တယူသန်နဲ့ မောက်မာ
တစ်နေ့ ကျွန်မစာအုပ်အဟောင်းဆိုင်တန်းဘက်တွေ လျှောက်မွှေရင်း Chinese Literature 1979ဆိုတဲ့ စာမျက်နှာ၁၂၃ မျက်နှာပါတဲ့ စာအုပ်အဟောင်းလေး တစ်အုပ်ကို ရခဲ့တယ်။ ဒီစာအုပ်လေးထဲမှာ တရုပ်ပြည်ရဲ့ ထင်ရှားတဲ့ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ပုံပြင်၊ ဒဏ္ဍာရီနဲ့ ၀တ္ထုတိုတွေ ပါ၀င်နေတယ်။ အဲ့ဒီအထဲက ကျွန်မဘလော့ဂ်နဲ့ သင့်တော်မယ့် အကြောင်းအရာလေး၃ပုဒ်ကို Fabelsဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရလိုက်တယ်။ အခု အောက်ဖော်ပြပါ ပို့စ်ကတော့ အဲ့ဒီ၃ပုဒ်ထဲက ပထမဦးဆုံးတစ်ပုဒ်ပါဘဲ။ ကျန်၂ပုဒ်ကိုလည်း အလျဉ်းသင့်သလို တင်ပေးသွားပါမယ် >
တခါတုန်းက တယူသန်နဲ့မောက်မာတို့ ကမ္ဘာကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ်တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါ၀င် တည်ရှိနေလို့ပါဘဲ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုတော့ သူတို့၂ယောက်က လုံး၀မသိကြပါဘူး.။ သူတို့၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ ထင်နေကြတာပါ။
တစ်နေ့မှာ တယူသန်နဲ့ မောက်မာဟာ တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိလိုက်လိ့ု တအံ့တသြဖြစ်သွားကြတယ် ( အမှန်က သူတို့ကသာ ၀င်တိုက်မိတယ်ထင်တာနော်။ တကယ်တော့ ခန္ဓာကိုယ်တစ်ခုထဲမှာ)။ အဲဒီ့လို ၀င်သာ၀င်တိုက်မိကြတာ တစ်ယောက်ကို တစ်ယောက်မမြင်မတွေ့နိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ တယူသန်မှာ မျက်လုံးဆိုလို့ လုံး၀မပါဘူး။ ဒါပေမယ့် မောက်မာမှာတော့ ဦးခေါင်းထိပ်တည့်တည့်မှာ မျက်လုံးတစ်လုံး ရှိနေတယ်။
မောက်မာက ပြောတယ်။ “ မင်းဘာကြောင် ငါ့ကို အလောသုံးဆယ်နဲ့ ၀င်တိုက်ရတာလည်း.. မင်းမှာ မျက်စိမပါဘူးလားကွ.. တော်တော် ရိုင်းတဲ့ကောင် ”.. လို့ဒေါကြီးမောကြီးနဲ့ ပြောလိုက်တယ်။
အဲ့ဒီတော့ တယူသန်က “ မပါပါဘူးဗျာ..မျက်လုံးဆိုတာ ဘာမှန်းတောင်မသိပါဘူး”..လို့ ခေါင်းကို ခါရမ်းပြီးပြောလိုက်တယ်။
ဒီတော့ မောက်မာက နှာခေါင်းကိုရှုံ့့လက်ပြီုး.. “အလို..မင်းမှာမျက်စိမရှိဘူး.. ဟုတ်လား?.. ဒါဆိုမင်း ကောင်းကင်ကြီးကို ဘယ်ကြည့်လို့ရမလဲ.. ကောင်းကင်ဆိုတာ ဘာမှန်းတောင် မင်းသိမယ့်ပုံမရပါဘူး..ငါကတော့ ငါ့ရဲ့တစ်ခုထဲသော မျက်လုံးနဲ့ ကောင်းကင်ကို မြင်နိုင်တယ် ကွ..။ ဒီစင်္ကြာ၀ဋ္ဌာကြီးမှာ ငါ့လို ကောင်းကင်ကို မြင်နိုင်တဲ့သူရှိမှာ မဟုတ်ဘူးကွ.. ငါဘာကိုဆိုလိုလည်း.. မင်းသိရဲ့လား ”..လို့ ပြောလိုက်တယ်။
တယူသန်ကတော့ “ မသိပါဘူးဗျာ.. သိလည်းမသိချင်ပါဘူး”..လို့ ခေါင်းကိုခါရမ်းပြီး ပြောပြန်တယ်။
ဒီတော့ မောက်မာက “ ငါသာလျှင် ဒီစင်္ကြာ၀ဌာကြီးမှာ အရှင်သခင်ကွ..ငါလိုလူ ငါတစ်ယောက်ထဲရှိတယ်ကွ”လို့ ပြောပြန် ရော။
တယူသန်ကတော့ထုံးစံအတိုင်း ခေါင်းကိုတွင်တွင်ခါလို့ “ ငါသိတာက.. စားမယ်.. အိပ်မယ်.. ငိုစရာရှိငိုမယ်..ဒါဘဲ.. မင်းရှိတာလည်း ငါအတွက် ဘာမှမထူးခြားဘူး” လို့ ပြောတယ်။
ဒီတော့ မောက်မာက နှာခေါင်းရှုံ့လိုက်ပြီး “ ဟင်း.. ဒီကောင် ဘယ်လိုလူစားမျိုးပါလိမ့် ” ဆိုရှုံ့ချလိုက်တယ်။
ဒီတော့ တယူသန်က “ ဟုတ်တယ်.. ဘုရားက ဖန်တီးပေးထားသလောက်ပဲ ငါယူထားတယ်.. ငါဘ၀ကို ငါကျေနပ်တယ် ” လို့ပြောလိုက်ရော မောက်မာက တယူသန်ကို “ ငနုံ.. ငနုံ.. မင်းဟာ ငနုံဘဲ ” ဆိုပြီး မြေပြင်ကို စိတ်တိုတိုနဲ့ ဆွဲလဲပစ်လိုက် တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေကြပါရော။ အတော်ကြာအောင်သူတို့ နပန်းလုံးကြတယ်။ ဘယ်သူ့ ဘယ်သူမှမနိုင်ပါဘူး။ နပန်းလုံးလို့ အားလည်းအားရသွားရော မောက်မာက စိတ်လျှော့လိုက်ပြီး “ အင်း.. ငါက.. ငါနဲ့ ကောင်းကင်ကြီးရယ်သာ ဒီစင်္ကြာ၀ဋ္ဌာကြီးထဲမှာ ရှိတယ်ထင်နေတာ.. ခုတော့ ဒီငနုံတစ်ကောင်ပါရှိနေတာ ငါလက်ခံ ရတော့မှာပေါ့” ဆိုပြီး တယူသန်ကို အသိအမှတ် ပြုလိုက်ရတော့တယ်။
အဲ့ဒီအချိန်ကစပြီး တယူသန်နဲ့မောက်မာကို အမြဲအတူ ယှဉ်တွဲတွေ့နေရတော့တယ်။ သူတို့နှစ်ယောက်ဟာ ခွဲခွာလို့ မရအောင် ဘယ်သွားသွား ဘယ်လာလာ အတူတူ ဖြစ်နေကြတော့တယ်။
ဒါကြောင့် တစ်ယူသန်စိတ်ရှိလာရင် မောက်မာလာတာနဲ့အမျှ မောက်မာလာရင်လည်း လူတွေဟာ ငါဘဲမှန်တယ်.. ငါ…ဆိုတဲ့ တစ်ယူသန်စိတ်တွေ ရှိလာတတ်ကြတာပါ။ ဒီစိတ်နှစ်ခုဟာ ခွဲခြားလို့ကို မရတော့ပါဘူး။
~~~~~~~~~~~~~~~~~@@~~~~~~~~~~~~~~~~
မြသွေးနီ
Comments
Post a Comment