည်မှီခြင်း မရှိသော သားတော်ထံတွင် လာနားရပါသနည်း
ထို့အတွက်ကြောင့် ------
ဤ ကဲ့သိုသော ဖြစ်စဉ်အရာရာတိုင်းသည်ကား သားတော်တွင် အပြစ်မရှိပေ -----
တိုင်းပြည်အတွင်းနေထိုင်ကြသော
မူးမတ်များနဲ့ တကွ တိုင်းပြည်သူ ပြည်သားများအားလုံး၏ ဘုရင်ဆိုသည်ကား
သူတို့နှင့်
"" တန်ရာဘဲ ရပါလိမ့်မည် ဖခင် """"
*** ကိုယ် တန်ရာဘဲ ရပါလိမ့်မည် ***
" ဘုရင် " စကားအဆုံးမှာတော့ " အဖိုးအို"
၏ စိတ်တွင်း၌လည်း
" ကိုယ်တန်ရာဘဲ ရပါလိမ့်မည် "
---------------------------------------
ဆိုတဲ့ စကားသံတွေဟာ ပဲ့တင်ထပ်လျှက်
မောင်ကာဠု

Comments
Post a Comment