နွားနို့သည်လုံမပျို

နွားနို့သည်လုံမပျို
နွားနို့သည်လုံမလေး အေးမြဟာ နို့ပုံးကိုခေါင်းမှာ ရွက်ပြီး စျေးဆီသွားသတဲ့ . . သူလျှောက်နေရင်း နို့ရောင်းချပြီး ရလာတဲ့ငွေကို ဘာလုပ်ရကောင်းမလဲလို့ တွက်ချက်နေသတဲ့. . .
"လယ်သမား ဦးညိုခင်ဆီက ကြက်တွေ၀ယ်မယ်၊ ကြက်တွေဟာ နံနက်တိုင်းဥတွေ ဥလိမ့်မယ်. . . ဒီဥတွေကို ဦးသူတော်ရဲ့ ဇနီးဆီမှာ ရောင်းလိုက်မှာပေါ့ . . . ကြက်ဥရောင်းရတဲ့ငွေကို ငါ၀တ်ဖို့ ရင်ဖုံးအင်္ကျီထူထူ တစ်ခုရယ်၊ မြက်ဦးထုပ် တစ်ခုရယ်၀ယ်မယ် . . . . "
"ငါစျေးကိုသွားတဲ့အခါမှာ ငနဲတွေ ငါ့ဆီလာပြီး မပြောမဆိုဘဲနေမှာ မဟုတ်ဘူး . . ညိုပြာဟာ အတော့ကို မနာလိုဖြစ်နေမှာပဲ. . . . ဒါပေမယ့် သင်းကို ငါဂရုမစိုက်ဘူး ကောင်မကို ငါလှည့်ကြည့်ပြီး ဟောဒီလို ခေါင်းမော့ပြလိုက်မှာပေါ. . . "
သူဟာ ပြောရင်းဦးခေါင်းကို မော့လိုက်တဲ့အခါမှာ နို့ပုံးဟာခေါင်းပေါ်က ကျသွားပြီး နို့တွေအားလုံး ဖိတ်ကုန်သတဲ့ . . ဒါနဲ့ သူအ်ိမ်ပြန်ဖို့ပဲ ရှိတော့တယ်. . . မိခင်ကို ဖြစ်ပျက်ပုံ ကို ပြောပြတဲ့အခါ အို. . . ဖြစ်ရလေ သမီးရယ် ဆိုပြီး သူ့မိခင်က ဒီလိုပြောသတဲ့ . . . .
" ဥမပေါက်ခင် ကြက်ကလေးများကို မရေတွက်ပါနှင့် "
အီစွတ်ပုံပြင်များ
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

Comments

Popular posts from this blog

စေတနာကောင်းလွန်းလို့ ဒါနဖြစ်တယ်

အဖိုးတန်လှပတဲ့ ပုလဲ

ခြင်းတောင်းထဲက ကြက်