ဖား(၆)ကောင် ပုံပြင်
ဖား(၆)ကောင် ပုံပြင်
–-------------
တစ်ခါတုန်းက နံနက်စောစောအချိန်မှာ ဖား(၆)ကောင် အစာရှာထွက်လာကြတယ်။
အစာရှာကြရင်း မထင်မှတ်ဘဲ ရေတွင်းပျက်တစ်ခုထဲကို ဖား(၆)ကောင်စလုံး ပြုတ်ကျ
သွားတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရေတွင်းထဲမှာ ရေတွေရှိနေသေးတော့
ဖားတွေ သေကံ မရောက် အသက် မပျောက်ကြရဘူး။ ဖား(၆)ကောင်လည်း အကူအညီ
ရလို ရငြား “ ကယ်ပါ ယူပါ ” တစ်စာစာအော်နေကြတော့ ရေတွင်းထဲမှာ ဖားသံတွေနဲ့
ဆူညံ့နေတာပေါ့။ ဒီလိုနဲ့ အော်ရတာ မောတဲ့အခါ အော်သံတွေ ရပ်ရင်း တိတ်ဆိတ်ငြိမ်
သက်သွားကြတယ်။
ဘာသံမှ မကြားဘဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ ပထမဖားဆီက အသံထွက်
လာတယ်။ “ ငါတို့တော့ ဒီတွင်းထဲက လွတ်မှာ မဟုတ်ပါဘူး ကယ်မယ့်သူလည်း မရှိ
ဘ၀ကတော့ ဆုံးပါပြီ ” ညည်းတွားရင်း စိတ်ပျက်လက်ပျက် ငိုကြွေးနေတယ်။
ဒုတိယဖားကတော့ ငိုနေတဲ့ ပထမဖားကို “ ငိုမနေပါနဲ့ကွာ ဘ၀ဆိုတာ နေတတ်ရင်
ကျေနပ်စရာကွ၊ ငိုမနေနဲ့ ရောက်ရာအရပ်မှာ ပျော်ပျော်နေ အချိန်တန်ရင် ဒီနေရာက
လွတ်မှာပါကွ ငိုမနေနဲ့ ” နှစ်သိမ့်ရင်း သီချင်းတွေကို ပျော်ရွှင်စွာဆိုနေတယ်။
တတိယဖားကတော့ မိုးနတ်မင်းကို တိုင်တည်ရင်းဆုတောင်းနေတယ်။ “ မိုးနတ်မင်းကြီး
ကယ်ပါ မိုးရွာချပေးပါ မိုးရွာမှ ရေတွင်းထဲရေတွေပြည့်ပြီး ကျွန်တော်မျိုးတို့လွတ်မြောက်
ခွင့်ရမှာဖြစ်ပါတယ် ကျွန်တော်မျိုးတို့ လွတ်မြောက်တဲ့အခါ မိုးနတ်မင်းကြီးကို အရင်က
ထက် တိုးပြီး ပူဇော်ပသပါမယ် ” တတွက်တွက်နဲ့ တိုင်တယ်ဆုတောင်းနေတယ်။
စတုတ္ထဖားကတော့ အပြစ်တွေပဲ တင်နေတယ်။ “ ဒီနေ့ အစာရှာ ထွက်မလာခဲ့ရင်
ကောင်းသား၊ ဒီကောင်တွေနဲ့ လိုက်လာမိတာ ငါ့အမှား၊ ဘုရားသခင်ကလည်း ငါတို့
ဖားတွေကို အတောင်ပံတွေ ဖန်ဆင်းပေးထားရမှာ ဒါမှ ငါတို့ဖားတွေ ဘယ်နေရာသွား
သွား အဆင်ပြေမှာပေါ့ ” တလောကလုံးကို အပြစ်တွေချည်း တင်နေတယ်။
ပဉ္စမဖားကတော့ ငြိမ်သက်စွာ စဉ်းစားနေတယ်။ “ အပေါ်ကို တွယ်တတ်ရင်ကောင်း
မလား၊ တွယ်တက်လို့လည်း ငါ့အစွမ်းနဲ့ ရောက်နိုင်မလား၊ တွယ်တက်လို့ ပြုတ်ကျရင်
ဟိုဖားတွေ ငါ့ကို လှောင်ရီကြမှာပဲ၊ တွယ်တက်လို့ မအောင်မြင်ဘဲ နံရံနဲ့ရိုက်မိရင် သေ
သွားနိုင်တယ်၊ ဒီအတိုင်း ကယ်မယ့်သူကို စောင့်မျှော်နေရင် ကောင်းမလား ” စဉ်းစား
နေတယ်။
ဒီလိုနဲ့ ဖား(၅)ကောင်ဟာ ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်း
စဉ်းစားတဲ့ဖားကစဉ်းစာရင်း သူတို့အားလုံးရဲ့အဖော် ဆဌမမြောက်ဖားကို သတိရလို့ ကြည့်
တဲ့အခါ ရေတွင်းထဲမှာ မရှိဘဲ ပျောက်နေတာကို သတိထားမိကြတယ်။ ဘယ်ရောက်သွား
ပါလိမ့် အားလုံးဝုိင်းရှာကြတဲ့အခါ မက်ဆောက်လှတဲ့ ရေတွင်းပျက်နံရံရဲ့ ခပ်မြင့်မြင့်တစ်နေ
ရာမှာ ရှိတဲ့ ကျောက်စွန်း တစ်ခုပေါ်ကို ကြိုးစားတက်ရင်း အပေါ်ကိုလည်း မရောက် အောက်
ကိုလည်း မကျဘဲ တန်းလန်းဖြစ်နေတဲ့ ဆဌမမြောက်ဖားကို တွေ့လိုက်ရတယ်။
“ ဟာ ဒီကောင်တော့ ပြုတ်ကျ သေတော့မှာပဲ ”
“ ဟေ့ ပြန်ဆင်းခဲ့ကွ မင်း မတက်နိုင်ဘူး မဖြစ်နိုင်တာတွေ မလုပ်နဲ့ ”
“ ဒီကောင် ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ် သူ့ကိုယ်သူ သူရဲကောင်းများ ထင်နေလား
မသိဘူး ”
“ အရူးကောင် ပြုတ်ကျတော့မယ် ဟား ဟား ဟား ”
“ သူ့ဘာသာ ပြုတ်ကျတာ အရေးမကြီးဘူး ငါ့ အပေါ် ပြုတ်ကျရင် ငါပါ သေနေဦးမယ်
လွတ်ရာ ရှောင်နေမှ ”
ဝေဖန်သံတွေ အမျိုးမျိုးပေးနေပေမယ့် ဆဌမမြောက်ဖားကတော့ တွယ်တက်ဆဲ ကျောက်
်စွန်းပေါ်ကို ရှိသမျှ အားတွေကိုသုံးရင်း အမိအရတက်လိုက်ပြီး ကျောက်စွန်းပေါ်မှာ အမော
ဖြေနေလိုက်တယ်။
အောက်က ဖား(၅)ကောင်လည်း ပါးစပ်ညောင်းတဲ့အခါ ပြစ်တင်ဝေဖန်သံတွေ တိတ်ဆိတ်
သွားသလို ဆဌမမြောက်ဖားကိုလည်း ဂရုတစိုက်နဲ့မကြည့်ဖြစ်တော့ပဲ သူတို့လုပ်နေကြပုံစံ
တွေအတိုင်း ငိုတဲ့ဖားကငို သီချင်းဆိုတဲ့ဖားကဆို ဆုတောင်းတဲ့ဖားကတောင်း စဉ်းစားတဲ့
ဖားကစဉ်းစား ပြန်လုပ်ရင်း ဆဌမမြောက်ဖား ဆက်တက်နေလား အပေါ်ရောက်လား
ပြုတ်ကျလာမလား သတိမထားမိကြတော့ဘူး။
ဒီလိုနဲ့ အချိန်တွေ ကုန်လာရင်း ညနေ့ နေ၀င်ချိန်ရောက်လာပါတော့တယ်။ ရေတွင်းထဲမှာ
အလင်းရောင် နည်းလာသလို ကယ်မယ့်သူများ ပေါ်လာလေမလား မျှော်လင့်ချက်နဲ့
ရေတွင်း အ၀ဆီ မှန်းမျှော်ကြည့်ရင်း “ ကယ်ပါ ယူပါ ” ဖားတွေ အော်ဟစ် အကူအညီ
တောင်းကြပြန်တယ်။
အဲဒီလို အော်သံတွေနဲ့ရေတွင်းထဲမှာ ဆူညံနေတုန်း ရေတွင်းထဲကို မြွေကြီးတစ်ကောင် ဆင်း
လာပါတော့တယ်။ အော်နေတဲ့ ဖားတွေလည်း အသံတိတ်သွားသလို ဒီတစ်ခါတော့ သူတို့ဘ၀
လမ်းဆုံးသွားပြီ ဖြစ်ကြောင်း မျှော်လင့်ချက်မဲ့စွာ ဆောက်တည်ရာမရ ဖြစ်သွားပါတော့တယ်။
မြွေကြီးလည်း တစ်ဖြည်းဖြည်းနီးကပ်လာသလို ဖားတွေလည်း သေခြင်းတရားကို မငြင်းဆန်
လိုတော့ဘဲ မျက်လုံးတွေကို မှိတ်ချလိုက်ပါတော့တယ်။
“ ဟေ့ သူငယ်ချင်းတို့ ငါချလိုက်တဲ့ နွယ်ကြိုးမှီရဲ့လား မှီရင် မြန်မြန်တက်လာကြ ဟေ့
မှောင်တော့မယ် ”
အထက်ပါ အသံကို ကြားတော့ ရေတွင်းထဲက ဖားတွေလည်း အံသြ၀မ်းသာမှုတွေနဲ့
မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူတို့ထင်ထားတဲ့ မြွေက သူတို့ရဲ့သူငယ်ချင်း ဆဌမ
မြောက်ဖား ချပေးတဲ့ နွယ်ကြိုးဖြစ်နေတာကို တွေ့လိုက်ရပါတော့တယ်။
ဖားတွေလည်း ၀မ်းသာ ပျော်ရွှင်သွားကြရင်း နွယ်ကြိုးကို တွယ်တက်ကာ ရေတွင်းထဲမှ
လွတ်မြောက် သွားကြတယ်။ သူတို့အားလုံးကို ကယ်တဲ့ ဆဌမမြောက်ဖားကို ကျေးဇူးတင်
စကားတွေ ပြောလို့ မ၀သလို ဆဌမမြောက်ဖားရဲ့ ဇွဲ လုံ့လ ဝီရိယနဲ့ ကြိုးစား အားထုတ်မှု
တွေကိုလည်း ချီးကျူး ဂုဏ်ပြုစကား ပြောဆိုကြရင်း သီချင်းများ သံပြိုင်သီဆိုကာ ပျော်ရွှင်စွာ
အိမ်သို့ ပြန်သွားကြပါတော့တယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။
သင့်ရဲ့ဘ၀မှာ အခက်အခဲပြသနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ ...
ပထမ ဖားလို ...
စိတ်ဓာတ်ကျလွယ် ဘ၀ကို အရှုံးပေးလွယ်တဲ့သူ မဖြစ်ပါစေနဲ့။
ဒုတိယ ဖားလို ...
ဘ၀ကို ရေစုန်မျောသလို ဘ၀ကို အလေးအနက်မရှိ မဖြစ်ပါစေနဲ့။
တတိယ ဖားလို ...
ကိုယ်ရဲ့အစွမ်းအစကို မထုတ်ဖော်ဘဲ သူတစ်ပါးအပေါ် မှီခိုသူ မဖြစ်ပါစေနဲ့။
စတုတ္ထ ဖားလို ...
ကြိုးစားလိုစိတ်မရှိ အဆိုးမြင်စိတ်တွေနဲ့ အပြစ်မြင်သူ မဖြစ်ပါစေနဲ့။
ပဉ္စမ ဖားလို ...
မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ တွေဝေသူ မဖြစ်ပါစေနဲ့။
ဘ၀မှာ အောင်မြင်ချင်ရင် ...
ဆဌမ ဖားလို ...
ကျောက်စွန်းမှ ပြုတ်ကျတော့မယ့် အနေအထားလို ကြိုးစားရမယ်။ အောက်ပြုတ်
ကျရင် သေမယ်၊ အသေခံမလား အောင်မြင်သူ အဖြစ်ရပ်တည်မလား။ အင်္ကျီမှာ
မီးဆွဲလောင်တဲ့အခါ ချက်ခြင်းငြိမ်းသတ်ဖို့ အားသွန် ခွန်စိုက် ကြိုးစားသလိုမျိုး
နေ့ရက်တိုင်းမှာ ကြိုးစားမှုတိုင်းမှာ ဇွဲ လုံ့လ ဝီရိယအပြည့်နဲ့ အားသွန်ခွန်စိုက် ကြိုးစား
အားထုတ်မှု ရှိရမယ်။ ဘယ်သူတွေ ဘာပဲပြောနေနေ ဘယ်သူတွေ ဘယ်လိုပဲ
ဝေဖန်မှုတွေ ဘယ်လောက်ပဲရှိနေနေ ယုံကြည်ရာ လမ်းကို စိတ်ဓာတ်ခိုင်မာစွာ
အောင်မြင်အောင် အရောက်လှမ်းရမယ်။
မိမိကိုယ်ကိုမြင် အားနည်းချက်တွေပြင်ရင်း ဘ၀မှာ အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ။
မျိုး၀ဏ္ဏ(စာပေဥယျာဉ်)
စာပေဥယျာဉ် ဖေ့စ်ဘုတ်မှ ကူးယူ

Comments
Post a Comment